အကြိမ်ပေါင်း ၁ထောင်ကျော်သွေးလှူကာ အသက် ၂သန်းကျော် ကယ်တင်ခဲ့သူ

(Unicode)

ပုံမှန်ဆိုရင် လူတယောက်ဟာ ၁နှစ်ကို ၃ကြိမ် ဒါမှမဟုတ် ၄ကြိမ်ပဲ သွေးလှူလို့ရတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ဒီလူ က ဘာဖြစ်လို့ ဒီလောက်အကြိမ်ပေါင်းများစွာ သွေးလှူနိုင်ရတာလဲ ၊ သူ့ရဲ့သွေးကရော ဘာကြောင့် လူပေါင်း သန်းနဲ့ချီတဲ့အသက်ကို ကယ်တင်နိုင်တာလဲ လို့တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီတခါတော့ ဒီလို ထူးထူးခြားခြားလူတယောက်အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

သူ့နာမည်အပြည့်အစုံကတော့ James Christopher Harrison ဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတခုကြောင့် သူ့ကို ရွှေရောင်လက်မောင်းနဲ့လူ Man with the Golden Arm လို့တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ သြစတြေးလျနိုင်ငံသားတယောက်ဖြစ်တဲ့ သူ့ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလမှာ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

သူအသက် ၁၄နှစ်မှာ ရင်ဘတ်ပိုင်းဆိုင်ရာအကြီးစားခွဲစိတ်မှုတခုပြုလုပ်ခဲ့ရပါတယ်။ အဲဒီတုန်းက သွေးလိုအပ်ချက်ကြောင့် သွေး ၁၃ပုလင်းအထိ အသုံးပြုခဲ့ရပါတယ်။ သွေးဟာ သူ့ရဲ့အသက်ကိုကယ်ဆယ်ခဲ့တယ်လို့ နားလည်ခဲ့ပြီး သွေးရဲ့အရေးပါပုံကို သဘောပေါက်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့ဘဝတလျှောက်လုံး သွေးလှူခြင်းပြုလုပ်သွားမယ်လို့ ကတိပေးခဲ့ပြီး အသက် ၁၈နှစ်က နေစတင်လို့ သွေးလှူခဲ့ပါတော့တယ်။

၁၉၅၄ ခုနှစ်မှာ ပထမဆုံးအကြိမ်သွေးလှူခဲ့ပါတယ်။ ဒီမှာတင် ဆရာဝန်တွေဟာ ထူးခြားချက်တခုကိုသွားတွေ့ပါတယ်။ အဲဒါကတော့ Harrison ရဲ့သွေးထဲမှာ Rh disease ဆိုတဲ့ရောဂါကို တိုက်ထုတ်ပေးနိုင်တဲ့ anti-D antibodies တွေ မြင့်မားစွာပါရှိနေတာပါ။ Rh ရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာဖြစ်လေ့ရှိပြီး မိခင်ရဲ့သွေးထဲက အင်တီဘော်ဒီ တွေဟာ ကလေးရဲ့သွေးကို ဆန့်ကျင်တဲ့အခါ ဖြစ်တတ်တဲ့ရောဂါပါ။ အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့ရောဂါမျိုးပါ။

သြစတြေးလျက ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်းရဲ့ ၁၇% ခန့်ဟာ ဒီအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုထူးခြားမှုမျိုးပါရှိတဲ့အတွက် Harrison ရဲ့သွေးရည်ကြည်ဟာ ကလေးပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ကျော် သွေးလှူခဲ့ပြီး သြစတြေးလျက ကလေးငယ်ပေါင်း ၂.၄သန်းကျော် ကို သူ့ရဲ့သွေး နဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအထဲမှာ သူရဲ့သမီးဖြစ်သူလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို နိုင်ငံ့သူရဲကောင်းတယောက်အဖြစ်ပါ အသိအမှတ်ပြုကြပါတယ်။

သူရဲ့သွေးရည်ကြည်ကိုပဲ ယူတာဖြစ်တဲ့အတွက် ပုံမှန် သွေးလှူသူတွေလို သွေးအများကြီးယူဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် ၂ပတ်ကို ၁ခါ လောက်သွေးလှူနိုင်ပါတယ်။ ဒီလို မပြတ်တမ်းလှူခဲ့ရာ ၂၀၁၁ ခုနှစ် မေလမှာတော့ သွေးလှူတဲ့အကြိမ်ပေါင်း ၁၀၀၀ ပြည့်ခဲ့ပါတယ်။ ဆေးပညာရှင်တွေကတော့ Harrison မှာ ဘာကြောင့် ဒီလိုရှားပါးတဲ့သွေးမျိုးရှိနေရသလဲဆိုတာ တိတိကျကျမပြောနိုင်ကြပေမယ့် သူအသက် ၁၄နှစ်က ခွဲစိတ်မှုမှာ သွေးသွင်းရင်း အခုလိုရှားပါးတဲ့သွေးပြောင်းလဲခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Harrison ဟာ သြစတြေးလျတင်မကပဲ အခြားနိုင်ငံတကာ ပရဟိတအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ သူ့ရဲ့သွေးကို လှူဒါန်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မေလ ၁၁ ရက်နေ့မှာတော့ Harrison ဟာ သူ့ရဲ့ အကြိမ် ၁၁၇၃ကြိမ်မြောက် သွေးလှူခဲ့ပြီး ဒါဟာ နောက်ဆုံးအကြိမ်လည်းဖြစ်ပါတယ်။ တကယ်ဆိုရင် သူ့အနေနဲ့ သူ့ရဲ့သွေးကို ဆက်လှူချင်နေဆဲဖြစ်ပေမယ့် သြစတြေးလျရဲ့ စည်းမျဉ်းသတ်မှတ်ချက်အရ အသက် ၈၁နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် သွေးလှူခွင့်မရှိတော့ပါဘူး။

သွေးလှူခြင်းဖြင့် အသက်ပေါင်း ၂သန်းကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ Harrison ဟာ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင်တော့ သူ့ရဲ့အသက်ဟာ ၈၃နှစ်ရှိသွားပြီဖြစ်ပါတယ်။ လူသန်းပေါင်းများစွာမှာ ၁ယောက်ပြုလုပ်ဖို့ခက်တဲ့ ထူးထူးခြားခြား အလုပ်ကို လုပ်ခဲ့ပြီး ဒါကို သူ့ဘဝတလျှောက်လုံး အမြဲအမှတ်ရနေပါလိမ့်မယ်။

——— ——– ——

(Zawgyi)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top