ဖားကန့်မှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး သတ္တု တူးဖော်ကြပုံ…
ကျောက်မျက်လုပ်ကွက်တစ်ခုရဲ့ ခွင့်ပြုဧရိယာ ဟာ အများဆုံး(၅) ဧက သာရှိပါတယ်။ စက်ကြီးတွေ ကားကြီးတွေ သုံးစွဲမရနိုင်တဲ့ အကျယ်အဝန်းပါ။ တမင် ကန့်သတ်ထားတာပါ။ အလတ်စားလုပ်ကွက်အဆင့်ပဲ ခွင့်ပြုပါတယ်။ ဒါက ဥပဒေမှာ ပါတာပါ။
အခု (၅)ဧကတွေ ပေါင်းပြီး တူးခဲ့ကြတာ ဆယ်စုနှစ် နှစ်ခု မကတော့ပါဘူး။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရ ဆိုပြီးပြောခဲ့ကြတယ်။ ဒါပေမဲ့ ဥပဒေကို မျက်ကွယ်ပြုပြီး (၅)ဧကသာ ခွင့်ပြုထားတဲ့ လုပ်ကွက်တွေပေါင်း ပြစ်ကြတယ်။ စက်ကြီးတွေ ကားကြီးတွေသုံးမရအောင် မြေအကျယ် (၅) ဧကသာပေးတာကို အခုလို လုပ်လိုက်တော့ စက်ကြီးကားကြီးတွေသုံးလို့ ရသွားတယ်။
စက်ကြီးကားကြီးတွေကိုသာ သုံးပြီး သတ္တုတွင်းတူးဖေါ်ဖို့ ဘာဒီဇိုင်းမှ မရှိဘဲ ကျောက်ရပြီးရောဆိုပြီး တူးချင်သလိုတူးခဲ့ကြတယ်။ သတ္တုတွင်းဒီဇိုင်းဆိုတာ သတ္တုတူးတာ စနစ်ကျဖို့တစ်ခုသာမကပါဘူး ။ သတ္တုတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကိစ္စတွေပါ ပါပါတယ်။
ကျောက်မျက် ဧရိယာတွေမှာ အကြီးစားမပေးဘဲ အလတ်စားအဆင့်နဲ (၅) ဧက အကျယ်သာပေးတာပါ။ ဒါကိုလက်တစ်လုံးကြားလုပ်ပြီး အကြီးစားတူးခဲ့ကြရာက ဘေးအန္တရာယ်ရှိတဲ့ မြေစာပုံတွေ လုပ်ကွက်တွေ၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမဲ့စွန့်ပြစ်မှုတွေ ပေါ်လာရတာပါ။
အဲဒီအကျိုးဆက်က အခုလို လူတွေအများကြီး တစ်ပြိုင် တည်းသေဆုံးရတဲ့အထိဖြစ်လာတာပါ။ ဒါဟာ ပထမအကြိမ်မဟုတ်ပါဘူး။ ဒီအတိုင်းခွင့်ပြုထားရင် နောင်လည်းထပ်သေနေအုံးမှာပါ။ ဥပဒေအထက်က လက်တစ်လုံးခြားလုပ်တဲ့ ငြင်ဆိုးစနစ်ဆိုးတစ်ခုကြောင့် အခုလိုအများကြီး တပြိုင်တည်းသေကြရတာပါ။
အဲဒီစနစ်ဆိုးကို မဖျက်ပဲခွင့်ပြုထားသမျှ သတ္တုတွင်းဘေးအန္တရာယ်ကင်းရှင်းရေးလို့ခေါ်တဲ့ Mine Safety ကို အကောင်အထည်ဖေါ်လို့ ရမှာမဟုတ်ပါဘူး။ မှားယွင်နေတဲ့ စနစ်ကိုအရင်ပြင်ရပါမယ်။ အဖြစ်မှန်ကို သိရှိနိုင်ကြပါစေ။ သိရှိပြီးရင်လည်းပြင်ရဲတဲ့သတ္တိရှိကြပါစေ။
ထွန်းထွန်း(သတ္တုတွင်း)
###################