အောင်ပန်းမြို့အစိုးရဆေးရုံကြီးတွင်တက်ရောက်ကုသနေသောလူနာများ၊လူနာစောင့်မိသားစုများအတွက်အဟာရဒါနလှူဒါန်းခဲ့တဲ့ ကျော်သူတို့မိသားစု

တစ်ခေတ်တစ်ခါကနေယနေ့အချိန်အထိပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်သရုပ်ဆောင်မင်းသားကြီးဦးကျော်သူကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့ယခုနောက်ပိုင်းမှာသူချစ်တဲ့အနုပညာအလုပ်တွေနဲ့အတူ ရန်ကုန်နာရေးကူညီမှုအသင်းကြီးမှာဥက္ကဌတစ်ယောက်အနေနဲ့ပါ ပရဟိတအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ဦးကျော်သူကတော့ ဘာသာတရားကိုကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို မကြာခဏဆိုသလိုလည်းအလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။

ဒီနေ့ဇူလိုင်လ(၂၉)ရက်နေ့မှာလည်းဦးကျော်သူတို့မိသားစုက အောင်ပန်းမြို့အစိုးရဆေးရုံကြီးတွင်တက်ရောက်ကုသနေကြသောလူနာများ၊လူနာစောင့်မိသားစုများနှင့် အချုပ်အနှောင်ခံအကျဉ်းသားများအတွက် ထမင်းဆီဆမ်းပူပူ၊ကြက်သားကြော်၊ငရုတ်သီးကြော် (၁၀၀၀၀၀/-)တစ်သိန်းကျပ်ဖိုးအဟာရဒါနလှူဒါန်းခဲ့တဲ့အပြင် ဆေးရုံကြီးဝင်ရာလမ်း၊တံတားအတွက်လည်းအလှူငွေ(၁၀၀၀၀ဝိ/-)တစ်သိန်းကျပ်အားထပ်မံ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါအလှူမှာတော့ ကျော်သူမိသားစုနှင့်အတူ ထွန်းကိုကို၊ဇွဲလရောင်၊စွမ်းထက်နှင့်ရန်ကုန်အဖွဲ့များနှင့်အတူနာရေးကူညီမှုအသင်း(အောင်ပန်း)ဥက္ကဌဦးစိုးနိုင်နှင့် အဖွဲ့သားများ၊အဖြူရောင်တွဲလက်များ ပရဟိတအဖွဲ့သားများကပူပေါင်းပါဝင်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်းဦးကျော်သူနဲ့အဖွဲ့သားအားလုံးရဲ့ အဟာရဒါနကုသိုလ်နှင့်လမ်းတံတားခင်းကုသိုလ်အစုစုတို့အားသာဓုခေါ်ခဲ့ကြပါဦးနော်။

source-kyaw thu

ZAWGYI

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top