အိန္ဒိယစစ်သား (၂၀) သေဆုံးခဲ့သည့် တရုတ်နယ်စပ်သို့ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင်သွားရောက်…

အိန္ဒိယစစ်သား (၂၀) သေဆုံးခဲ့သည့် တရုတ်နယ်စပ်သို့ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင်သွားရောက်…

ဇွန်လ (၁၅) ရက်နေ့က အိန္ဒိယ-တရုတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယစစ်သား (၂၀) သေဆုံးခဲ့သည့် ဂယ်ဂမ်ချိုင့်ဝှမ်းတိုက်ပွဲအပြီး အခြေအနေကိုပြန်လည်သုံးသပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီဟာ ဇူလိုင် ၃ ရက်မနက်ခင်းမှာ အဲဒီနေရာကို ရောက်ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

သူဟာ တပ်မတော်၊ လေတပ်နဲ့ ITBP ၀န်ထမ်းတွေနဲ့ ဆက်သွယ်ပြီး Nimu ဒေသ ရဲ့ ရှေ့တန်းနေရာတစ်ခုမှာတွေ့ဆုံခဲ့ပါတယ်၊ Nimu ဒေသဟာ ပေ ၁၁၀၀၀ အမြင့်မှာတည်ရှိပြီး Zanskar တောင်တန်းနဲ့ အိန္ဒုမြစ်ကမ်းခြေတွေဝန်းရံထားပြီး ခက်ခဲတဲ့နယ်မြေဒေသဖြစ်ပါတယ်။

သတင်းတွေအရ ၀န်ကြီးချုပ်ဟာ အမှန်တကယ်ထိန်းချုပ်မှုမျဉ်းရှိ လုံခြုံရေးအခြေ အနေကိုပြန်လည်သုံးသပ်ပြီး စစ်သားတွေနဲ့လည်းအပြန်အလှန်ဆက်သွယ် ကြမှာဖြစ်ပါတယ်။ သူဟာဒဏ်ရာရစစ်သည်တွေနဲ့လည်း စစ်ဆေးရုံမှာတွေ့ဆုံမှာဖြစ်ပါတယ်

ဝန်ကြီးချုပ်နဲ့အတူကာကွယ်ရေး ၀န်ကြီး Bipin Rawat နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် MM Naravane တို့လိုက်ပါလာတယ်လို့ သတင်းကဖော်ပြပါတယ်။

#####################

အိန္ဒိယစစ်သား (၂၀) သေဆုံးခဲ့သည့် တရုတ်နယ်စပ်သို့ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင်သွားရောက်…

ဇွန်လ (၁၅) ရက်နေ့က အိန္ဒိယ-တရုတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယစစ်သား (၂၀) သေဆုံးခဲ့သည့် ဂယ်ဂမ်ချိုင့်ဝှမ်းတိုက်ပွဲအပြီး အခြေအနေကိုပြန်လည်သုံးသပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီဟာ ဇူလိုင် ၃ ရက်မနက်ခင်းမှာ အဲဒီနေရာကို ရောက်ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

သူဟာ တပ်မတော်၊ လေတပ်နဲ့ ITBP ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြီး Nimu ဒေသ ရဲ့ ရှေ့တန်းနေရာတစ်ခုမှာတွေ့ဆုံခဲ့ပါတယ်၊ Nimu ဒေသဟာ ပေ ၁၁၀၀၀ အမြင့်မှာတည်ရှိပြီး Zanskar တောင်တန်းနဲ့ အိန္ဒုမြစ်ကမ်းခြေတွေဝန်းရံထားပြီး ခက်ခဲတဲ့နယ်မြေဒေသဖြစ်ပါတယ်။

သတင်းတွေအရ ဝန်ကြီးချုပ်ဟာ အမှန်တကယ်ထိန်းချုပ်မှုမျဉ်းရှိ လုံခြုံရေးအခြေ အနေကိုပြန်လည်သုံးသပ်ပြီး စစ်သားတွေနဲ့လည်းအပြန်အလှန်ဆက်သွယ် ကြမှာဖြစ်ပါတယ်။ သူဟာဒဏ်ရာရစစ်သည်တွေနဲ့လည်း စစ်ဆေးရုံမှာတွေ့ဆုံမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့အတူကာကွယ်ရေး ဝန်ကြီး Bipin Rawat နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် MM Naravane တို့လိုက်ပါလာတယ်လို့ သတင်းကဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top