ခရီးအတူသွားပြီး အကြောင်းသိခဲ့တဲ့သူတွေ ရှိလား ??
ချစ်သူဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ လူတစ်ယောက်ရဲ့အကြောင်းကို မြင်နေရတာထက်ပိုပြီး အတွင်းကျကျသိနိုင်ဖို့ ညအိပ်ခရီးတစ်ခုတော့ ထွက်သင့်ပါတယ်။ ခရီးအတူထွက်တာက အပေါ်ယံတွေ၊ ဟန်ဆောင်မှုတွေ၊ ဖုံးဖိထားတာတွေအားလုံး ကွာကျသွားပြီး လူတစ်ယောက်ရဲ့ ဘဝပုံစံ၊ စိတ်ရင်းအမှန်၊ နားလည်ပေးနိုင်စွမ်း၊ ချစ်ခင်ကြင်နာမှုနဲ့ သဘောထားတွေအားလုံး ထွက်ပေါ်လာနိုင်ပါတယ်။
လူတိုင်းကတော့ မပြည့်စုံပါဘူး။ အားနည်းချက်၊ အားသာချက်တွေ ကိုယ်စီရှိသလို စိတ်နေသဘောထားတွေ၊ ခံယူချက်တွေ၊ နားလည်ပေးနိုင်စွမ်းတွေကလည်း ကွဲပြားကြတယ်။ လူတစ်ယောက်ကိုပတ်သက်သင့်တဲ့ စံနှုန်းဆိုတာမျိုး သီးသန့်မရှိဘူး။ သူမကောင်းတဲ့အရာကို ကိုယ်က လက်ခံနိုင်ပြီး ကိုယ်မကောင်းတဲ့အရာကို သူက နားလည်နိုင်တယ်ဆိုရင် အဆင်ပြေတဲ့ relationship ကို တည်ဆောက်နိုင်ပါပြီ။
ခရီးတစ်ခါထွက်ပြီး မပတ်သက်ဖြစ်ကြတော့တဲ့ သူတွေရှိသလို ခရီးတွေအများကြီးအတူတူသွားပြီးတာတောင် ပိုပြီးချစ်ခင်နေကြဆဲ သူတွေလည်းရှိတယ်။ ဒါကြောင့် ကိုယ်နဲ့ ၃ ခါလောက် ပျော်ပျော်ရွှင်ရွှင် ခရီးအတူထွက်ဖူးတဲ့သူတွေဆိုရင် တန်ဖိုးထားပါ။ သူတို့က ကိုယ့်ဘဝအတွက် တကယ်ကောင်းတဲ့သူတွေ၊ တန်ဖိုးရှိတဲ့သူတွေဖြစ်ဖို့ သေချာပါတယ်။
ကျွန်တော်ဆိုရင် ခရီးအတူထွက်နေကျ အမ ၆ ယောက်ရှိတယ်။ အဲ့ဒီ အမတွေက စိတ်တူ၊ ကိုယ်တူလည်းဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်ကြတဲ့အတွက် သူတို့နဲ့ခရီးထွက်တိုင်း ကျွန်တော်ပျော်တယ်။ ကျွန်တော့်အတွက် မိတ်ဆွေကောင်းတွေလည်းဖြစ်တယ်။ အခုဆိုရင် သူတို့နဲ့အတူ ခရီး ၃ ခု ထွက်ဖူးပြီးပါပြီ။
ခရီးအတူသွားတိုင်း သံယောဇဉ်ပိုလာတဲ့သူက ကိုယ့်အတွက် အရမ်းအဖိုးတန်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ ခရီးအတူထွက်နေကျ သူငယ်ချင်း၊ ဒါမှမဟုတ် ချစ်သူရှိတယ်ဆိုရင် mention ခေါ်ပြီး သူတို့ကို တန်ဖိုးထားကြောင်း ပြသလိုက်ပါ။
ဒါမှမဟုတ် အတူသွားကြည့်ချင်တဲ့သူရှိရင်လည်း သူနဲ့ ဘယ်နေရာကိုသွားချင်တယ်ဆိုတာ အမှတ်တရ ရေးခဲ့လို့ရပါတယ်ဗျ။
AD
your secret friend
your smart guy
####################