ဧရာ၀တီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook ၌ တင်ခဲ့သည့် Zin ko tun အကောင့်ပိုင်ရှင်ကို တည်ဆဲ ဥပဒေများနှင့် အရေးယူနိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့ စီစဉ်

ဧရာ၀တီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook ၌ တင်ခဲ့သည့် Zin ko tun အကောင့်ပိုင်ရှင်ကို တည်ဆဲ ဥပဒေများနှင့် အရေးယူနိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့ စီစဉ်
……………………………………………………

ရန်ကုန်၊ ဇူလိုင်၂၉

ဧရာ၀တီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook တွင် တင်ခဲ့သူ Zin ko tun အကောင့်ပိုင်ရှင်ကို အရေးယူ ရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် အဖွဲ့အစည်းပေါင်းစုံစီစဉ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ Wcs MYAN MAR မှ ကိုနိုင်လင်းကပြောသည်။

ဧရာ၀တီလင်းပိုင် ဖမ်းဆီးသတ်ဖြတ်သူနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက် people media က ဆက်သွယ်မေး မြန်းရာတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS Myanmar မှ ကိုနိုင်လင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဖေ့စ်ဘုတ်မှာ တက်နေတဲ့အကောင်ပေါက်လေးက ဧရာ၀တီလင်းပိုင် ဧရာ၀တီမြစ်ထဲကတော့မဟုတ်ဘူးဗျ။ သူ့ရဲ့အနေအထားအရ ဧရာ၀တီလင်းပိုင်က ကမ်းရိုးတန်းမှာလည်းရှိနေတာဆိုတော့လေ။ အရေးယူဖို့ကတော့ ငါးလုပ်ငန်းအဖွဲ့အစည်းကရော တခြားလူတွေကရော ကြိုးစားနေပါတယ်။ အောက်ခြေမှာပေါ့။ အရေးယူရင် တော့ ဇီ၀မျိုးစုံနဲ့ မျိုးကွဲထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဥပဒေ လည်းပါတယ်။ ဇီ၀မျိုးစုံမျိုးကွဲတွေအပေါ်မှာ ဒီလိုမျိုးလုပ်တဲ့ဟာအပေါ် ကျွန်တော်တို့ကအများကြီး စိတ် မကောင်းဘူး။ ရှုတ်လည်း ရှုတ်ချတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ Zin ko tun အကောင့်ပိုင်ရှင်သည် ၎င်း facebook တွင် ဧရာ၀တီလင်းပိုင်အား ဓါတ်ပုံရိုက်၍ ကိုယ် တိုင်ဖမ်းခဲ့သည်ပေါ့ စာသားအား တင်ခဲ့ပြီး ၎င်းအပေါ် လူအများမှ ဝိုင်း၀န်းအပြစ်တင်ပြောဆိုလျက်ရှိသည်။

“ဧရာ၀တီလင်းပိုင်က ၂၀၂၀ ဖေဖေါ်ဝါရီလပေါ့။ စစ်တမ်းအရ ၇၉ ကောင်ပေါ့ရှိပါတယ်။ အခု ဧရာ၀တီလင်းပိုင် သေတာတွေလည်းရှိတယ်။ အဓိက ကိုဗစ်ကာလမှာ တရားမ၀င်ငါးဖမ်းဆီးမှုကြောင့် သေဆုံးမှုတွေရှိတယ်။ ဒါပေမဲ့ ဘယ်နှစ်ကောင်ကျန်သေးလဲဆိုတာ အဲဒါတော့ လောလောဆယ် ကျွန်တော်တို့ပြောလို့မရသေးဘူး။ ရှေ့နှစ် ဖေဖေါ်ဝါရီမှ ဘယ်နှစ်ကောင်ရှိတယ်ဆိုတာ အတိအကျပြောလို့ရမဲ့အနေအထားရှိတယ်’’ ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS Myanmar မှ ကိုနိုင်လင်းက ထပ်မံပြောသည်။

#PeopleMedia #WCSMyanmar

===========================

(unicode)
ဧရာဝတီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook ၌ တင်ခဲ့သည့် Zin ko tun အကောင့်ပိုင်ရှင်ကို တည်ဆဲ ဥပဒေများနှင့် အရေးယူနိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့ စီစဉ်
……………………………………………………

ရန်ကုန်၊ ဇူလိုင်၂၉

ဧရာဝတီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook တွင် တင်ခဲ့သူ Zin ko tun အကောင့်ပိုင်ရှင်ကို အရေးယူ ရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် အဖွဲ့အစည်းပေါင်းစုံစီစဉ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ Wcs MYAN MAR မှ ကိုနိုင်လင်းကပြောသည်။

ဧရာဝတီလင်းပိုင် ဖမ်းဆီးသတ်ဖြတ်သူနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက် people media က ဆက်သွယ်မေး မြန်းရာတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS Myanmar မှ ကိုနိုင်လင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။


အဆိုပါ Zin ko tun အကောင့်ပိုင်ရှင်သည် ၎င်း facebook တွင် ဧရာဝတီလင်းပိုင်အား ဓါတ်ပုံရိုက်၍ ကိုယ် တိုင်ဖမ်းခဲ့သည်ပေါ့ စာသားအား တင်ခဲ့ပြီး ၎င်းအပေါ် လူအများမှ ဝိုင်းဝန်းအပြစ်တင်ပြောဆိုလျက်ရှိသည်။

“ဧရာဝတီလင်းပိုင်က ၂၀၂၀ ဖေဖေါ်ဝါရီလပေါ့။ စစ်တမ်းအရ ၇၉ ကောင်ပေါ့ရှိပါတယ်။ အခု ဧရာဝတီလင်းပိုင် သေတာတွေလည်းရှိတယ်။ အဓိက ကိုဗစ်ကာလမှာ တရားမဝင်ငါးဖမ်းဆီးမှုကြောင့် သေဆုံးမှုတွေရှိတယ်။ ဒါပေမဲ့ ဘယ်နှစ်ကောင်ကျန်သေးလဲဆိုတာ အဲဒါတော့ လောလောဆယ် ကျွန်တော်တို့ပြောလို့မရသေးဘူး။ ရှေ့နှစ် ဖေဖေါ်ဝါရီမှ ဘယ်နှစ်ကောင်ရှိတယ်ဆိုတာ အတိအကျပြောလို့ရမဲ့အနေအထားရှိတယ်’’ ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS Myanmar မှ ကိုနိုင်လင်းက ထပ်မံပြောသည်။

#PeopleMedia #WCSMyanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top