မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသော စစ်ဘက်ဆိုင်ရာ သူရဘွဲ့ရတဲ့ သူရမချစ်ပိုရဲ့ အုတ်ဂူပါ ပြင်ဦးလွင်မှာရှိပါတယ်

မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသော စစ်ဘက်ဆိုင်ရာ သူရဘွဲ့ရတဲ့ သူရမချစ်ပိုရဲ့ အုတ်ဂူပါ ပြင်ဦးလွင်မှာရှိပါတယ်

* သူရမချစ်ပို…. နာမည်အရင်းမှာ( ဒေါ်စုပိုချစ်)*

????????????????????????????????

၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အစိုးရမှ`သူရ´´ဘွဲ့ချီးမြှင့်ပေးအပ်ခဲ့သူအမျိုးသမီးတစ်ဦးရှိခဲ့ပါသည်။

မြန်မာ့တပ်မတော်နှင့်မြန်မာနိုင်ငံတွင်တစ်ဦးတည်းသောအမျိုးသမီး“သူရ´´ဘွဲ့ပိုင်ရှင်ဖြစ်ပါသည်။၎င်းမှာထားဝယ်သူမလေး“သူရမချစ်ပို´´ဖြစ်ပါသည်။

မချစ်ပိုကို၁၉၀၇ခုနှစ်တွင်ထားဝယ်မြို့တွင်မွေးဖွား၍ထားဝယ်မြို့တွင်ပင်ကြီးပြင်းခဲ့သည်။

မချစ်ပိုသည်အသက်(၂၀)အရွယ် ၁၉၄၇ခုနှစ်တွင်BEတပ်ထဲဝင်သွားသော မောင်ဖြစ်သူအားရှာဖွေရန်ထားဝယ်မှပြင်ဦးလွင်သို့တစ်ဦးတည်းထွက်ခွာသွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်•ဒေါ်ပုတို့၏မွေးစားသမီးကဲ့သို့ချစ်ခြင်းကိုရရှိကာ၎င်းအိမ်တွင်ဆက်လက်
နေထိုင်သွားလေသည်။ထို့နောက် ဦးကြွယ်•ဒေါ်ပုတို့နှင့်ရင်းနှီးသူBEတပ်မှတပ်ကြပ်လှမောင်နှင့်လူငယ်သဘာဝချစ်ကျွမ်းဝင်ကာအိမ်ထောင်ကျသွားလေတော့သည်။

မချစ်ပိုသည်BEတပ်မှစစ်သည်ဖြင့်အိမ်ထောင်ကျပြီးနောက်……၁၉၄၉ခုနှစ်ဖေဖေါ်ဝါရီလ၂၁ရက်နေ့တွင် KNDOတပ်ဖွဲ့များသည်မေမြို့(ယခုပြင်ဦးလွင်မြို့)အားအလစ်အငိုက်စီးနင်းသိမ်းပိုက်လေသည်

ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူဦးစီးသောအမှတ်(၁)BEတပ်ခွဲနှင့်အမှတ်(၂)BEတပ်ခွဲတို့သည်ရရာလက်နက်ခဲယမ်းများသိမ်းဆည်းကာ လားရှိုးဘက်သို့ဆုတ်ခွာသွားခဲ့ကြသည်။

ထိုသို့ဆုတ်ခွာသွားသောတပ်များသည်လားရှိုးတွင်ပြန်လည်စုဖွဲ့ကာမေမြို့သို့ပြန်လည်ချီတက်လာခဲ့ကြသည်။

မေမြို့ ရေချမ်းအိုးရွာဘက်တွင်တိမ်းရှောက်နေကြသောBEတပ်မှအရာရှိစစ်သည်များနှင့်ကျန်တပ်ပေါင်းစုံမှတပ်ဖွဲ့ဝင်များသည်လည်းBEတပ်တွင်လာရောက်ပူးပေါင်းကြလေသည်။ထိုနောက်…

တပ်ပေါင်းစုအင်အားဖြင့် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင်ပြန်လည်တိုက်ခိုက်ခဲ့ရာ BEတပ်ကုန်း(ယခု မေမြို့အင်ဂျင်နီယာတပ်)နေရာကိုပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးလက်နက်ခဲယမ်းများကိုပါရှိခဲ့လေသည်။ထို့အပြင် မြို့တွင်းတိုက်ပွဲအဖြစ်ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့ဝင်များသည်လည်း မေမြို့-လားရှိုးလမ်းတလျှောက် မြို့မရုပ်ရှင်ရုံအထိသိမ်းပိုက်လိုက်နိုင်ခဲ့သည်။

အင်ဂျင်နီယာတပ်မှဦးဆောင်ကာမေမြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီ(၂၄)ရက်နေ့အားBEတပ်ဖွဲ့(ခေါ်)အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။

ထိုသို့……ဖေဖေါ်ဝါရီ(၂၄)ရက်တွင်စခန်းများရှိပြီးဖြစ်သော်လည်းမြို့တွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီးတဖက်နှင့်တဖက်ခြေကုတ်စခန်းများကိုအားပြုကာအဖွဲ့ငယ်များစေလွှတ်၍အပြန်အလှန်သတင်းထောက်လှမ်းတိုက်ခိုက်နေကြလေသည်။

မြို့ပေါ်တွင်လည်းလေ့ကျင့်မှုမရှိသောအရပ်သားများသည်ပင်ရရာလက်နက်စွဲကိုင်ပြီးတပ်နှင့်ပူပေါင်းတိုက်ပွဲဝင်ကြလေသည်။

ဤအခြေအနေတွင်ခက်ခဲသောကိစ္စရပ်တစ်ခုမှာရန်သူသတင်းထောက်လှမ်းရေးရရှိရေးပင်ဖြစ်သည်။ထိုစဉ်ကBEDTကုန်းမှထွက်လိုက်သည်နှင့်ရန်သူသည်ယောင်္ကျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများပြုလုပ်လျှက်ရှိပြီးမိန်းမများမှာစျေးရောင်းခြင်းနွားကျောင်းခြင်းများဖြင့်ဝင်ထွက်လျှက်ရှိလေသည်။BEတပ်ဦးစီးသောတပ်ပေါင်းစုအတွက်အခက်အခဲဖြစ်ပေါ်လျှက်ရှိသောသတင်းထောက်လှမ်းရှိရေးအတွက်မိမိဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာထားဝယ်သူမလေး“မချစ်ပို´´ပင်ဖြစ်ပါသည်။

မချစ်ပိုသည်ထားဝယ်သူဖြစ်ခြင်းကြောင့်စကားပြောလျှင်အသံဝဲပြီးအသားမဖြူမညို၊မျက်နှာလေးထောင့်စပ်စပ်အရပ်ငါးပေသုံးလက်မခန့်ရှိသည်။စကားပြောလျှင်ခပ်ပြတ်ပြတ်ပြောတတ်သဖြင့်လုပ်စရာရှိလျှင်ပြတ်ပြတ်သားသားလုပ်မည့်သဘောကိုဆောင်လေသည်။ မချစ်ပို၏ယောင်္ကျားဖြစ်သူတပ်ကြပ်လှမောင်အပါအဝင်အင်ဂျင်နီယာတပ်ဖွဲ့များသည်လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ်တစ်ဖက်နှင့်တဖက်အဖွဲ့ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ကြရာမှတပ်ကြပ်လှမောင်အားသေနတ်ထိမှန်ကာဒဏ်ရာရှိခဲ့လေသည်။

မချစ်ပိုသည်ဓားတိုတလက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ကာ ခမောက်ဆောင်းကာ၊တုတ်တချောင်း၊လွယ်အိပ်တလုံးတို့ဖြင့်နွားကျောင်းသမားပုံသဏ္ဍာန်ဖြင့်DKDOတပ်များတပ်စွဲထားသောမေမြို့လေ့ကျင့်ရေးတပ်ကုန်း၊ဆေးတပ်ကုန်းများဘက်သို့နည်းမျိုးစုံဖြင့်ဝင်ရောက်ကာ ရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ကွပ်ကဲရေးရုံးတည်နေရာနှင့်အခြားထောက်လှမ်းရေးလုပ်ငန်းများကိုလည်းလုပ်ဆောင်ခဲ့လေသည်။

ရန်သူသည်နွားတစ်အုပ်နှင့်မချစ်ပိုအားနွားကျောင်းနေသည်ဟုသာထင်နေကြလေသည်။ မချစ်ပိုသည်နွားကျောင်းရင်းဖြင့်ရန်သူလက်နက်ကြီးပစ်ကူနေရာများ၊စစ်သေနတ်ကြီးများချထားသည့်နေရာများအားတပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။တခါတရံရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်တွေ့ဆုံစဉ်အခွင့်သာပါကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်လာခဲ့ရာရန်သူတပ်ဖွဲ့များအတော်ပင်အထိနာခဲ့လေသည်။

စစ်ဆင်ရေးတွင်ကျင်လည်လာသော မချစ်ပိုသည်လက်ရှိလုပ်ဆောင်ချက်အားအားမလိုအားမရဖြစ်ကာထမီအစားဘောင်းဘီဝတ်လိုကြောင်းနေရာတိုင်းသုံးမရသောလက်ပစ်ဗုံးအစားသေနတ်တပ်ဆင်ပေးရန်နှင့်နေ့ခင်းဘက်တွင်ထောက်လှမ်းရရှိခဲ့သောနေရာများအားညဘက်တွင်တပ်ဖွဲ့နှင့်အတူလိုက်ပါတိုက်ခိုက်လိုကြောင်းတင်ပြခဲ့လေသည်။

မချစ်ပို၏တင်ပြချက်အားဗိုလ်ကြီးဘဖြူမှသဘောတူကာရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည်နေ့ခင်းဘက်တွင်သတင်းထောက်လှမ်း၍ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲကြလေသည်။ မချစ်ပိုပါဝင်သောတပ်ဖွဲ့၏တိုက်ခိုက်မှုများကြောင့်KNDOအဖွဲ့များမှာများစွာအထိနာခဲ့လေသည်။ထို့နောက်……
ထောက်ပံ့ရေးကုန်းသို့ဝင်စီးသောညတွင်ကားမချစ်ပိုကိုထိမှန်လေတော့သည်။

နေ့ခင်းဘက်ကမချစ်ပိုဝင်ရောက်ထောက်လှမ်းရရှိခဲ့သည့်လက်နတ်ကြီးနေရာအားတပ်ဖွဲ့မှနောက်ပိုင်းမှမော်တာဖြင့်ဦးနှိမ်ပစ်ခတ်ထားပြီး…မချစ်ပိုပါဝင်သောအဖွဲ့ကရန်သူ၏ခံစစ်စည်းထဲသို့အတင်းထိုးဖောက်ဝင်ရောက်သွားကြလေသည်။ရန်သူများခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင်စစ်သည်များကလှံစွပ်ဖြင့်တက်ထိုးရန်ပြင်ဆင်ကြလေရာ…မချစ်ပိုကလက်မခံပဲလက်ပစ်ဗုံးဖြင့်ပစ်မည်ဟုဆိုကာလှိမ့်၍ချည်းကပ်သွားလေသည်။မချစ်ပိုအပစ်မခံရစေရန်စစ်သည်များကကာပစ်ပစ်ပေးရင်းယောင်ပြလှုပ်ရှားမှုများပြုလုပ်ပေးကြလေသည်။ရန်သူသေနတ်သံများရပ်ဆဲသွားခဲ့ပြန်လေသည်။မချစ်ပိုကားထပ်မံလက်စွမ်းပြခဲ့ပြန်လေသည်။

ချည်းကပ်မျဉ်းမှပြန်အထွက်တွင်မချစ်ပိုကိုလှိမ့်မှောက်ပြီးဆုတ်ခဲ့ရန်ပြောသော်လည်းရန်သူအားအထင်သေးမိကာမတ်တပ်ပြန်လာခဲ့ခြင်းကြောင့်…ရန်သူသေနတ်သံတစ်ချက်ထွက်ပေါ်လာပြီးမချစ်ပိုဗိုက်ကိုလက်နှင့်ဖိကာလဲကျသွားခဲ့ရလေသည်။

မချစ်ပိုကားသတ္တိကောင်းလှပေသည်။ဒဏ်ရာရသည့်တိုင်ညည်းညူခြင်းမရှိ၊ဗိုက်ကိုအဝတ်ဖြင့်ပတ်ပြီးဖိထားလေသည်။

ရဲဘော်များမချစ်ပိုကိုပွေ့ကာမြို့ထဲဘက်သို့ခေါ်ဆောင်သွားကြလေသည်။

ထို့နောက်…နယူဆေးတိုက်မှဆရာဝန်ဒေါက်တာဘရှင်ရောက်ရှိလာပြီးမချစ်ပိုအားကားဖြင့်တင်ကာဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသပေးလေသည်။ ထို့သို့ခွဲစိတ်ကုသပြီးသောအချိန်တွင်KNDOအဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက်စစ်ဆေးကြကြောင်းဒေါက်တာဘရှင်ကမင်သေသေဖြင့်ဟောက်လွှတ်သောကြောင့်ပြန်သွားကြကြောင်းသိရှိရလေသည်။

ထိုအချိန်ကခေတ်အခြေအနေရလျှပ်စစ်မီးနှင့်အောက်လင်းမီးမရှိခြင်းကြောင့်မချစ်ပို၏ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင်ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား၁၅ချက်ခန့်ချုပ်ခဲ့ရကြောင်းမချစ်ပိုသည်ထိုဆေးတိုက်မှာပင်တပတ်ခန့်ပုန်းအောင်းကာဆေးကုသနေခဲ့ရကြောင်းအနာမကျက်သေးမီမချစ်ပိုကပြန်ချင်လှပြီဆိုကာမွေးစာဖခင်ဦးကြွယ်၏နေအိမ်သို့ပြန်ခဲ့လေသည်။

KNDOအဖွဲ့မှဗိုလ်အဆင့်ရှိသောစောဘစံဆိုသူမှာ…ထုံးဘိုရပ်ထဲမှမချစ်ပုဆိုသူအမျိုးသမီးနှင့်ပတ်သက်လျှက်ရှိကြောင်း၊မချစ်ပုနှင့်စောဘစံ၏ယုတ်မာမှုများကြောင့်အရပ်ထဲမှတခြားမိန်းကလေးများမှာလည်းဖျက်ဆီးခံခဲ့ရသည်များလည်းရှိခဲ့ကြောင့်၊စောဘစံ၏အမြှောင်မယားမချစ်ပု၏လက်ထောက်ချမှုကြောင့် စောဘစံအဖွဲ့သည်မချစ်ပိုကိုသိရှိသွားလေတော့သည်။

မချစ်ပို၏လှုပ်ရှားမှုများအားစောင့်ကြည့်ကာဆေးတိုက်မှဆင်းပြီးဦးကြွယ်၏အိမ်တွင်ပုန်းခိုနေထိုင်နေသောမချစ်ပိုအားစောဘစံဦးဆောင်ပြီးလက်နတ်ကိုင်လေးငါးဦးခန့်ဖြင့်မချစ်ပိုအားလာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြလေတော့သည်။

မချစ်ပိုသည်ထွက်ပြေးရန်မကြိုးစား၊
ဓားတိုတချောင်းကိုဝှက်ကာလိုက်ပါသွားလေသည်။

ထိုရက်များတွင်မေမြို့ရှိBEတပ်များမှာမန္တလေးသို့ဆင့်ခေါ်ခြင်းခံရသဖြင့်ပြန်လည်းဆုတ်ခွာသွားကြလေရာတပ်ဖွဲ့ဝင်များ၏ဇနီးနှင့်သားသမီးများကိုကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်းမရှိတော့သဖြင့်မိသားစုဝင်များမှာဟိုသည်ပုန်းအောင်း၍နေကြရရှာလေသည်။

မချစ်ပိုမှာလည်းဒဏ်ရာမပျောက်ကင်းသေးသဖြင့်ကျန်ရစ်ခဲ့ရမှအဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။KNDOအဖွဲ့များသည်သာမန်စစ်သည်မိသားစုများကိုစိတ်ဝင်စားခြင်းမရှိဘဲ၎င်းတို့အားနည်းမျိုးမျိုးဖြင့်တိုက်ခိုက်ကာဒုက္ခပေးခဲ့သောမချစ်ပိုကိုသာသဲကြီးမဲကြီး
လိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။ မချစ်ပိုကိုစောဘစံကသူ၏အမြှောင်မယားမချစ်ပု၏နေအိမ်သို့ဖမ်းဆီးခေါ်ဆောင်သွားလေသည်။ထိုအချိန်ကမချစ်ပိုတွင်အံပ္ပွားရှိခြင်းကြောင့်ဓား၊သေနတ်ပြီးကာသူမကိုယ်တိုင်သာမကနောက်ကလိုက်ပါကြသူများသည်လည်းကျည်ဆန်ထိမှန်ခြင်းမရှိဟုယုံကြည်နေကြလေသည်။

စောဘစံ၏မယားမချစ်ပု၏နေအိမ်သို့ရောက်သည်နှင့်မချစ်ပိုကိုဖမ်းချုပ်ကာသူမ၏အံသွားများကိုဓားဖြင့်ကလန့်ထုတ်ကြလေသည်။ မချစ်ပိုသည်အံသွားအပို(အံပွား)ပါသူတစ်ဦးဖြစ်သည်။

မချစ်ပိုသည်ဝှက်ယူလာသောဓားတိုဖြင့်သွားနှုတ်နေသူအားထိုးလေရာနှစ်ဦးထံဓားထိုးခံရကာသေဆုံးလေတော့သည်။

မချစ်ပို၏လုပ်ဆောင်ချက်ကြောင့်စောဘစံသည်မခံရပ်နိုင်ဖြစ်ကာသေနတ်ဆွဲ၍မချစ်ပိုအားတရစပ်ပစ်ခတ်လေရာမချစ်ပိုမှာလဲကျသွားလေတော့သည်။ မချစ်ပိုသည်ဒဏ်ရာပြင်းထန်စွာရနေသော်လည်းအတန်ကြာသည်အထိသေဆုံးခြင်းမရှိသဖြင့်အသက်ပြင်းသည်ဟုပြောစမှတ်ပြုကြလေသည်။ ထို့နောက်စောဘစံသည်မချစ်ပို၏အလောင်းအားရေတွင်းထဲသို့ပစ်ချလိုက်လေသည်။

အပေါ်မှအုတ်ခဲကျိုးများ၊ပန်းအိုးကွဲများပစ်ချလိုက်လေသည်။

ဤသို့ဖြင့်အမျိုးသမီးသူရဲကောင်းမချစ်ပိုသည်(၈.၄.၄၉)ရက်နေ့၊အသက်(၄၂)အရွယ်တွင်ကျဆုံးသွားရရှာလေသည်။ မချစ်ပိုကျဆုံးသောနေ့ရက်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကမန္တလေးမြို့အားပြန်လည်သိမ်းပိုက်သောနေ့ဖြစ်လေသည်။

ထို့နောက်မချစ်ပိုသေဆုံးအပြီး(၃)ရက်ခန့်အကြာတွင်တပ်များပြန်လည်ရောက်ရှိလာပြီးမချစ်ပို၏အလောင်းအားပြန်လည်ဆယ်ယူကြလေသည်။

(၁၆.၄.၄၉)ရက်နေ့တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှမန္တလေး-မေမြို့ကားလမ်းအားစစ်ဆေးရန်ရောက်ရှိလာသောဗိုလ်မှူးကြင်နှင့်စစ်သည်များသည်မချစ်ပို၏အလောင်းကိုစစ်အခမ်းအနားဖြင့်ကောင်းမွန်စွာသင်္ဂြ ိုလ်ခဲ့ကြလေသည်။

မချစ်ပိုအတွက်အမိန့်စာအားဦးထွန်းအုံမှဖတ်ကြားကြောင်းသိရှိရလေသည်။

နိုင်ငံတော်အတွက်……အသက်ကိုပဓနမထားပဲ……သူရသတ္တိပြောင်မြောက်စွာဖြင့်နောက်ဆုံးအချိန်ထိရဲဝံ့စွန့်စားစွာတိုက်ပွဲဝင်ခဲ့သော“မချစ်ပို´´အား(၁၉၅၀)ပြည့်နှစ်၊လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အစိုးရမှ“သူရ´´ဘွဲ့တံဆိပ်တော်အားချီးမြင့်ပေးအပ်ခဲ့
လေသည်။ မေမြို့ရှိ မချစ်ပို၏အုတ်ဂူလေးကိုအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်။

(၁၉၆၀)ပြည့်နှစ်တွင်မေမြို့အင်ဂျင်နီယာတပ်၌ဗိုလ်မှူးတင်မောင်(သိပ္ပံမှူးတင်)တပ်မှူးဖြစ်သောအခါအုတ်ဂူလေးကိုပြန်လည်မွမ်းမံခဲ့ကြောင်းသိရှိရသည်အမိမြေကိုချစ်သောအာဇာနည်အမျိုးသမီး“သူရမချစ်ပို´´၏အုတ်ဂူဖြူဖြူလေးကို ပြင်ဦးလွင်မြို့ ထုံးဘိုရပ်တွင်ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါသည်။

မသိနားမလည်ကြသူအချို့ကအုတ်ဂူ
သင်္ချိုင်းမှာမြို့ထဲရောက်နေသဖြင့်ရွှေ့ပစ်သင့်သည်ဟုယူဆနေကြပါသည်။ “သူရမချစ်ပို´´၏အုတ်ဂူသည်သင်္ချိုင်းမဟုတ်ပါ။မေမြို့(ပြင်ဦးလွင်)ကိုချစ်သော၊မေမြို့တိုက်ပွဲတွင်မြန်မာအမျိုးသမီးများ၏စိတ်ဓါတ်ကိုပြဆိုနေသော…ဂုဏ်ရောင်ကိုထွန်းလင်းစေသောစံအိမ်လေးတစ်ခုသာဖြစ်ပါသည်။`သူရမချစ်ပို´´သည်ရုပ်ခန္ဓာသေဆုံးသွားသော်လည်းစွမ်းရည်သတ္တိမသေဆုံးသေးသောထာဝရရှင်သန်နေမည့်မြန်မာအမျိုးသမီးတစ်ဦးသည်အုတ်ဂူစံအိမ်လေးထဲတွင်အိပ်ပျော်နေခြင်းသာဖြစ်သည်ဟုမှတ်ယူနားလည်မိပါသည်။

============================

#Crdကိုယ်ရေးရာဇဝင်

ပြင်ဦးလွင် သတင်စုံမှ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top