ကမ္ဘာ့အကြီးဆုံး ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ထုလုပ်မည့် အစိတ်အပိုင်းများ ပင့်ဆောင်

ဧရာဝတီ ၊ ဇူလိုင် ၅၊ ၂၀၂၀။

ဉာဏ်တော်အမြင့်ပေါင်း ၈၁ပေရှိ ကမ္ဘာ့အကြီးဆုံး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် CNC နည်းပညာဖြင့် ထုဆစ်တည်ထားကိုးကွယ်သွားမည် ဖြစ်ရာ ပလ္လင်တော်အစိတ်အပိုင်းများအား ပြည်ကြီးမွန်ဖောင်တော်ဖြင့် ဆက်လက်သယ်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စကျင်ကျောက်တော်ကြီးထွက်ရှိရာ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးမြို့၊ အဝေရာရာမရန်ကင်းကျောင်းတိုက်ဦးစီး ပဓာနနာယက ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တ သြဒါတသီရိဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်မှ အရာရှိကြီးများ တက်ရောက်သည်။

ရုပ်ပွါးတော်မြတ် ထုဆစ်မည့် စကျင် ကျောက်တော်ကြီးကို အလှူရှင်(Angelo Mining Co.,Ltd)မှ ဦးအောင်ခိုင်သန်းက Shwe Foundationသို့ ၂၀၁၃ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဖောင်ဒေးရှင်း၏ လွှဲအပ်ချက်အရ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒိယနှင့် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်းလှူဒါန်းမှုဖြင့် တပ်မတော်မှဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်ပွါးတော်မြတ်ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပရိဝုဏ် ဥယျာဉ်တော်အပါအဝင် ဂန္ဓ ကုဋီတိုက်များ၊သုဓမ္မာဇရပ်၊ ဘုတ်တလုတ်ရေကန်၊ရေပန်းများထည့်သွင်းတည်ဆောက်ကာ ၂၀၂၂ တွင် အပြီး ထုဆစ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စကျင်ကျောက်တော်ကြီးအား အပိုင်း(၉)ပိုင်းဖြင့် သယ်ဆောင်နေခြင်းဖြစ်ရာ ဗုဒ္ဓရုပ်ပွားတော်ကိုယ်ထည်တွင် အပိုင်း(၄)ပိုင်းနှင့် အောက်ခံပုလ္လင်တွင် အပိုင်း(၅)ပိုင်းတို့ပါရှိပြီး ဇူလိုင်လ ၃ရက်နေ့တွင် ပလ္လင်တော် အပိုင်း ၁နှင့် အပိုင်း ၄တို့အားသယ်ဆောင်ခဲ့သည်။

ယနေ့ တွင် ပလ္လင်တော် အပိုင်း ၃နှင့် အပိုင်း၅တို့အား ဆက်လက်သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့် အပိုင်းများအား လာမည့်သြဂုတ်လ ဒုတိယအပတ်တွင် ဆက်လက်သယ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်းနှင့် ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ

###################

ကမ္ဘာ့အကြီးဆုံး ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ထုလုပ်မည့် အစိတ်အပိုင်းများ ပင့်ဆောင်

ဧရာဝတီ ၊ ဇူလိုင္ ၅၊ ၂၀၂၀။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top