Myanmar Media 7 အနုပညာရှင်မောင်နှများနဲ့အတူတူ ကုသိုလ်ပြုခဲ့တဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းသလို အနုပညာပါရမီလည်း အပြည့်ရှိတာကြောင့် ဆယ်စုနှစ်တစ်စုကျော် အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကိုပဲ ဇောက် ချလုပ်ကိုင်လာရာ အခုလက်ရှိ အသက်သုံးဆယ်ကျော်အရွယ်ထိ အောင်မြင်မှုတွေ တဖွဲဖွဲရရှိနေဆဲ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေပြီး အချစ်ရေး အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ဘာမှပြောပြထားခြင်းမရှိသေးတာကို တွေ့ရပါတယ်။

အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ ကုသိုလ်ရေးကိုလည်း အချိန်ပေးလုပ်ဆောင်တတ်တဲ့ ဝတ်မှုံရွှေရည်က တရားစခန်းလည်း မကြာခဏဝင်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

ဇူလိုင်လ (၂၇) ရက်နေ့မှာလည်း ဝတ်မှုံရွှေရည်ဟာ Myanmar Media 7 မှ အနုပညာရှင်မောင်နှများနဲ့အတူတူ သစ်တံခါးဆရာတော်ကြီးကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့တဲ့ သတင်းကို အခုလိုပဲ ကြားရပါတယ်။

မင်္ဂလာရှိတဲ့ အလှူအတန်းတွေ မပြတ်ပြုလုပ်တတ်တဲ့ ဝတ်မှုံရွှေရည်တို့အဖွဲ့ရဲ့ အလှူကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြဖို့ မမေ့ပါနဲနေ်ာ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Unicode

Myanmar Media 7 အနုပညာရှင်မောင်နှများနဲ့အတူတူ ကုသိုလ်ပြုခဲ့တဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းသလို အနုပညာပါရမီလည်း အပြည့်ရှိတာကြောင့် ဆယ်စုနှစ်တစ်စုကျော် အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကိုပဲ ဇောက် ချလုပ်ကိုင်လာရာ အခုလက်ရှိ အသက်သုံးဆယ်ကျော်အရွယ်ထိ အောင်မြင်မှုတွေ တဖွဲဖွဲရရှိနေဆဲ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေပြီး အချစ်ရေး အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ဘာမှပြောပြထားခြင်းမရှိသေးတာကို တွေ့ရပါတယ်။

အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ ကုသိုလ်ရေးကိုလည်း အချိန်ပေးလုပ်ဆောင်တတ်တဲ့ ဝတ်မှုံရွှေရည်က တရားစခန်းလည်း မကြာခဏဝင်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

ဇူလိုင်လ (၂၇) ရက်နေ့မှာလည်း ဝတ်မှုံရွှေရည်ဟာ Myanmar Media 7 မှ အနုပညာရှင်မောင်နှများနဲ့အတူတူ သစ်တံခါးဆရာတော်ကြီးကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့တဲ့ သတင်းကို အခုလိုပဲ ကြားရပါတယ်။

မင်္ဂလာရှိတဲ့ အလှူအတန်းတွေ မပြတ်ပြုလုပ်တတ်တဲ့ ဝတ်မှုံရွှေရည်တို့အဖွဲ့ရဲ့ အလှူကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြဖို့ မမေ့ပါနဲနေ်ာ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top