ခန္ဓာကိုယ်မှာဝတ်ဆင်ပြီး သွားလေရာသယ်ဆောင်သွားနိုင်မယ့် အိတ်ဆောင် air-con ဆိုတာ…

အဲကွန်း (Air-con) လို့ပြောလိုက်ရင် အိမ်မှာတပ်ထားတဲ့ အဲကွန်းကြီးတွေ၊ ကားအဲကွန်းတွေလောက်ပဲ သိကြ တာ များပါတယ်။ အခုတော့ သွားလေရာသယ်ဆောင်သွားနိုင်တဲ့ အိတ်ဆောင်အဲကွန်း (pocket air-con) တွေ လည်း ပေါ်ထွက်လာခဲ့ပါပြီ။ အဲဒီလို air-con device တွေကို Sony နဲ့ Fujitsu တို့ကနေ ဖန်တီးခဲ့ကြတာဖြစ်ပြီး ပုံစံချင်းတော့ မတူပါဘူး။

Image Credit: 9gag

Sony က ဖန်တီးထုတ်လုပ်လိုက်တဲ့ အိတ်ဆောင်အဲကွန်း “The Reon Pocket” ဟာ အင်္ကျီအောက်မှာ တွဲလျက်ပါရှိမှာ ဖြစ်ပါတယ်။ အသုံးပြုသူ အနေနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ app တစ်ခုကနေတဆင့် အပူအချိန် ကို ထိန်းညှိနိုင်မှာပါ။ အသုံးပြုသူထိန်းညှိတဲ့အတိုင်း အဲဒီစက်ဟာ အပူကိုစုပ်ယူတာ၊ ထုတ်လွှတ်တာတို့ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Image Credit: 9gag

အဲဒီစက်ကို Amazon Japan မှာ ရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ ဂျပန်ယန်းငွေ ၂၇,၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၁ ဒေါ်လာဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။

Image Credit: 9gag

Fujitsu ရဲ့ Comodo gear လို့ခေါ်တဲ့ အိတ်ဆောင်အဲကွန်းကတော့ လည်ပင်းမှာပတ်ထားရမယ့် စက်မျိုးဖြစ်ပါတယ်။ အဲဒီစက်ကို တပ်ထားမယ်ဆိုရင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ကျော်လွန်တဲ့အခါ အေးမြတဲ့အရသာကို ခံစားရမယ်လို့ ဆိုပါတယ်။

Image Credit: 9gag

အဲဒီစက်တွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်လို အဲကွန်းမရှိဘဲအလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်မျိုးအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ ဈေးအနေနဲ့ကတော့ တစ်ခုကို ယန်းတစ်သောင်းအောက်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အတိအကျတော့ မသိရသေးပါဘူး။

Image Credit: 9gag

Katie Scarlett
We Media

###################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top