တစ်ခေတ်တစ်ခါကနေယနေ့အချိန်အထိပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားကြီးဦးကျော်သူကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့ယခုနောက်ပိုင်းမှာသူချစ်တဲ့အနုပညာအလုပ်တွေနဲ့အတူ ရန်ကုန်နာရေးကူညီမှုအသင်းကြီးမှာဥက္ကဌတစ်ယောက်အနေနဲ့ပါ ပရဟိတအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
ဦးကျော်သူကတော့ ဘာသာတရားကိုကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို မကြာခဏဆိုသလိုလည်းအလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာတော့ သူရဲဂူတောင်ပေါ်ဘုရားမှာသူတို့မိသားစုလှူဒါန်းပူဇော်ထားသော စေတီငယ်အားသွားရောက်ဖူးမျှော်ခဲ့တယ်လို့သိရပါတယ်။အဲဒီအကြောင်းလေးကိုတော့”သူရဲဂူတောင်ပေါ်ဘုရားမှာ မိသားစုလှူဒါန်းပူဇော်ထားသောစေတီငယ်အားသွားရောက်ဖူးမျှော်ကာ တောင်အောက်ခြေဂူကြီးအတွင်းသို့ဝင်ရောက်ဘုရားရှိခိုး၊ဆီမီးပူဇော်၊ပုတီးစိတ်၍ (၃၁)ဘုံသားအားလုံးအတွက်အမျှပေးဝေခဲ့ပါသည်”ဆိုပြီး
မိသားစုလိုက်သွားရောက်ဖူးမျှော်ခဲ့တဲ့ပုံရိပ်လေးတွေကို ဦးကျော်သူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အဆိုပါပုံရိပ်လေးတွေကိုတော့ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source:Kyaw Thu
Zawgyi
သူရဲဂူတောင်ပေါ်ဘုရားမှာသူတို့မိသားစုလှူဒါန်းပူဇော်ထားသော စေတီငယ်အားသွားရောက်ဖူးမျှော်ခဲ့တဲ့ဦးကျော်သူ

PREVIOUS