မြစ်ဆုံဟာ လုံးဝ မလုပ်သင့်တဲ့အကြောင်း သတ္တုတွင်း ပညာရှင်တဦး၏ သုံးသပ်ချက်…
(၁) ဘူမိဗေဒ အချက်အလက်များအရ မြစ်ဆုံလုပ်မဲ့နေရာနဲ့မလှမ်းမကမ်း မိုင် (၅၀) ဝန်းကျင်မှာ မြန်မာနိုင်ငံကို မြောက်ကနေတောင်အထိ ဖြတ်သွားတဲ့ ကမ္ဘာမြေ အက်ကြောင်းကြီးရှိတယ်။ အဲဒီအက်ကြောင်းကြီးက ငြိမ်မနေဘူး အခုအထိ ရွေ့ဆဲ(အသက်ရှိဆဲ) ဖြစ်တယ်။
(၂) Hydrostatic Pressure သဘောအရ တည်ငြိမ်နေတဲ့ရေ (၁) ကုဗမီတာဟာ အလေးချိန်အားဖြင့် တစ်တန်လေးတယ်။ မြစ်ဆုံ ဆည်တည်ဆောက်ပြီး ရေလှောင်မည့် ဧရိယာဟာ မျက်စိထဲမြင်သာအောင်ပြောရရင် စင်္ကာပူနိုင်ငံထက်ကျယ်မယ်။ အဲဒီဧရိယာမှာ လှောင်မဲ့ရေဟာ ကုဗမီတာ သန်းပေါင်း တစ်သိန်းကျော်လောက်ရှိမယ်လို့သိရတယ်။ အဲဒါဆိုရင် ရေအပြည့်လှောင်ပြီးချိန်မှာ အဲဒီနေရာရှိမြေကြီးပေါ်ကို အလေးချိန်တန်ပေါင်း သန်းပေါင်း တစ်သိန်းလောက် တင်ပေးလိုက်တဲ့သဘောဖြစ်သွားမယ်။
(၃) နဂိုကမှ ကမ္ဘာမြေအက်ကြောင်းဖြစ်ပြီး မြေရွေရှားမှု ရှိနေဆဲ မြေကြီးအပေါ်ကို အလွန်အမင်း များပြားတဲ့ အလေးချိန်နဲ့ ဖိလိုက်ရင် အဲဒီမြေကြီးဟာ ရွေ့ မှာအသေအချာပဲ။
(၄) ကမ္ဘာမြေကြီးရုတ်တရက်ရွေတာကို ငလျင်လှုပ်တာလို့ ခေါ်လေ့ရှိတယ်။ ဒီနေရာက လှုပ်မဲ့ ငလျှင်ဟာ ပြင်းအား ခပ်ပျော့ပျော့လာမှာ မဟုတ်ဘူး။
(၅) ငလျှင်ကြောင့် ဆည်ကြီးကျိုးရင် ကျလာမဲ့ ရေအားဟာ မြစ်ကြီးနားလိုမြို့မျိုးကို မိနစ်ပိုင်းအတွင်း ပျောက်သွားစေမှာ ။ ကုန်းတွင်း ဆူနာမီကိုခံစားရမယ်။ ဒါတင်မကဘူး မြစ်ကြောင်းတစ်လျှောက်မှာ ရှိတဲ့ မြို့ရွာအားလုံးမှာ ရေကြီးရေလျှံ ဒုက္ခတွေမယ်။ ကုန်းတွင်းဆူနာမီဖြစ်လာမယ်။ ပြီးခဲ့တဲ့နှစ်က ဆွာချောင်းရေလှောင်တမံ ပိစိလေးကျိုးတာတောင် ပြည်သူတွေ ဘယ်လောက်ဒုက္ခတွေခဲ့လဲ အမြင်ပဲ။
(၆) မြစ်ဆုံဆည် လုပ်ဖြစ်ရင် အုပ်ချုပ်မှု အပါအဝင် စက်လည်ပတ်မှုအဆုံး သူတို့ယူထားမှာ မြန်မာ ကဝင်စွက်လို့ မရနိုင်ဘူး။
မြန်မာပြည်ရဲ့ထိပ်ဆုံး အမြင့်ဆုံးနေရာက အတိုင်းအဆမရှိ ကြီးမားတဲ့ ရေလှောင်တမံ(ဆည်)ကြီးရဲ့ ထိန်းချုပ်မှု အဝဝဟာ ကိုယ်မြန်မာလက်ထဲမှာမရှိပဲ သူတို့လက်ထဲမှာ ရှိတာဟာ မြန်မာနိုင်ငံကို အချိန်မရွေးဒုက္ခပေး နှိုင်တဲ့ ချိန်ကိုက် ဗုံးကြိုးကို အပ်နှင်းထားသလိုပဲ။ ကျားသနားမှ နွားချမ်းသာယာရမဲ့ကိန်းပါ။ ဒါဟာစစ်ရေးအမြင်အရကြည့်ကို ကြည့်ရမဲ့ကိစ္စပါ။ မီးရဖို့ ကိစ္စလေး တစ်ခုတည်း ကြည့်လို့မရပါ။
(၇) မူလစာချုပ်ကို အသေးစိပ်မသိရပေမဲ့ လျှပ်စစ် ခွဲဝေမှု အချိုးဟာ ကြားနေရသလို (၉၀:၁၀) ဆိုရင် ကိုယ်နိုင်ငံရဲ့ ဂေဟ စနစ်တွေ အပျက်အစီးခံပြီး သူများနိုင်ငံ ကိုအလုပ်အကျွေးပြုသလိုဖြစ်မနေဘူးလား။ ရွှေလီမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ အမှားဆိုတာ မထပ်သင်ပါဘူး။အမှားထပ်ရင်ညံ့လို့ပါ။
(၈) မရပ်ဆိုင်းမီက အလုပ်တွေအတွက် ကုန်ကျစရိတ်တွေ ရှိတယ်ပြောကြတယ်။ ဆည်ဆောက်ဖို့ ကုန်ကျစရိတ်လား၊ ဒါမှမဟုတ် ဆည်ပြီးလို့ ထွက်လာမဲ့ လျှပ်စစ်ကိုရယူဖို့ သွယ်တန်းမဲ့ မီးလိုင်းပြင်ဆင်မှုတွေ အတွက်လား။ အဲဒါတွေ အတွက် မြန်မာက ကျခံရမယ်ဆိုရင်တရားသလား၊။
(၉) တွေးစရာမေးစရာတွေကတော့ အများကြီးပါ။
(၁၀) သစ်တောသစ်ပင်တွေသာဖုံးလွှမ်းနေတဲ့ ဧရိယာမှာ စင်္ကာပူနိုင်ငံလောက် ကျယ်ဝန်းတဲ့ ရေပြင်ကြီးဖြစ်ပေါ်လာရင် အဲဒီဒေသ နဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့မူလ ရာသီဥတုဟာ အကြီးအကျယ် ပြောင်းလဲသွားမှာကော ထည့်တွက်ပြီးကြပြီလား။ အလွန်ဆိုးရွာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
(၁၁)နောက်ဆုံးတစ်ချက်ကဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေကျင်လို့ရတယ်။ မြစ်ဆုံအထက်မှာပိုရတယ်။ အခုလည်း မြစ်ဆုံပတ်ဝန်းကျင်မှာရနေတယ်။ ဘယ်ကလာလဲ။ မြစ်ဆုံအထက် မြေကြီးတွေကနေ မိုးရေ ချောင်းရေ မြစ်ရေစီးတွေ ကြောင့် ပါလာပြီးရနေတာ။
ဆည်လုပ်ပြီးရင် ရွှေရှိတဲ့မြေကြီးတွေ ရေအောက်ရောက်သွားမယ်။ ဆည်အထက်က ရွှေရှိတဲ့ မြေတွေကလည်း ရေစီးနဲ့ အတူ ဆည်ထဲရောက်သွားလို ဘယ်သူမှမရပဲ ပျောက်သွားမယ်။ သဘာဝအလျှောက် ရလာတဲ့ သယံဇာတတွေ ဆုံးရှုံး သွားမယ်။
အားလုံကို ပြန်ချုပ်လိုက်ရင်တော့ ကျွန်တော်တစ်ဦးတည်းရဲ့ သဘောထားကတော့ မြစ်ဆုံ ဆည်ဟာ လုံးဝ (လုံးဝ) မလုပ်သင့်တာပါ။ မြစ်ဆုံမလုပ်လို့ ကျွန်တော်တို့ နိုင်ငံ လျှပ်စစ် မရစရာ အကြောင်း မရှိပါဘူး ။ တခြားနေရာ၊ တခြားနည်း တွေနဲ့ လျှပ်စစ်ရအောင် လုပ်ပြီး နိုင်ငံတည်ဆောက်လို့ ရပါတယ်။
မြစ်ဆုံမှမလုပ်ရင် မြန်မာပြည် လျှပ်စစ်ဓါတ်အား ရစရာမရှိဘူး လုပ်မှဖြစ်ကို ဖြစ်မှာဆိုရင်တောင် စွန့်စားရမှာပါ။ ဒါပေမဲ့ အဲဒီလို မိုက်မိုက်ကန်းကန်း စွန့်စားဖို့မလိုပဲ ကျွန်တော်တိုနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ရအောင်လုပ်နိုင်တဲ့ အခြေအနေတွေ အများကြီး (အများကြီး) ရှိတဲ့အတွက် မြစ်ဆုံ မလုပ်သင့်ကြောင်းပါ။
ထွန်းထွန်း (သတ္တုတွင်း)
========================