ဇူလိုင်လလယ်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် သတိပေး

ဇူလိုင်လလယ်တွင် လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်နှင့် မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက…

“ဇူလိုင်လထဲမှာတော့ လဝက်မှာ လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်နဲ့ မုန်တိုင်းငယ်တစ်ကြိမ်တော့ထုတ်ထားတယ်ပေါ့။ လက်ရှိမှာတော့ မုတ်သုံလေအားကောင်းနေတဲ့အချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကဖြစ်ဖို့အခွင့်အရေးနည်းတယ်။ မုတ်သုံလေအားနည်းနည်းလျော့သွားပြီဆိုရင်တော့ သူကဖြစ်တော့ဖြစ်နိုင်တယ်’’

ဇူလိုင် ၄ ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ်ရေပြင်၊ မြေပြင်လေသည်တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။ နောက်နှစ်ရက်အတွင်း မုတ်သုံအားအသင့် အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်းသိရသည်။

“လက်ရှိမှာတော့ ကပ္ပလီပင်လယ်ပြင်ရော ဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့ ပင်လယ်ရေမျက်နှာပြင်ရော ပုံမှန်အပူချိန်မှာပဲ ရှိနေတယ်။ မုန်တိုင်းတစ်ခုဖြစ်ဖို့ကို ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာပိုပူရမဲ့အနေအထားရှိတယ်’’ ဟု ဒေါက်တာကျော်မိုးဦး ကပြောသည်။

####################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top