ပရဟိတအလုပ်တွေမှာ စွမ်းစွမ်းတမံပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တွေထဲမှာ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေလဲ အပါအဝင်ပါပဲ။လိုအပ်နေတဲ့ အခြေခံလူတန်းစား တွေအတွက် လှူဒါန်းရုံတင်မကဘဲ ခိုကိုးရာမဲ့နေတဲ့ ကလေးတွေအတွက်လည်း
တာဝန်ယူ စောင့်ရှောက်ပြီး မွန်မြတ်တဲ့အလုပ်ကို လုပ်နေတဲ့ အနုပ ညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။လတ်တလောမှာတော့ သူမက ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေးတွေအတွက် အရိပ်လေး တခုစတင်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။
ကလေးတွေ အရိပ်တခုရဖို့၊ လူဖြစ်ဖို့အတွက် တစ်နေ့ထက်တစ်နေ့ပိုပြီး ကြိုးစားနေသလို သူမသားသမီးလေးတွေအတွက် ၇ ရက်သားသမီးများရဲ့ မေတ္တာဓာတ်လဲအများကြီးလိုအပ်တာကြောင့် ကလေးတွေနေဖို့ အိမ်လေး အမြန်ပြီးမြောက်အောင် ဆုတောင်းပေးကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တာပဲဖြစ်ပါတယ်။
ခိုကိုးရာမဲ့ ကလေးလေးတွေအတွက် အေးချမ်းလုံခြုံတဲ့အရိပ်လေးတစ်ခုပေးနိုင်ဖို့ စတင်ဆောက်လုပ်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက်မျှဝေပေး ထားပါသေးတယ်။ ပရိသတ်တွေကတော့ သူမရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို
သာဓုခေါ်ဆိုနေကြပြီး အမြန်ဆုံးဆောက်လုပ်ပြီးစီးပြီး ကလေးတွေ အမြန်ဆုံး နားခိုနိုင်ဖို့ ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ် ။
unicode
ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံကလေးများအတွက်နေဖို့ အိမ်ကလေးစတင်ဆောက်လုပ်နေပြီဆိုတဲ့ ခိုင်နှင်းဝေ