အိန္ဒိယနိုင်ငံမှာ မင်္ဂလာပွဲကျင်းပရာ ကိုဗစ်ကြောင့် သတိုးသားသေဆုံးပြီး မင်္ဂလာပွဲလာသူ (၁၀၀) ကျော်ကူးစက်…

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ပွဲအပြီး ၂ ရက်အကြာမှာ သတို့သားဖြစ်သူ သေဆုံးခဲ့ကာ ပွဲလာသူ ၁၁၁ ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ ဇူလိုင် ၂ ရက်နေ့ Metro သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အသက် ၂၆ နှစ်အရွယ် သတို့သားဟာ ဇွန်လ ၁၅ ရက်နေ့ မင်္ဂလာမဆောင်ခင်မှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပါတယ်။ သူဟာ ဆေးရုံတက်ကုသမှုခံယူခဲ့ပေမဲ့ မင်္ဂလာဆောင်ဖို့ ရှိတာကြောင့် အချိန်တိုအတွင်း ဆေးရုံကပြန်ဆင်းခဲ့ပါတယ်။

သတို့သားက သူ့မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် မင်္ဂလာပွဲဖျက်သိမ်းပါက ဆုံးရှုံးမယ့်ငွေကြေးပမာဏကြောင့် မိသားစုက ဒီအစီစဉ်ကို လက်မခံခဲ့ဘူးလို့ ဆွေမျိုးနီးစပ်တဦးက ပြောပါတယ်။

အဲ့ဒီနောက် မင်္ဂလာပွဲကို အစီစဉ်အတိုင်းကျင်းပခဲ့ပြီး ပွဲအပြီးနှစ်ရက်အကြာမှာ သတို့သားဖြစ်သူ သေဆုံးခဲ့ကာ မင်္ဂလာပွဲလာတဲ့လူတွေထဲက ၁၁၁ ဦးဟာလည်း ရောဂါလက္ခဏာမပေါ်ဘဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် မင်္ဂလာပွဲလာခဲ့သူအားလုံးကို ခြေရာခံကာ သီးသန့်ခွဲခြားနေထိုင်စေခဲ့တယ်လို့ ဘီဟာပြည်နယ်ရဲ့ ကျန်းမာရေးအရာရှိက ပြောပါတယ်။

သတို့သားသေဆုံးကာ ပရိသတ်များစွာကူးစက်ခံခဲ့ရပေမယ့် သတို့သမီးနဲ့ ဆွေမျိုးတွေမှာတော့ ပိုးမတွေ့ခဲ့ရဘူးလို့ ကျန်းမာရေးအရာရှိ ရက်ကစ်ရှောချောင်ဒရီကပြော ပါတယ်။

မင်္ဂလာ ဆောင်ကို ပရိသတ် ၃၀၀ နီးပါး တက်ရောက်ခဲ့ပြီး သတို့သားရဲ့ အသုဘအခမ်းအနားမှာတော့ တက်ရောက်သူ ၂၀၀ နီးပါးရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဖြစ်ရပ်နှစ်ခုစလုံးမှာ social distancing ဆိုင်ရာစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုတခုကိုလည်း စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာလ စည်းမျဉ်းတွေမှာ မင်္ဂလာဆောင်တွေကို ပရိသတ် ၅၀ သာ တက်ရောက်ခွင့်ပြုခဲ့ပြီး အသုဘအခမ်းအနားတွေကိုတော့ လူ ၂၀ သာ တက်ရောက်ခွင့်ပြုထားပါတယ်။

####################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top