တရုတ်ပြည်က ကြေးတုံးကို ရွှေနဲ့ ပြန်ငုံထားတဲ့ kilo ပြားတွေက လေဆာစက်နဲ့ စစ်တာကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တယ်…ဆိုပဲ.. ဗျ။ ဒါဆိုရင်… ဘဏ်ကြီးတွေ လက်ထဲမှာ ရှိတဲ့ ရွှေပြားရွှေတုံးတွေ အားလုံးပြန် စစ်ပြီး အတုအစစ် ခွဲထုတ်ဘို့… လို.. မလို?
ဟိုးတလောတုန်းကလည်း ယိုးဒယားမှာ အဖြိုက်နက် သတ္ထုရောစပ် ပစ္စည်းကို ရွှေသတ္ထုနဲ့ငုံပြီး အတုလုပ်ထားတဲ့ ရွှေပြားတွေ မိတဲ့ သတင်းတက်လာခဲ့ဘူးတယ်။ သတ္ထုတွေရဲ့ လိမ်လို့မရတဲ့ အချက်က သိပ်သည်းဆ Density ပါပဲ… ထုထည် Volume တခုမှာ ရှိသင့်တဲ့ အလေးချိန် ရှိနေရမှာပါ။ သိပ်သည်းဆ သိပ်မကွာတဲ့ သတ္တုကိုရှာ ရွှေနဲ့ ပြန်ငုံ ရွှေပြားဖြစ်အောင် အယုံသွင်းတဲ့ ပညာရပ်ကလည်း တော်တော် မလွယ်ပါဘူး။
မိတ်ဆွေ အပေါင်ဆိုင်မှာတော့.. ကပ်ကြေး နဲ့ ဘော်စား ငရဲမီးဆောင်ထားတာတွေ့ရတယ်။ လာပေါင်ရင်တော့ ကပ်ကြေးနဲ့ ဖြတ်.. ဘော် စားနဲ့စစ်တော့တာပါပဲ… တချို့လာပေါင်သူများက ” မဖြတ်ပါနဲ့ရှင်.. မိဘအမွေလေးမို့ အမှတ်တရ ပစ္စည်းလေးမို့..ပါ” ဆိုရင်လဲ.. ” တခြားဆိုင်သွားပါ.. ကျွန်တော်တို့က စစ်ပြီးမှ လက်ခံပါတယ် “ခပ်..ပြတ်ပြတ်ပါ ပဲ..
Customer ပြန်သွားတော့… ” မင်းကွာ…အားနာစရာကြီး..သနားပါတယ်..” ဆိုတော့… အားနာရင်.. မင်း ဒီသေတ္တာ ထဲကပစ္စည်းတွေ စျေးဖြတ်ယူပါ.. ဆိုပြီး သေတ္တာတလုံး လာချပေးပါတယ်။ ဆိုင်စဖွင့်ကာစက.. ဂျင်းမိခဲ့တာတွေ.. ဟု ဆိုလေသည်။ ခုခေတ်က အရမ်းခေတ်မှီလာတော့ စစ်တဲ့ စက်တွေကလည်း အမျိုးမျိုး.. အတုလုပ်တဲ့ သူကလည်း.. စစ်ဆေးတဲ့ စက်တွေကို… အောင်မြင်စွာ.. ကျော်ဖြတ်ဘို့.. ကြိုးစား လာပြန်ပါတယ်။ (wns)
#####################
တရုတ်ပြည်က ကြေးတုံးကို ရွှေနဲ့ ပြန်ငုံထားတဲ့ kilo ပြားတွေက လေဆာစက်နဲ့ စစ်တာကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တယ်…ဆိုပဲ.. ဗျ။ ဒါဆိုရင်… ဘဏ်ကြီးတွေ လက်ထဲမှာ ရှိတဲ့ ရွှေပြားရွှေတုံးတွေ အားလုံးပြန် စစ်ပြီး အတုအစစ် ခွဲထုတ်ဘို့… လို.. မလို?
ဟိုးတလောတုန်းကလည်း ယိုးဒယားမှာ အဖြိုက်နက် သတ္ထုရောစပ် ပစ္စည်းကို ရွှေသတ္ထုနဲ့ငုံပြီး အတုလုပ်ထားတဲ့ ရွှေပြားတွေ မိတဲ့ သတင်းတက်လာခဲ့ဘူးတယ်။ သတ္ထုတွေရဲ့ လိမ်လို့မရတဲ့ အချက်က သိပ်သည်းဆ Density ပါပဲ… ထုထည် Volume တခုမှာ ရှိသင့်တဲ့ အလေးချိန် ရှိနေရမှာပါ။ သိပ်သည်းဆ သိပ်မကွာတဲ့ သတ္တုကိုရှာ ရွှေနဲ့ ပြန်ငုံ ရွှေပြားဖြစ်အောင် အယုံသွင်းတဲ့ ပညာရပ်ကလည်း တော်တော် မလွယ်ပါဘူး။
မိတ်ဆွေ အပေါင်ဆိုင်မှာတော့.. ကပ်ကြေး နဲ့ ဘော်စား ငရဲမီးဆောင်ထားတာတွေ့ရတယ်။ လာပေါင်ရင်တော့ ကပ်ကြေးနဲ့ ဖြတ်.. ဘော် စားနဲ့စစ်တော့တာပါပဲ… တချို့လာပေါင်သူများက ” မဖြတ်ပါနဲ့ရှင်.. မိဘအမွေလေးမို့ အမှတ်တရ ပစ္စည်းလေးမို့..ပါ” ဆိုရင်လဲ.. ” တခြားဆိုင်သွားပါ.. ကျွန်တော်တို့က စစ်ပြီးမှ လက်ခံပါတယ် “ခပ်..ပြတ်ပြတ်ပါ ပဲ..
Customer ပြန်သွားတော့… ” မင်းကွာ…အားနာစရာကြီး..သနားပါတယ်..” ဆိုတော့… အားနာရင်.. မင်း ဒီသေတ္တာ ထဲကပစ္စည်းတွေ ဈေးဖြတ်ယူပါ.. ဆိုပြီး သေတ္တာတလုံး လာချပေးပါတယ်။ ဆိုင်စဖွင့်ကာစက.. ဂျင်းမိခဲ့တာတွေ.. ဟု ဆိုလေသည်။ ခုခေတ်က အရမ်းခေတ်မှီလာတော့ စစ်တဲ့ စက်တွေကလည်း အမျိုးမျိုး.. အတုလုပ်တဲ့ သူကလည်း.. စစ်ဆေးတဲ့ စက်တွေကို… အောင်မြင်စွာ.. ကျော်ဖြတ်ဘို့.. ကြိုးစား လာပြန်ပါတယ်။ (wns)