**Zawgyi**
????????????သာသနာကွယ်ကြောင်း တရားပေါင်း????????????
ဦးပဉ္ဇင်းတို့နိုင်ငံအပါအဝင်
၁။မြန်မာ
၂။ထိုင်း
၃။သီရိလင်္ကာ
၄။ကမ္ဘောဒီးယား
၅။ လာအိုဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံရှိရာ
မြန်မာနှင့်သီရိလင်္ကာမှလွဲပြီး အခြားသုံးနိုင်ငံ၏
သာသနာမှာ အတော်ယိုယွင်းလာနေပါပြီ
သီရိလင်္ကာသည်ပင် သိပ်မဟန်တော့ပေ
ဘာဖြစ်လို့ သာသနာကွယ်ရသလဲဆိုရင် ။
တရားမနာ ၊
စာပေမသင် ၊
နှုတ်တွင်မဆောင် ၊
သိအောင်မပြု ၊
ဓမ္မာနုဓမ္မ၊ပဋိပတ်ကွာ ၊
ဤငါးဖြာသည်၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း။
စာသင်ပယ်လျော့ ၊
ကျယ်မဟောကြား ၊
ကျယ်မချနှင့် ၊ ကျယ်စွာ့မအံ ၊
မကြံမစည် ၊ ဤငါးမည်သည် ၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း။
အက္ခရာပုဒ်ပျက် ၊လေ့ကျက်သင်ချ ၊
ဒုဗ္ဗစမူ ၊ စာချသူရှား ၊
လာဘ်များအောင်ဖန် ၊
ခိုက်ရန်ကွဲပြား ၊ ဤငါးပါးသည် ၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း။
သာသနဌိတိယံ ပန ပရိယတ်တိ ပမာဏံ ဟောတိ။
သာသနာတည်ဖို့ရန် ပရိယတ္တိသည်သာလျှင်
ပမာဏတရား ပဓာနတရား ဖြစ်၏။
ပရိယတ္တိသည် သာသနာတော်၏ ရေသောက်မြစ်
ပဋိပတ္တိသည် သာသနာတော်၏
ပင်စည် အကိုင်းအခက်
ပဋိဝေဓသည် သာသနာတော်၏ အသီးအပွင့်
(အင်္ဂုတ္တရနိကာယ် ၊ ပဉ္စကနိပါတ်)
သီတဂူဆရာတော်ဘုရားကြီး
ဟောကြားတော်မူအပ်သော
သာသနာကွယ်ကြောင်း တရားပေါင်း
တရားတော်မှ ကောက်နှုတ်တင်ပြပါသည်။
စကားချပ်= ဖော်ပြထားသော ပုံများသည်
ကမ္ဘောဒီးယားနိုင်ငံမှ
ရဟန်းတော်များ၏
ရဟန်းဘဝရပ်တည်နိုင်ရေးအွက်
လူတွေအလား အလုပ် လုပ်နေပုံကို
FBမှတင်ထားတာတွေ့လို့
ကူးယူတင်ပြခြင်းဖြစ်ပါသည်။
မေတ္တာဖြင့် Ashin Thu Min Ga La
30-Jun-2019-at 5-68-am
======================
**Uni**
????????????သာသနာကွယ်ကြောင်း တရားပေါင်း????????????
ဦးပဉ္ဇင်းတို့နိုင်ငံအပါအဝင်
၁။မြန်မာ
၂။ထိုင်း
၃။သီရိလင်္ကာ
၄။ကမ္ဘောဒီးယား
၅။ လာအိုဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံရှိရာ
မြန်မာနှင့်သီရိလင်္ကာမှလွဲပြီး အခြားသုံးနိုင်ငံ၏
သာသနာမှာ အတော်ယိုယွင်းလာနေပါပြီ
သီရိလင်္ကာသည်ပင် သိပ်မဟန်တော့ပေ
ဘာဖြစ်လို့ သာသနာကွယ်ရသလဲဆိုရင် ။
တရားမနာ ၊
စာပေမသင် ၊
နှုတ်တွင်မဆောင် ၊
သိအောင်မပြု ၊
ဓမ္မာနုဓမ္မ၊ပဋိပတ်ကွာ ၊
ဤငါးဖြာသည်၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း။
စာသင်ပယ်လျော့ ၊
ကျယ်မဟောကြား ၊
ကျယ်မချနှင့် ၊ ကျယ်စွာ့မအံ ၊
မကြံမစည် ၊ ဤငါးမည်သည် ၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း။
အက္ခရာပုဒ်ပျက် ၊လေ့ကျက်သင်ချ ၊
ဒုဗ္ဗစမူ ၊ စာချသူရှား ၊
လာဘ်များအောင်ဖန် ၊
ခိုက်ရန်ကွဲပြား ၊ ဤငါးပါးသည် ၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း။
သာသနဌိတိယံ ပန ပရိယတ်တိ ပမာဏံ ဟောတိ။
သာသနာတည်ဖို့ရန် ပရိယတ္တိသည်သာလျှင်
ပမာဏတရား ပဓာနတရား ဖြစ်၏။
ပရိယတ္တိသည် သာသနာတော်၏ ရေသောက်မြစ်
ပဋိပတ္တိသည် သာသနာတော်၏
ပင်စည် အကိုင်းအခက်
ပဋိဝေဓသည် သာသနာတော်၏ အသီးအပွင့်
(အဂင်္ုတ္တရနိကာယ် ၊ ပဉ္စကနိပါတ်)
သီတဂူဆရာတော်ဘုရားကြီး
ဟောကြားတော်မူအပ်သော
သာသနာကွယ်ကြောင်း တရားပေါင်း
တရားတော်မှ ကောက်နှုတ်တင်ပြပါသည်။
စကားချပ်= ဖော်ပြထားသော ပုံများသည်
ကမ္ဘောဒီးယားနိုင်ငံမှ
ရဟန်းတော်များ၏
ရဟန်းဘဝရပ်တည်နိုင်ရေးအွက်
လူတွေအလား အလုပ် လုပ်နေပုံကို
FBမှတင်ထားတာတွေ့လို့
ကူးယူတင်ပြခြင်းဖြစ်ပါသည်။
မေတ္တာဖြင့် Ashin Thu Min Ga La
30-Jun-2019-at 5-68-am