ဇူ လိုင် (၁၃) ရက်မှ (၁၇) ရက် အထိ အထက်တန်း အဆင့် စနစ် သစ် Grade 10 နှင့် စနစ်ေ ဟာင်း Grade 11 ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည်
ဇူ လိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းအဆင့်စနစ်သစ် Grade10 နှင့် စနစ်ဟောင်း Grade 11 ကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမ ည်ဖြစ်ပြီး အတန်းငယ်များမသိရသေးကြောင်း အခြေ ခံပညာဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းကပြောသည်။
အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းအပ်လက်ခံမည့် ကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက်နေ့တွင်
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
“ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အထိ အဲဒီ ၅ ရက်ကတော့ အထက်တန်းအဆင့်စနစ်သစ် Grade 10 နဲ့ စနစ်
ဟောင်း Grade 11 ကျောင်းအပ်နှံ့ရေး သီတင်းပတ်။ အဲဒီမှာ သက်ဆိုင်ရာကျောင်းတွေ မှာ သွားပြီးအပ်ရမယ်။ ကျောင်းသားတွေကို။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၁၂ သိန်းလောက်ရှိတယ်။ အဲဒီ ၅ ရက်အတွင်းမှာ အပ်ရပါ မယ်။ အပ်တဲ့အခါမှာ
ကျောင်းရောက်တာ နဲ့ ပုံမှန်ထောက်ပံ့နေကျပုံနှိပ် စာအုပ်အခမဲ့ပေးမယ်။
ဒီနှစ်ထူးပြီးတော့ ဗလာစာအုပ်တစ်ဒါဇင် နဲ့ ခဲတံနှစ်ချောင်းဘောလ်ပင်နှစ်ချောင်း ပေးမယ်။ နောက်ကိုဗစ်ကပ်ရောဂါအတွက်
ကာ ကွယ်ဖို့ အထူးအနေနဲ့ အဝတ် MASK ၂ ခုနှုန်းနဲ့ ပေးမယ်။
မျက်နှာကာတဲ့ဟာပေးမယ်။ အတန်းငယ်တွေက တော့ ထပ်ပြီးကြေညာ ပါလိမ့်မယ်။ အထက်တန်းတွေ၊
အလယ်တန်းတွေ ဖွင့်လို့ ဘာမှမဖြစ်ဘူးဆိုရင်တော့ မူလတန်း တွေဖွင့်ပါမယ်”ဟု ၎င်းကပြောသည်။
အခြေခံပညာဦးစီးဌာန လက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်ရှိပြီး ယခုနှစ်
၂၀၂ဝ ပြည့်နှစ် ကျောင်းဖွင့်ရာသီ တွင် COVID-19 ကပ်ရောဂါကြောင့် ကျောင်းအပ်လက်ခံချိန်နှင့်
ကျောင်းများဖွင့်မည့် ရက် အတိအကျကို ကြေညာရန် နောက်ကျ ခဲ့ပြီး ကျောင်းဖွင့်ချိန်များရွှေ့ဆိုင်းခဲ့သည်။
“ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းခန်းတစ်ခန်းကို အယောက် ၂၀ ပဲထားမယ် ဆိုတာလည်း ဒါကပုံသေမဟုတ်ပါဘူး။
ဒါကအခန်းတစ်ခန်း ရဲ့ အကျယ်အဝန်းပေါ့။ သာမာန်အားဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအ ဆင့်ရဲ့စာသင်ခန်းသည်
အလျားပေ ၃၀၊ အနံ့ ၂၄ ပေ ဆိုတော့ စတုရန်းပေ ၇၂၀ ရှိတယ်။
အဲဒါဆိုရင် ကျောင်း သား တစ်ယောက် ရဲ့ ပိုင်ဆိုင်ခွင့်က စတုရန်းပေ ၃၆ ပေရှိတယ်။ သာမာန်စာသင်ခန်းကတော့
ကျောင်းသား ၂၀ အတွက် စီစဉ်ပေး ဖို့ပေါ့။ ခါတိုင်း ကျောင်းသားတစ်ခန်းထဲ ၄၀ ဆိုရင်တော့စာသင်ခန်း ၂ ခန်းခွဲရမှာပေါ့။
အဓိက ၆ ပေအကွာခွာ ထားဖို့ပါပဲ’’ ဟု ဒေါက်တာတင်မောင်ဝင်းက ထပ်မံပြောသည်။
Ref ; People Media
===================
Unicode