မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်အား အဂတိလိုက်စားသည်ဟု စွဲချက် ၇-ချက် စွဲတင်။ စွဲချက်တစ်ခုချင်းစီတွင် ဒဏ်ငွေနှင့် ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိကျခံရနိုင်။ ဆော်ဒီတော်ဝင်မိသားစု၏ ပုဂ္ဂိုလ်ရေး လှူဒါန်းငွေလား- အစိုးရ ရန်ပုံငွေလား၊ မလေးရှားညွန့်ပေါင်းအစိုးရအတွက် အားစမ်းမှု…
မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် 1MDB ဘဏ်မှ ဒေါ်လာဘီလျှံနှင့်ချီသော အစိုးရရန်ပုံငွေများကို အလွဲသုံးစားကြောင်း ၎င်းအပေါ် ပထမဆုံး စွဲဆိုချက်တွင် အပြစ်ရှိသည်ဟု အဂတိလိုက်စားမှု စွဲချက် ၇-ချက်ဖြင့် အင်္ဂါနေ့၌ စွဲတင်ခံရကြောင်း bdnews24 က ယနေ့ရေးသားသည်။
ဝန်ကြီးချုပ်ဟောင်းအား အဂတိလိုက်စားကြောင်း စွဲဆိုခြင်းဖြင့် အကျင့်ပျက်ခြစားမှုကို ဖယ်ရှားရန် သမိုင်းဝင်အားထုတ်မှုများအတွက် မလေးရှားနိုင်ငံ၏ ကြီးမားသည့် နိုင်ငံရေးဂယက်ရိုက်ခတ်မှုရှိနိုင်ကြောင်း တွေ့မြင်လိုက်ရသည်ဆို၏။
စွဲဆိုချက်နှင့် ပတ်သက်သော အထောက်အထားများကို ရုံးတော်က ကြားနာပြီးနောက် ဆီလျော်သော စွဲချက်များ စွဲတင်ရန် သံသယမရှိကြောင်း ကွာလာလမ်ပူ တရားရုံးတရားသူကြီး၏ ဆုံးဖြတ်ချက်၌ ဖော်ပြသည်။
ဝန်ကြီးချုပ်ဟောင်းသည် ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ ငွေကြေးခဝါချမှု၊ 1MDB ဘဏ်၏ SRC အင်တာနေရှင်နယ် အစီအစဉ်မှ ဒေါ်လာ ၁၀-သန်းနီးပါးကို တရားမဝင်ရယူရာတွင် အာဏာအလွဲသုံးစားမှု စသည်ဖြင့် စွဲချက် ၇-ချက်ဖြင့် စွဲတင်လိုက်ရာ စွဲချက်တစ်ခုချင်းစီတွင် ဒဏ်ငွေနှင့် ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိကျခံရနိုင်သည်။ နာဂျစ်ကမူ ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆန်ပြီး စွဲချက်တင်ခြင်းအတွက် ဖက်ဒရယ်တရားရုံးတော်တွင် အယူခံဝင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
မလေးရှားနိုင်ငံ၏ ၆-ဦးမြောက် ဝန်ကြီးချုပ်ဟောင်းသည် ၂၀၁၈ ခုနှစ် သမိုင်းဝင်ရွေးကောက်ပွဲတွင် ဆန္ဒမဲဖြင့် ဖယ်ရှားခံရပြီးနောက် 1MDB ဘဏ်မှ ဒေါ်လာ၄.၅ ဘီလီယံ ခိုးယူကြောင်း စွပ်စွဲချက်ဖြင့် ပြစ်မှုဆိုင်ရာဥပဒေကြောင်း စွဲချက်များစွာတို့ကို ရင်ဆိုင်နေရဆဲဖြစ်သည်။ နာဂျစ်သည် 1MDB မှ ဒေါ်လာ ၁ ဘီလျှံကိုလည်း အလားတူနည်းလမ်းဖြင့် ၎င်း၏ ကိုယ်ပိုင်အကောင့်ထဲသို့ လွှဲပြောင်းခဲ့ကြောင်း အစိုးရရှေ့နေများက စွပ်စွဲထားသည်။
ပါတီထိပ်တန်းခေါင်းဆောင်များ ခြံရံကာ မျက်နှာဖုံးဝတ်ဆင်လျှက် ရောက်ရှိလာသော ဝန်ကြီးချုပ်ဟောင်းအား တရားရုံးပြင်ပရှိ ရာပေါင်းများစွာသော ထောက်ခံသူတို့က “ နာဂျစ် သက်တော်ရှည်ပါစေ “ ဟု ကြွေးကြော်ကြသည်။
ဆော်ဒီတော်ဝင်မိသားစုက လှူဒါန်းသည့်အနေဖြင့် ဝန်ကြီးချုပ်ဟောင်း၏ ကိုယ်ပိုင် ငွေစာရင်းသို့ ထည့်ဝင်ပေးငွေများကို ရန်ပုံငွေများဖြစ်သည်ဟု Jho Low မလေးရှားဘဏ္ဍာရေး အဖွဲ့နှင့် အခြား 1MDB အရာရှိများက မှားယွင်း စွပ်စွဲခြင်းသာဖြစ်ကြောင်း၊ အမှုမှာ ရှုတ်ထွေးလွန်းလှသဖြင့် ဆိုင်းငံ့ပြစ်ဒါဏ်သာ ချမှတ်နိုင်ကြောင်း နာဂျစ်၏ရှေ့နေများက ပြောဆိုသည်။
1MDB နှင့် ပတ်သက်လျှက် အဂတိလိုက်စားကြောင်း စွပ်စွဲချက်များဖြင့် နာဂျစ်အား ၅-နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ရာဇဝတ်ပုဒ်မဖြင့် အမှုဖွင့်ခံရခြင်းမှာမူ ၂၀၁၈ ရွေးကောက်ပွဲတွင် နာဂျစ်အား အောင်နိုင်သူ မဟာသီယာမိုဟာမက်က စုံစမ်းစစ်ဆေးရန် ပြန်လည်စတင်ခြင်းဖြစ်သည်။
လူအများ စိတ်ဝင်စားခြင်းခံခဲ့သော ဤအမှုသည် လက်ရှိဝန်ကြီးချုပ် မူယက်ဒင်ယာဆင် ဦးဆောင်သည့် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုကို အမြစ်ပါမကျန်ချေမှုန်းရေးတွင် ဖေဖော်ဝါရီလ၌ ပြန်လည်နေရာရလာသည့် နာဂျစ်၏ UMNO ပါတီက မဟာမိတ်ဖြစ်လာပြီးနောက် စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ကြသည်။
နာဂျစ်၌ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခြင်းက မူယက်ဒင်အစိုးရအပေါ် လူထုအပေါ်ယုံကြည်အားထားမှု တိုးမြှင့်စေနိုင်သော်လည်း နာဂျစ်၏ယူနိုက်တက်မလေးရှားအမျိုးသားအဖွဲ့ချုပ် (UMNO) နှင့် အဓိကအစိတ်အပိုင်းသဖွယ် ညွန့်ပေါင်းအစိုးရဖွဲ့တည်ခြင်းကို အင်အား ချိနဲ့သွားစေမည်ဖြစ်သည်။
Htay Oung (Oung Marine)
=======================