ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ရွှေဖြင့်ပြုလုပ်ထားတဲ့ Mask ဝတ်ဆင်သည့် အိန္ဒိယက လုပ်ငန်းရှင်…
အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရှန်ကာ ကုဟာဒီ အမေရိကန်ဒေါ်လာ ၄,၀၀၀ တန် ရွှေဖြင့် ပြုလုပ်ထားတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဗိုင်းရပ်စ်ပိုးမကူးအောင် လုပ်ဆောင်ထားပါတယ်။
မျက်နှာဖုံး အလေးချိန်ဟာ ရွှေ နှစ်အောင်စ ရှိပြီး ပန်းတိမ်ဆရာတွေက မျက်နှာဖုံးပြုလုပ်ရန် ရက်ပေါင်း ၈ ရက်အချိန်ယူကြောင်း သိရပါတယ်။
မျက်နှာဖုံးမှာ အသက်ကောင်းကောင်းရှုနိုင်အောင် အပေါက်ငယ်လေးတွေ ပါရှိပြီးပါးလွှာသောရွှေပြားနဲ့ လုပ်ထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ကာကွယ်နိုင်မလား၊ မကာကွယ်နိုင်ဘူးလားဆိုကို မသိကြောင်း၊ ဒါပေမယ့်တခြားသတိပေးချက်တွေကိုလည်း လိုက်နာကြောင်း စီးပွားရေး လုပ်ငန်းရှင် ကုဟာဒီက ပြောပါတယ်။
အသက် ၄၉ နှစ်အရွယ် ကုဟာဒီ ဟာ ရွှေကို နှစ်သက်သူဖြစ်ပြီး ရွှေအလေးချိန် တစ်ကီဂရမ်ကို လက်ကောက်၊ ဆွဲကြိုး နဲ့ ညာဘက်လက်ရှိ လက်ချောင်းတိုင်းမှာ ရွှေလက်စွပ်တွေ ဝတ်ဆင်ထားကြောင်း သိရပါတယ်။
ကုဟာဒီမှာ ဒိုင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး သတင်းတစ်ပုဒ်မှာ အမျိုးသားတစ်ဦးဟာ ငွေနဲ့ပြုလုပ်ထားတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားကြောင်း ဖတ်လိုက်ရတဲ့အတွက် ရွှေနဲ့ မျက်နှာဖုံးလုပ်ပြီး အခုလို ဝတ်ဆင်ရန် အကြံရခဲ့ကြောင်း ပြောပါတယ်။
ရွှေမျက်နှာဖုံးဝတ်ဆင်ပြီး ဈေးတွေထဲသွားတဲ့အခါ သူနဲ့ selfie ဓါတ်ပုံရိုက်ဖို့ခွင့်တောင်းကြကြောင်း ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆၇၄,၅၁၁ ပြီးရှိပြီ သေဆုံးသူ ၁၉,၂၇၉ ဦးရှိတဲ့အတွက် လူမြင်ကွင်းမှာ Mask မျက်နှာဖုံးဟာ ဝတ်ကို ဝတ်ဆင်ရမယ့် ပစ္စည်းဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ထားပါတယ်။
###################