မြန်မာနိုင်ငံပိုင် ကမ္ဘာမြေလေ့လာရေးဂြိုလ်တု လွှတ်တင်ရန် စီစဉ်နေ
မြန်မာပိုင် ကမ္ဘာမြေလေ့လာရေးဂြိုလ်တု လွှတ်တင်ရန် ခွင့်ပြုချက်တင်ထားပြီး ၂၀၂၀ နှစ်ကုန်ပိုင်း(သို့မဟုတ်) ၂၀၂၁ နှစ်ဆန်းပိုင်းတွင် လွှတ်တင်နိုင်ဖွယ်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဝင်းအောင်ကပြောသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က…
“အားလုံးအဆင်ပြေပြီဆိုရင် ဂြိုလ်တုကတင်ဖို့ပဲ။ ကျွန်တော်တို့က ဂျပန်မှာ သွားထုတ်တာလေ။ တင်ပေးမှာက ဂြိုလ်တုကို နာဆာကတင်ပေးမှာပေါ့။ အခုက International Space Station (ISS) ဆိုတာရှိတယ်။ သဘောထားမှတ်ချက်တွေ နိုင်ငံတွေကို မေးရသေးတယ်။ မေးပြီးလို့ အဆင်ပြေပြီ ခွင့်ပြုပြီဆိုမှ ကျွန်တော်တို့ကတင်ရမှာလေ။ ကမ္ဘာမြေလေ့လာရေးဂြိုလ်တု ပေါ့။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကိုပတ်နေမှာလေ။ ကီလိုမီတာအမြင့် ၄၀၀ အထက်ကနေပတ်နေမှာ။ ပတ်နေတဲ့အချိန်မှာ သူကတစ်နေ့ကို ရှစ်ပတ်ပတ်မယ်။ မြန်မာပြည်ကို သူကနှစ်ပတ်လောက်ရောက်မယ်။
အဲဒီ အခါကြတော့ ကိုယ့်နိုင်ငံကို ကိုယ်ဓါတ်ပုံရိုက်နိုင်တယ်။ ပြီးတော့ စိုက်ပျိုးရေးတွေကို ဂြိုလ်တုပုံရိပ်တွေယူပြီး တော့ စိုက်ပျိုးရေးမှာ လိုအပ်တဲ့မြေဩဇာလိုသလား။ ရေလိုသလား။ ဒါတွေလည်းစစ်လို့ရတယ်။ တစ်ခြား ဝန်ကြီးဌာနတွေအနေနဲ့ သတ္တုတူးဖော်ဖို့အတွက် ရေနံကြောတွေ၊ ရွှေကြောတွေ အဲဒါကိုလှိုင်းထုတ်ပြီး အောက်ခြေကိုပြန်ကြည့်တာပေါ့။ လွှတ်တင်ဖို့က ၂၀၂၀ နှစ်ကုန် ဒါမှမဟုတ် ၂၀၂၁ နှစ်ဆန်းပိုင်းလောက်ဖြစ်နိုင်တယ်” ဟု ပြောသည်။
၎င်းလွှတ်တင်မည့်ဂြိုလ်တုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅.၃ သန်းဖြစ်ပြီး စုစုပေါင်း ဂြိုလ်တု ၂ လုံးဖြစ်ကာ ၂၀၁၉ ခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ထုတ်တာက ကျွန်တော်တို့ဂြိုလ်တုကို ဂျပန်ကထုတ်မှာ ပြီးရင်ဂျပန်ကနာဆာကိုပို့မှာ။ နာဆာကမှ ISS ကို တင်မှာ။ ISS ကမှ သူ့လမ်းကြောင်းမှာ ချပေးခဲ့မှာ။ ကျွန်တော်တို့နိုင်ငံမှာ လွှတ်ဖို့ကဘာမှမရှိဘူးလေ။ လွှတ်လို့ ရတဲ့နိုင်ငံကိုပို့ရတာပေါ့” ဟု ညွှန်ကြားရေးမှူးဦးဝင်းအောင်ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း Myanmar sat 2 ဆက်သွယ်ရေးဂြိုလ်တုအား မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းအကုန်ကျခံ၍ တောင်အမေရိကတိုက်ရှိ ပြင်သစ်ပိုင် ဂိုင်ယာနာ ဂြိုလ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။
######################