သမီးဖြစ်သူ သဇင်ထူးမြင့်နဲ့အတူ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ဇာတ်လမ်းတွဲရိုက်ကူးသွားမယ့် ခင်လှိုင်

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်တစ်ယောက်အနေနဲ့သာမက ကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာသူပါ။ ဖခင်လိုပဲ အနုပညာသွေးအပြည့်အဝပါတဲ့ သားနေရဲနဲ့ သမီးသဇင်ထူးမြင့်တို့ကလည်း အခုဆိုရင် ကိုယ်စီ ပရိသတ်နဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခင်လှိုင်က သားအဖတွေ တွဲမြင်ချင်နေတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ဆရာကြီးဇဝနရဲ့ ဆိုးပေ ဆိုတဲ့ဇာတ်လမ်းကို ခင်လှိုင်ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ၊ အံ့မင်းညို တို့ကပါဝင်သရုပ်ဆောင်သွားမယ့်အကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။

ဒီနေ့မှာတော့ ကာလအတန်ကြာရပ်နားထားတဲ့ ရိုက်ကူးရေးတွေ စနစ်တကျနဲ့ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပြီး ခင်လှိုင်ကတော့ ဆိုးပေ ဇာတ်လမ်းတွဲကိုမကြာခင်အချိန်တွင်းမှာ ရိုက်ကူးတင်ဆက်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်နေပါပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ သဲလေးနဲ့ ဖေဖေဦးခင်လှိုင်တို့ နှစ်ယောက်စလုံးကို ပါဝင်ထားတာမို့ သားအဖနှစ်ယောက်တွဲပြီးသရုပ်ဆောင်တာ မြင်ချင်တဲ့ပရိသတ်ကြီး ဆန္ဒပြည့်သွားပြီ ထင်ပါတယ်နော်။

======================

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့
ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်တစ်ယောက်အနေနဲ့သာမက ကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာသူပါ။ ဖခင်လိုပဲ အနုပညာသွေးအပြည့်အဝပါတဲ့ သားနေရဲနဲ့ သမီးသဇင်ထူးမြင့်တို့ကလည်း အခုဆိုရင် ကိုယ်စီ ပရိသတ်နဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခင်လှိုင်က သားအဖတွေ တွဲမြင်ချင်နေတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ဆရာကြီးဇဝနရဲ့ ဆိုးပေ ဆိုတဲ့ဇာတ်လမ်းကို ခင်လှိုင်ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ၊ အံ့မင်းညို တို့ကပါဝင်သရုပ်ဆောင်သွားမယ့်အကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။

ဒီနေ့မှာတော့ ကာလအတန်ကြာရပ်နားထားတဲ့ ရိုက်ကူးရေးတွေ စနစ်တကျနဲ့ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပြီး ခင်လှိုင်ကတော့ ဆိုးပေ ဇာတ်လမ်းတွဲကိုမကြာခင်အချိန်တွင်းမှာ ရိုက်ကူးတင်ဆက်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်နေပါပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ သဲလေးနဲ့ ဖေဖေဦးခင်လှိုင်တို့ နှစ်ယောက်စလုံးကို ပါဝင်ထားတာမို့ သားအဖနှစ်ယောက်တွဲပြီးသရုပ်ဆောင်တာ မြင်ချင်တဲ့ပရိသတ်ကြီး ဆန္ဒပြည့်သွားပြီ ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top