ရွှေပြည်သာက စက်ရုံတစ်ခုတွင် အလုပ်သမား ၆၀၀ ကျော်အား လစာမပေးဘဲ အလုပ်ရှင်ထွက်ပြေး

ရွှေပြည်သာစက်မှုဇုန် (၁)မှ ABLE GLAD MYANMAR စက်ရုံရှိအလုပ်သမား ၆၆၉ ယောက်အား လစာမရှင်းပေးဘဲ လုပ်ငန်းရှင်ထွက်ပြေးသွားကြောင်း အဆိုပါစက်ရုံဝန်ထမ်းများထံမှ သိရသည်။

“လုပ်ငန်ရှင်ထွက်ပြေးထားတာတော့ အတည်ပြုထားတယ်။ မြေကလည်း ဌားရမ်းထားတာပါ။ ကုမ္ပဏီတစ်ခုကလည်း အကြွေးသိန်းတစ်ရာနီးပါးလောက်ရစရာရှိတယ်ဆိုပြီးလာတောင်းတယ်၊ ချည်လုံးကုမ္ပဏီကလည်း အကြွေးသိန်းတစ်ရာနီးပါးလောက်ရစရာရှိတယ်ပြောတယ်။ ဆီကုမ္ပဏီကလည်း ရစရာရှိတယ်ပြောတယ်။ ဖယ်ရီကားကလည်း ရစရာရှိတယ်ပြောတယ်။ အလုပ်သမားတွေအတွက်လုပ်ခလစာကတော့ ဒီနေ့တော့မရနိုင်တော့ဘူး။ တနင်္လာနေ့တော့သေချာတယ်ပြောတယ်” ဟု STUM မှစည်းရုံးရေးမှူ ကိုဇင်ဝေအောင်က ပြောပါတယ်။

အဆိုပါစက်ရုံတွင် အခြားစက်ရုံကြီးများမှ အထည်အလိပ်အပ်ထည်များရှိသဖြင့် အဆိုပါအထည်များအပ်ထားသည့် သူဌေးသုံးဦးမှပေါင်း၍ လစာပေးချေမည်ဟုသိရပြီး လုပ်ငန်းရှင်တစ်ဦးမှလည်း စက်ရုံလွှဲပြောင်းရယူကာ လုပ်ငန်းပုံမှန်လည်ပါတ် သွားရန်လည်းစိစဉ်နေကြောင်း၎င်းကပြောပါတယ်။

“လုပ်ငန်းရှင်ကတော့ထွက်ပြေးသွားတယ်။ အခုသူဌေးချိန်းပြီး တနင်္လာနေ့လစာရမယ် အလုပ်လဲပြန်လုပ်ရမယ်ပြောတယ်။ ကျွန်တော်တို့အလုပ်သမားတွေက တိုင်းအစိုးရနဲ့ညှိနှိုင်းထားတယ် ဒါပေမဲ့ အထည်ချုပ်ပိုင်ရှင်တွေအဖွဲ့အစည်းရှိတယ်လေ အဲ့ဒီကနေသူဌေးတစ်ဦးကတာဝန် ဝန်ယူပြီးတော့ လစာတွေရှင်းပေးပြီး အလုပ်ပြန်လည်ပတ်စေမယ်လို့ပြောတယ်။ အဲဒါကြောင့်တနင်္လာနေ့ထိစောင့်ကြည့်နေရတာ ကျွန်တော်တို့ကဘာမှလုပ်လို့မရတော့ဘူး။ စက်ရုံကိုအကြွေးတွေဘာတွေလာတောင်းတာတော့ အကိုတို့မသိဘူး။ အကိုတို့က ဝန်ထမ်းဆိုတော့ အလုပ်ရှိရင်လုပ်မယ် ပိတ်ရင်လျော်ကြေးတောင်းမယ်။ မရရင်တိုင်းကို တက်တိုင်မယ်ဒါဘဲရှိတယ်” ဟု ABLE GLAD MYANMAR စက်ရုံမှအော်ပရေတာ လုပ်ကိုင်နေသူ ကိုစိုင်းနိုင်လင်းအောင်ကပြောဆိုပါတယ်။

အဆိုပါစက်ရုံသည် အလုပ်သမား ၆၆၉ ယောက်ရှိပြီး အခြားစက်ရုံကြီးများမှအထည်အပ်ထည်များအားတစ်ဆင့်ပြန်ယူ၍ချုပ်သည့် စက်ရုံတစ်ရုံဖြစ်ကြောင်းသိရပါတယ်။

(ဝေယံ)

####################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top