မြန်မာနိုင်ငံဖွားအမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုလက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အောင်လအန်ဆန်းဟာလတ်တလောဖြစ်ပွားနေတဲ့covid-19ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ဇူလိုင်လ(၃)ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်ကနေပရိသတ်တွေကိုအသိပေးပြောကြားထားခဲ့ပြီးဇူလိုင်လ(၁၇)ရက်နေ့ကရောဂါပိုးကင်စင်သွားပြီးဖြစ်ကြောင်းပြောကြားထားခဲ့ပါတယ်။
ဒီနေ့မှာတော့အောင်လအန်ဆန်းက သုတေသီတွေလိုအပ်နေတဲ့ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးရည်ကြည်နမှုနာကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တိုအချင်းချင်းပြောဆိုတဲ့စကားတွေကို၊ကျွန်တော်တို့ရဲ့ဖုန်းတွေကတဆင့်၊နားထောင်နေတယ်ဆိုတာသေချာပါတယ်။ဘာကြောင့်လဲဆိုတော့သတင်းတွေမှာ၊သုတေသီတွေကကိုဗစ်-၁၉ကူးစက်ခံရပြီးနောက်ပြန်လည်သက်သာပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးနမူနာတွေကိုလိုအပ်နေတယ်ဆိုတဲ့အကြောင်းပြောနေတာကိုတွေ့မိပါတယ်။
ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ကျွန်တော်တို့ဒေသကသွေးလှူဘဏ်ရဲ့ကြေညာတခုပေါ်လာတာကိုလည်းတွေ့မိတဲ့အတွက်အခုကျွန်တော်ဒီမှာထိုင်ပြီးကျွန်တော့်သွေးရည်ကြည်နမှုနာကိုလှူဒါန်းနေပါတယ်။ အားလုံးကိုပြောပြချင်တဲ့သတင်းကတော့၊ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့သွေးနမှူနာတွေကို စမ်းသပ်အဖြေရှာပြီး၊ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပျောက်ကင်းအောင်ကုသဖို့အတွက်ဆေးဝါးတွေကို သိပ်မကြာခင်မှာပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ။”လို့ အောင်လအန်ဆန်းကရေးသားဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source:Aung La Nsang(Burmese Python)
Zawgyi
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဖို့ သုတေသီတွေလိုအပ်နေတဲ့သွေးရည်ကြည်နမှုနာကိုလှူဒါန်းပေးခဲ့တဲ့ အောင်လအန်ဆန်း
မြန်မာနိုင်ငံဖွားအမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုလက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အောင်လအန်ဆန်းဟာလတ်တလောဖြစ်ပွားနေတဲ့covid-19ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ဇူလိုင်လ(၃)ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်ကနေပရိသတ်တွေကိုအသိပေးပြောကြားထားခဲ့ပြီးဇူလိုင်လ(၁၇)ရက်နေ့ကရောဂါပိုးကင်စင်သွားပြီးဖြစ်ကြောင်းပြောကြားထားခဲ့ပါတယ်။
ဒီနေ့မှာတော့အောင်လအန်ဆန်းက သုတေသီတွေလိုအပ်နေတဲ့ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးရည်ကြည်နမှုနာကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တိုအချင်းချင်းပြောဆိုတဲ့စကားတွေကို၊ကျွန်တော်တို့ရဲ့ဖုန်းတွေကတဆင့်၊နားထောင်နေတယ်ဆိုတာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့သတင်းတွေမှာ၊သုတေသီတွေကကိုဗစ်-၁၉ကူးစက်ခံရပြီးနောက်ပြန်လည်သက်သာပျောက်ကင်းသွားတဲ့ လူတွေရဲ့သွေးနမူနာတွေကိုလိုအပ်နေတယ်ဆိုတဲ့အကြောင်းပြောနေတာကိုတွေ့မိပါတယ်။
ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ကျွန်တော်တို့ဒေသကသွေးလှူဘဏ်ရဲ့ကြေညာတခုပေါ်လာတာကိုလည်းတွေ့မိတဲ့အတွက်အခုကျွန်တော်ဒီမှာထိုင်ပြီး ကျွန်တော့်သွေးရည်ကြည်နမှုနာကိုလှူဒါန်းနေပါတယ်။ အားလုံးကိုပြောပြချင်တဲ့သတင်းကတော့၊ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့သွေးနမှူနာတွေကိုစမ်းသပ်အဖြေရှာပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပျောက်ကင်းအောင်ကုသဖို့အတွက်ဆေးဝါးတွေကိုသိပ်မကြာခင်မှာပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ။”လို့ အောင်လအန်ဆန်းကရေးသားဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။