ကမ္ဘာကျော် Lamborghini ကားကုမ္ပဏီက SVJ Xago Roadster 2021 Edition ကိုထုတ်လုပ်လိုက်ပါတယ်။ အဆိုပါ Limited Edition ကားကို တစ်ကမ္ဘာလုံးအတွက် ဆယ်စီးသာထုတ်လုပ်မှာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကိုတော့ Ad Personam studio မှာ ရေးဆွဲထားတာဖြစ်ပါတယ်။ Ad Personam studio ကို ၂၀၂၀ ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့ပြီး Customer တွေစိတ်တိုင်းကျ ကားဒီဇိုင်းရေးဆွဲပေးတဲ့ Lamborghini ကုမ္ပဏီခွဲ ဖြစ်ပါတယ်။ ကားရဲ့အရောင်က ငွေရောင်ဖြစ်ပြီး အရောင်ပြေး ဆဌဂံအကွက်တွေနဲ့ ပုံဖော်ထားပါတယ်။ အတွင်းဒီဇိုင်းမှာလည်း အရောင်ပြေး ဆဌဂံကွက်တွေပါဝင်ပါတယ်။
Lamborghini အနေနဲ့ SVJ Edition ကို အစီး ၈၀၀ ထုတ်လုပ်ထားပြီး model သစ် xago မှာတော့ ၁၀ စီးသာ ထုတ်လုပ်မှာဖြစ်ပါတယ်။ ကားရဲ့ နံပါတ်ပြားဒီဇိုင်းကို ဆယ်စီးအတွက် ဆယ်မျိုးပြုလုပ်ပေးထားပါတယ်။ အင်ဂျင်ပါဝါကတော့ 759-hp 6.5-liter V-12 ပါရှိပါတယ်။
အင်ဂျင်ပါဝါအားကောင်းလို့ တစ်နာရီကို ၂၁၇ မိုင်မောင်းနှင်နိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ မြန်မာငွေ သိန်း ၈၀၀၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ Order တွေမှာလို့ရနေပါပြီ။
Ref – Lamborghini Xago
==========================
ကမ္ဘာကျော် Lamborghini ကားကုမ္ပဏီက SVJ Xago Roadster 2021 Edition ကိုထုတ်လုပ်လိုက်ပါတယ်။ အဆိုပါ Limited Edition ကားကို တစ်ကမ္ဘာလုံးအတွက် ဆယ်စီးသာထုတ်လုပ်မှာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကိုတော့ Ad Personam studio မှာ ရေးဆွဲထားတာဖြစ်ပါတယ်။ Ad Personam studio ကို ၂၀၂၀ ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့ပြီး Customer တွေစိတ်တိုင်းကျ ကားဒီဇိုင်းရေးဆွဲပေးတဲ့ Lamborghini ကုမ္ပဏီခွဲ ဖြစ်ပါတယ်။ ကားရဲ့အရောင်က ငွေရောင်ဖြစ်ပြီး အရောင်ပြေး ဆဌဂံအကွက်တွေနဲ့ ပုံဖော်ထားပါတယ်။ အတွင်းဒီဇိုင်းမှာလည်း အရောင်ပြေး ဆဌဂံကွက်တွေပါဝင်ပါတယ်။
Lamborghini အနေနဲ့ SVJ Edition ကို အစီး ၈၀၀ ထုတ်လုပ်ထားပြီး model သစ် xago မှာတော့ ၁၀ စီးသာ ထုတ်လုပ်မှာဖြစ်ပါတယ်။ ကားရဲ့ နံပါတ်ပြားဒီဇိုင်းကို ဆယ်စီးအတွက် ဆယ်မျိုးပြုလုပ်ပေးထားပါတယ်။ အင်ဂျင်ပါဝါကတော့ 759-hp 6.5-liter V-12 ပါရှိပါတယ်။
အင်ဂျင်ပါဝါအားကောင်းလို့ တစ်နာရီကို ၂၁၇ မိုင်မောင်းနှင်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ မြန်မာငွေ သိန်း ၈၀၀၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ Order တွေမှာလို့ရနေပါပြီ။
Ref – Lamborghini Xago