မြန်မာပြည်က စကားတတ်တဲ့ (စကားပြောကြွယ်ဝတဲ့) လှတောသားတွေ ရှိတဲ့နေရာ…
ဝက်လက်နယ် စစ်ကိုင်း-ရွှေဘို လမ်းမကြီး ဘေးမှာ နာမည်ကြီးတဲ့ ရွာကြီးတစ်ရွာရှိပါတယ်။ အဲဒီရွာနာမည်ပြောလိုက်တာနဲ့ အ တော်များများသိကြသလို မျက်နှာလေးတောင် ပြုံးချင်ချင်ဖြစ် သွားပါလိမ့်မယ်။ ဟုတ်ပါတယ်။ စကားအရာ ကြွယ်လွန်း လို့ လူသိများလှတဲ့ လှတောဆိုတဲ့ ရွာကြီး တစ်ရွာပါပဲ။
လှတောဟာ အပေါ်မှာ ရေးခဲ့ သလို စကားပြောဆိုတဲ့နေရာမှာ နာမည်ကြီးလှတဲ့ ရွာကြီးတစ်ရွာ ပါ။ ရွာသက်တမ်းက နှစ် ၇၅၀ ကျော်လောက်ရှိပြီ ဆိုပါတယ်။ လှတောသားတွေ စကားတတ်တဲ့ အကြောင်းကို ကြာနီကန်ဆရာတော်တို့၊ ဓမ္မ ကထိက ဆရာကြီး ဦးလှသိန်းတို့က တရားပွဲတွေမှာ ထည့်ထည့်ဟောဖူးသလို စာရေးဆရာ၊ ဆရာမကြီးတွေဖြစ်တဲ့ တက္ကသိုလ်အောင်နိုင်၊ လယ်တွင်းသားစောချစ်တို့၊ ယုဝတီခင်စိန် လှိုင်တို့က လှတောအကြောင်း တွေ ရေးခဲ့ဖူးတယ်။ လှတောအကြောင်း တခြားစာရေးဆရာတွေ ရေးခဲ့ဖူးသလို လှတောသားစကားတွေကအစ စာအုပ်တွေအဖြစ် ထွက်ပေါ် ခဲ့ဖူးပါတယ်။ အဲဒီလို စာတစ်တန်ပေတစ်ဖွဲ့ ဟောပြောရလောက်အောင် လှတောဟာ နာမည်ကြီးလှတာပါ။ လှတောသား တွေ ဘယ်လိုများ စကား ကြွယ်တာလဲ။ ဘယ်လိုများ ပြောတတ်ဆိုတတ်တာလဲ။ စိတ်ဝင်စား စရာပါ။
လှတောသူ၊ လှတောသား တွေက တမင်ရည်ရွယ်ပြီး စကား ကြွယ်စွာ ပြောတာ မဟုတ်ဘူး။ ပြောရင်းဆိုရင်းနဲ့ကို စကားကြွယ် စကားလှတွေ ပါသွားတာပါ။ ပျိုးနုတ်ကောက်စိုက်ရင်း၊ လက်ဖက် ရည်ဆိုင်ထိုင်ရင်း၊ ဈေးရောင်း၊ ဈေးဝယ်ရင်း ပြောကြဆိုကြတဲ့အခါ ရယ်မောစရာစကားတွေ ထွက်ပေါ်လာတာပါ။ လှတောနာမည် ကြီးလွန်းလို့ ဒုသမ္မတကြီး ဦးဟင် နရီဗန်ထီးယူကိုယ်တိုင် ရွှေဘိုဘက်ရောက်တုန်း လှတောကို ဝင် ဖြစ်အောင်ဝင်ခဲ့ဖူးတယ်။
လှတောဟာ အညာဒေသမို့ လှတောသူ၊ လှတောသားတွေဟာ လည်း အသားညိုညိုနဲ့ မြန်မာဆန် ဆန်ရုပ်သွင်တွေပါ။ တချို့တွေ ကျတော့ ဖြူပါတယ်။ ဖြူတဲ့သူ တွေကိုတော့ စံပယ်ပွင့်ထုံးစိမ်ထား သလိုပဲလို့ ခိုင်းနှိုင်းကြတယ်။ မည်းတဲ့သူကျ တော့လည်း တညင်းသီး ဆီသုတ်ထားသလိုပဲလို့ ဆိုပြန် တယ်။ ဒီလိုပြောတတ်တာကိုက လှတောသဘာဝကိုး။
လှတောဟာ ကျေးရွာတစ်ရွာဆိုပေမယ့် နိုင်ငံရေးကိစ္စတွေမှာ ထိုက်သင့်တဲ့ စိတ်ဝင်စားမှု ရှိပါ တယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက် မှတ်ထိုးဆိုတော့လည်း လှတော မှာ ထိုးကြတာပဲ။ တလောက စကားတတ် လွန်းလို့ နာမည်အရမ်းကြီးသွားတဲ့ အခုဆို ဟာသသရုပ်ဆောင် ဒိန်းဒေါင်နဲ့အတူ ကြော်ငြာတွေပါ ရိုက်နေပြီဖြစ်တဲ့ လှတောသူ မရှယ်ခိုင် ဆိုရင် လက်မှတ် ထိုးလာကောက်တဲ့သူတွေကို ‘‘ပြည်သူ့ဆန္ဒလာခံ ယူတဲ့အခါမှာ မောင်မောင်ရေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ၄၃၆ ပြုပြင်ဖို့ဆိုရင် ဖောင်တိန်မီးခိုးအူသွားပါစေ ကျုပ်ထိုးမယ်’’ တဲ့။ စိတ်ဝင်တစားရှိလိုက်ပုံများ။
‘‘၂၀၁၅ ရွေးကောက်ပွဲကာလတုန်း ကတော့ ကိုယ်စားလှယ်တွေ မဲလာဆွယ်ကြတာပေါ့။ အစိမ်းလည်း လာ။ အနီလည်း လာ။ ကျွန်တော်တို့ တိုင်းပြည်ကောင်းအောင် လုပ်မှာပါပေါ့။ ဘယ်သူက တိုင်းပြည်ဖျက်ဖို့ လုပ်မှာပါလို့ ဘယ် ပြောမလဲ။ ကျွန်တော်တို့ကလည်း အစိမ်းလည်း ဟာ… မဲပေးရမှာပေါ့ ကူရမှာပေါ့။ အနီလည်း ပေးမှာ ပေါ့ စိတ်ချ အဲ… တကယ့် ရွေး ကောက်ပွဲနေ့ကျမှ ကျွန်တော်တို့ နှလုံးသားထဲရှိတဲ့ပါတီ မဲထည့်တာ’’ လှတောသားတစ်ဦး စကားပါ။
နိုင်ငံရေးကိစ္စတင် မကဘူး။ ကိုယ့်လူမှုရေး၊ အိမ်တွင်းရေးကိစ္စ တွေတင်မှာလည်း စကားက ကြွယ် ပါတယ်။ တစ်ခါက လှတောသူ၊ လှ တောသားဇနီးမောင်နှံနှစ်ယောက် ရန်ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုကြတယ်။ မယားက လင်ကို ပြောတယ်။ ‘‘တော်က ကျုပ်ဆို ထောင်ထဲက တန်းစီးကျနေတာပဲ ဆက်ဆံတာ။ တခြား မိန်းမတွေများဆို ဥတည်ဘွားရုပ် သံပတ်ပေးထားသလား မှတ်ရ ပြုံးဖြီးနေတာပဲ’’လို့ ပြောတယ်။ ယောကျ်ားကလည်း ပြန်ပြော တယ်။ ‘‘နင်ကကော ဘာထူးတုံး။ နင့်ကိုယ်နင် စုဘုရားလတ်လို မျက်နှာမျိုးနဲ့ မာထန်နေတာပဲ’’၊ ကဲ ကြည့်၊ လင်မယားရန်ဖြစ်တာ တောင် စကားက ကြွယ်တုန်းပါ။
တချို့လူငယ်တွေကျ အရက် လေး ဘာလေး သောက်တတ်လို့ ဆိုင်သွားတဲ့အခါ မိုးတအားချုပ်လို့ ဆိုင်က ပိတ်သွားရင် အော်နှိုး တယ်။ ဆိုင်ကလည်း မဖွင့်ပေး တော့ဘူးဆို ‘‘မရောင်းတော့လည်း မသောက်ဘူးပေါ့ဗျာ။ ဇော်ဂျီသွေး တဲ့ဆေးမ ဟုတ်ဘူး’’လို့ ပြောပြီး လှည့်ပြန်တာ။ အိမ်ပြန်ရောက် တော့ မိဘက ဆိုဆုံးမတယ်။ မူး နေတော့ ပြန်ပြောရင် မိဘက ‘‘အေးနင်တို့တစ်တွေ မိဘကို မစော်ကား နဲ့။ မိဘဆိုတာ ဘုရားနဲ့တစ်ဂိုဏ်း တည်း’’ လို့ ဆိုလိုက်ရင် ‘‘ဘုရားနဲ့ တစ်ဂိုဏ်း တည်းဆို ရောင်ခြည်တော် ကွန့်မြူးပြစမ်းပါ’’လို့ လုပ်ချင်လုပ်တာ။ မိဘကလည်း ဒီ လောက်ပြောမရတာ တရုတ်ဆိုင်ကယ် ဝယ်ပေးလိုက်ရဆိုပြီး ကရုဏာဒေါသောပြောတတ်တယ်။
တစ်ခါတုန်းက ညတစ်ညမှာ လှတောနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ နေရာတစ်ခုမှာ မီးလောင်ပါတယ်။ နောက်တစ်နေ့ မနက်လင်းရော ညက မီးလောင်တဲ့အကြောင်း ပြန် ပြောကြတော့ လှတောသူအမျိုးသမီးတစ်ယောက်က သူ ညက မြင်ခဲ့ ရတဲ့ ဝက်လက်မီးကို အခုလို ခိုင်းနှိုင်းပါတယ်။ ‘‘ညက မီးလောင်တာ များတယ်၊ မများတယ် ဒီကနေ သန်းထိုင်ရှာ လို့ရ တယ်’’ ဟူ၏။
လှတောသူ၊ လှတောသား တွေ စကားကြွယ်တာက ပျော်ပျော် နေတတ်တာကြောင့်လည်း ပါပါ တယ်။ ပျော်တော့ ဉာဏ်ရွှင်ပြီး တင်္ခဏုပ္ပတ္တိဉာဏ်တွေ ကောင်းလာတယ်။ တမင်ရည်ရွယ်မထား ဘဲ ဆိုးခနဲ ဆတ်ခနဲပြန်ပြောရင်း စကားလုံး တွေက ရယ်ဖို့ ကောင်းနေတာပါ။ ဒါပေမဲ့ အဲဒီလိုပျော် တတ်တဲ့ လှတောသူ၊ လှတောသား တွေ စိတ်ညစ်ရတဲ့အခါ ရှိဖူးပါ တယ်။ ၁၉၈၅ ရွာမီးလောင်တုန်း ကပါ။ အိမ်ခြေတော်တော်များများ ပါသွားတော့ စိတ်ညစ်ကြတာပေါ့။ ဒါပေမဲ့ ဖြေကြ ပါတယ်။ ငါတို့ဘယ် လောက်ပူပူ မပဋာတို့၊ ငရဲကျနေတဲ့ ဒေဝဒတ်တို့လောက်တော့ မပူဘူး ပေါ့။
လှတောရွာဟာ စပါးစိုက် ပျိုး၊ တောင်သူအလုပ်တွေနဲ့ အသက်မွေးတယ်။ ရွာမှာ အိမ်ထောင်စုပေါင်း ၉၀၀ ကျော်၊ လူဦးရေ ၄,၂၀၀ ကျော်၊ အိမ်ခြေ ၈၀၀ ကျော်နဲ့ ရွာကြီးတစ်ရွာပါ။ လှတောနယ် မှာ ဆည်၊ မြောင်း၊ လက်တံစုံလှ တာမို့ တစ်သီးက နှစ်သီး၊ နှစ်သီးကသုံးသီးနဲ့ သက်တိုစပါးတွေ၊ ဘာတွေစိုက် နှမ်းတွေစိုက်နဲ့ ထိုက်သင့်သလောက် အဆင်ပြေတယ်။ တောသူတောင်သားမို့ တောင်သူ အလုပ်မောတယ်၊ ပန်းတယ်လည်းမထင်ပါဘူး။ တချို့စာရေးအလုပ်လုပ်နေတဲ့သူတွေ တကုပ်ကုပ်လုပ်ရလို့ ညောင်းတယ်၊ ပြုတယ် ညည်းရင်း ‘‘မင်းတို့ကွာ ဘောပင် ကိုင်ရေးရတာပါ။ သံတူရွင်းကိုင် ရေးရတာ မဟုတ်ပါဘူး’’ လို့ ပြော လိုက်တာပဲ။
ရွာမှာက တိုက်နယ်ရဲစခန်း ရှိတယ်။ အထက်တန်း ကျောင်း ရှိသလို ဈေးလည်း ရှိပါတယ်။ ပရဟိတအသင်းတွေ ရှိတယ်။ ဝက်လက်က စည်ပင်နယ်ထဲပါလို့ တနင်္ဂနွေတိုင်း အမှိုက်ကားလာ ပါတယ်။ ဒါပေမဲ့ ဈေးက သိပ်အဆင်မပြေပါဘူးတဲ့။ ‘‘သီဟတင်စိုး တော်လှန်ရေးကားရိုက်လို့ရ တယ်။ စုတ်နေလို့’’လို့ လှတောသားတစ်ဦးက ဆိုပါတယ်။ ဖြစ်နိုင်ရင် သပ်သပ်ရပ်ရပ်ဈေးကလေး တစ်ခု ဖြစ်စေချင်ပါတယ်တဲ့။
လှတောသူ၊ လှတောသား တွေက စေတနာအရင်းခံနဲ့ တစ် ဖက်လူ ရယ်ရွှင်ပါစေဆိုတဲ့ စိတ် ထားနဲ့ ဒေါသမပါ၊ မာယာ မပါဘဲ မေတ္တာအခြေခံ မေတ္တာဓာတ်နဲ့ ပြောဆိုလို့ လှတောသူ၊ လှတောသားစကား နာမည်ကျော်လာတာ လို့ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် က ဆိုပါတယ်။ လှတောသူ၊ လှတောသားတွေဟာ စကားကို မြှုပ်ကွက်နဲ့တစ်မျိုး၊ ဥပမာနဲ့တစ်သွယ် အလွန်အကြူးနဲ့တစ်ဖုံ ပြောဆိုတတ်တယ်လို့ လှတောသား ကိုအောင်ပိုင်က ပြောပြတယ်။
လှတောရွာအကြောင်း ပြောပြသူတစ်ဦးဖြစ်သည့် ရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့် (ဓာတ်ပုံ – ညီညီဇော်)
သူတစ်ပါး ရယ်မော၊ ပျော်ရွှင်တယ်ဆိုရင် ကုသိုလ်ရတယ်လို့ လည်း လှတောသူ၊ လှတောသား များ လက်ခံထားပါတယ်။ ဒါ ကြောင့် လှတောသူ၊ လှတောသား များဆိုရင် ဘယ်နေရာရောက် ရောက် လှတောကလို့ ဆိုလိုက် တာနဲ့ ချစ်ခင်ကြ တယ်၊ မေတ္တာ ထားကြတယ်၊ မျက်နှာပွင့်လှတယ်လို့ လှတောသူ၊ လှတောသားများ က ပြောပါတယ်။ ‘‘မေတ္တာဓာတ်နဲ့ ပြောဆိုတော့ သဘောကျကြတာ ပေါ့။ ဒီဘက်က ဦးလေးက သံပရာသီးကိုက်တော့ မင်းဘက်က သွားရည်ယိုကျတဲ့ သဘောပေါ့ကွာ။ အဓိကက မေတ္တာတရားပါပဲ’’ လို့ လှတောသား ဦးကျော်မြင့်ကပြောပါတယ်။
လှတောသူ၊ လှတောသား စကားတွေကတော့ တစ်နေကုန် နားထောင်မယ်ဆိုရင်တောင် ရယ်ရလွန်းလို့ မောသွားမယ်။ စကား တွေကတော့ မကုန်နိုင်ပါဘူး။ ‘‘မင်းဒီထက် သိချင်ရင် လှတောသူတစ် ယောက်ရှာယူပြီး ရွာမှာ နေကြည့် လိုက်’’လို့ ဦးကျော်မြင့်က ရင်းရင်းနှီးနှီးပြောတော့ လှတောသူ၊ လှတောသားတွေရဲ့ ရယ်မောသံတွေ ဖုံးလွှမ်းသွားပါတော့တယ်။
(ညီညီဇော်)
=========================