အိန္ဒိယနိုင်ငံမှ ကျိုင်းကောင်များ နီပေါကို ဝင်ရောက်ဖျက်ဆီး

အိန္ဒိယနိုင်ငံမှ နီပေါနိုင်ငံသို့ ပျံ့နှံ့ရောက်ရှိလာတဲ့ ကျိုင်းကောင်များကြောင့် နီပေါရှိ ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာပေါင်း ၁၁၀၀ ကျော်အထိ ပျက်စီးခဲ့ရကြောင်း သတင်းရရှိပါတယ်။

ကျိုင်းကောင်တွေရဲ့ ဖျက်ဆီးမှုကြောင့် ကောက်ပဲသီးနှံ စိုက်ခင်းပေါင်း ၁၁၁၈ ဟက်တာကျော် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တယ်လို့ နီပေါနိုင်ငံ ပိုးသတ်ဆေးအသုံးပြုမှု စီမံခန့်ခွဲရေးစင်တာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိခိုက်ပျက်စီးမှုမှာ နည်းတယ်လို့ ဆိုနိုင်သော်လည်း ကျိုင်းကောင်များဟာ နီပေါနိုင်ငံတစ်ဝန်းဒေသပေါင်း ငါးခုရှိ ကောက်ပဲသီးနှံခင်းများမှာ ကျရောက်လျက်ရှိပြီး သီးနှံများကိုဖျက်ဆီးနေကြောင်း ကျိုင်းကောင်များ ကျရောက်မှုဆိုင်ရာ သတင်းအချက်အလက်စင်တာမှ ရမ်ခရစ်ရှနာ ဆပ်ဘီဒီက ပြောကြားခဲ့ပါတယ်။

နီပေါရှိ ဒန်ဒေသမှာ ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာ ပေါင်း ၅၈၀ အထိ ကျိုင်းကောင်များကြောင့် ပျက်စီးခဲ့ပြီး ပူသန်ဒေသမှာလည်း စိုက်ခင်းပေါင်း ၂၈၃ ဟက်တာအထိထိခိုက် ပျက်စီးခဲ့ပါတယ်။ မက်ဝမ်ပါ၊ အာဂါခန်ချီနဲ့ ပယ်လ်ပါဒေသ တို့မှာလည်း သီးနှံစိုက်ခင်းပေါင်း ၁၀၅၁၀၀ အထိ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

Ref – xinhua

Photo – xinhua

##################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top