**Zawgyi**
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်
၂၀၂၀ပြည့်နှစ်၊ မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားထားပါတယ်။ ပညာရေး ဝန်ကြီးဌာနက သူတို့ရဲ့ website ကနေ ကြေညာပေးမှာပါ။ ရုပ်မြင်သံကြားကနေလည်း ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ကျောင်းကတော့ ကပ်ရမှာပါ။ အောင်စာရင်း လာကြည့်တဲ့အခါမှာ လူစုလူဝေးမဖြစ်ရန်အတွက် အစီအစဉ်များလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။၂၀၂၀ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားသူပေါင်း ၉၁၀,၂၇၃ ယောက်ရှိပြီး ပျက်ကွက်သူဦးရေမှာ ၆၁,၁၃၄ ယောက်ရှိတာဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကလည်း ယခု တက္ကသိုလ်ဝင်စာမေးပွဲရလဒ်မှာ (၃၈)ရာခိုင်နှုန်း အောင်မြင်မှုရှိတယ်လို့လည်း ပြောကြားထားပါသေးတယ်။ ယခင် ၂၀၁၉တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၃၁.၄၄ %သာ ရှိခဲ့တာဖြစ်ပါတယ်။
Credit – ဆယ်တန်းအောင်စာရင်း
#WeNews #ဆယ်တန်းအောင်စာရင်း
=========================
**Uni**
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်
၂၀၂၀ပြည့်နှစ်၊ မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားထားပါတယ်။ ပညာရေး ဝန်ကြီးဌာနက သူတို့ရဲ့ website ကနေ ကြေညာပေးမှာပါ။ ရုပ်မြင်သံကြားကနေလည်း ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ကျောင်းကတော့ ကပ်ရမှာပါ။ အောင်စာရင်း လာကြည့်တဲ့အခါမှာ လူစုလူဝေးမဖြစ်ရန်အတွက် အစီအစဥ်များလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။၂၀၂၀ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားသူပေါင်း ၉၁၀,၂၇၃ ယောက်ရှိပြီး ပျက်ကွက်သူဦးရေမှာ ၆၁,၁၃၄ ယောက်ရှိတာဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကလည်း ယခု တက္ကသိုလ်ဝင်စာမေးပွဲရလဒ်မှာ (၃၈)ရာခိုင်နှုန်း အောင်မြင်မှုရှိတယ်လို့လည်း ပြောကြားထားပါသေးတယ်။ ယခင် ၂၀၁၉တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၃၁.၄၄ %သာ ရှိခဲ့တာဖြစ်ပါတယ်။
Credit – ဆယ်တန်းအောင်စာရင်း
#WeNews #ဆယ်တန်းအောင်စာရင်း