ဘာကီနာဖာဆိုဟာ အာဖရိကတိုက်က နိုင်ငံတခုဖြစ်ပါတယ်။ ဒီနိုင်ငံက Tiébélé လို့ခေါ်တဲ့ ဒေသလေးမှာ ရွာငယ်လေးတရွာရှိနေပါတယ်။ ၁.၂ ဟက်တာကျယ်ဝန်းတဲ့ ဒီဒေသမှာ ၁၅ ရာစုလောက်ကတည်းက လူတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ Kassena လူမျိုးတွေ အခြေချနေထိုင်တဲ့ ရွာကလေးဖြစ်ပြီး ရွာအကြီးအကဲတဦးက အုပ်ချုပ်တဲ့ စနစ်ကိုကျင့်သုံးကာ အမှုကိစ္စမှန်သမျှကို သူကပဲ ဆုံးဖြတ်ပါတယ်။
ဒီရွာငယ်လေးဟာ ပြင်ပလူ့အဖွဲ့အစည်းနဲ့ အလှမ်းဝေးတဲ့ နေရာဖြစ်ပြီး အကြီးအကဲရဲ့ခွင့်ပြုချက်ရတဲ့လူတွေကလွဲလို့ အခြားလူများ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေကတော့ ဓာတ်ပုံဆရာ Rita Willaert နဲ့ ခရီးသွားဘလော့ကာ Olga Stavrakis တို့ဟာ ကံကောင်းထောက်မစွာပဲ ဒီရွာလေးကို ဝင်ရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။
ဒီရွာမှာ ထူးထူးခြားခြားတားမြစ်ချက်တွေရှိပြီးအဲဒီထဲကတခုကတော့ အနီရောင် နဲ့ ပတ်သက်တဲ့မည်သည့်အဝတ်အစားမှ ဝတ်ခွင့်မပြုတာပါ။ နောက်တခုကတော့ ထီးယူခွင့်မရှိတာပါလို့ Stavrakis က သူ့ရဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။ ဒီရွာဟာ ပုံမှန်အာဖရိကရွာတွေနဲ့ ဘာမှမထူးခြားပေမယ့် ထူးခြားတာတခုကတော့ ဒီရွာက အိမ်တွေပါ။
ရွာက အိမ်အားလုံးဟာ အိမ်ငယ်လေးတွေသာ ဖြစ်ပြီး ရွှံစေးတွေနဲ့သာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဆောက်လုပ်ထားတဲ့ ဒီအိမ်တွေမှာ ရွံ့ဆေးကို အသုံးပြုကာ အမျိုးမျိုးခြယ်သထားကြပါတယ်။ ဒီလိုခြယ်သထားတာဟာ ဒီရွာငယ်လေးဟာ တခြားရွာတွေနဲ့မတူပဲ အနုပညာဆန်နေတဲ့ ရွာငယ်လေးတရွာ ဖြစ်နေပါတော့တယ်။ ဒီရွာက အိမ်တွေဘယ်လိုရှိသလဲ ကြည့်သွားပါဦး ????
Photos : Rita Willaert and Olga Stavrakis
####################