လောဘကြောင့် ရေမဆေးသမားများ သေဆုံးရဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြော
ဖားကန့်၊ ဇူလိုင် ၅
လူရာချီသေဆုံးခဲ့ရသည့် ဖားကန့် မြေပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးသမားများသည် လောဘကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြေပြိုကျသည့်နေရာသို့ လာရောက်စစ်ဆေးစဉ် မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဇွန်လ ၂၀ ရက်ကတည်းက (ဆက်မလုပ်ကြဖို့) သတိပေးထားပြီးပြီ။ လောဘပေါ့၊ လာပြီး ရှာကြတာ” ဟု ၎င်းက ပြောသည်။
ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီခန့်တွင် ဝှေခါမှော်လုပ်ကွက် မြေပြိုကျမှုကြောင့် သေဆုံးသူ ၁၇၀ ဦးကျော် ရှိခဲ့ပြီး ဖားကန့်သမိုင်းတွင် လူအများဆုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် မြေပြိုကျမှုများ ထပ်မံမဖြစ်စေရန် (သို့မဟုတ်) အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ရမည့် အစီအမံများကို လေ့လာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောဆိုသည်။
မြေပြိုကျမှုဖြစ်စဉ်များ လျှော့ချပေးနိုင်ရန် ဒေသခံတို့၏ ပူးပေါင်းပါဝင်မှုအပေါ်လည်း မူတည်ကြောင်း ၎င်းက ဆိုသည်။
တစ်ပိုင်တစ်နိုင်လုပ်ကွက်များ အမြန်ဆုံးချထားပေးမည်ဆိုလျှင် ယခုကဲ့သို့ ဘေးအန္တရာယ်ဆိုးများကို လျော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြိုကျခဲ့သည့် လုပ်ကွက်အပြင် ပြိုကျနိုင်သည့် နေရာများသို့လည်း သွားရောက်ကြည့်ရှုမည်ဖြစ်ပြီး အချက်အလက်များ ရရှိစေရန် ဆက်လက်မေးမြန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
The Voice
==================
#Zawgyi