ဇူလိုင်(၆)၊ မကွေးတိုင်းဒေသကြီး။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ကြူချောင်းကျေးရွာတွင်ကျိုင်းကောင် (နှံကောင်)များ ကျရောက် ကြောင်း ကြားသိရ၍ မကွေးမြို့ တိုင်း/ခရိုင်/မြို့နယ်စိုက်ပျိုးရေးအဖွဲ့များက ကျိုင်းကောင်များ ကျရောက်သည့် အဆိုပါကျေးရွာ စိုက်ခင်းများသို့ ဇူလိုင်လ ၄ ရက်နေ့က သွားရောက် ကာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
photo credit – MOI Webportal Myanmar
ကွင်းဆင်းစစ်ဆေးမှုများအရ ဒေသခံတောင်သူများ စိုးရိမ်နေတဲ့ ကန္တာရကျိုင်းကောင်များ မဟုတ်ဘဲ ဒေသအတွင်းမှာ ဟိုးအရင်က ကျရောက်ဖူးတဲ့ သစ်ပင်၊ ဝါးပင်၊ ကျွန်းပင်တွေမှာ အများအားဖြင့် ကျရောက်တဲ့ အဝါစက်ပြောက် နှံကောင် (သို့)ကော်ဖီနှံကောင်လို့ခေါ်တဲ့ ကျိုင်းကောင် အမျိုးအစားတွေ ဖြစ်ပါတယ်၊ဒီကောင်တွေဟာ ဆိုလို့ရှိရင် သစ်တောစပ်၊ သစ်ပင်ကြီး၊ ဝါးပင်၊ ကျွန်းပင်တွေပေါ်မှာပဲ စားသောက်ပြီးတော့ သူတို့နဲ့ဆက်စပ်တဲ့ တောင်သူများရဲ့ယာခင်းထဲက ပဲခင်း၊ နှမ်းခင်းတို့ဆိုရင် ဖျက်ဆီးမှု မရှိပါဘူး၊ အစာရေစာရှားပါးရင်တော့ အနည်းငယ် ကိုက်ဖျက်စားသောက် တာတွေရှိတယ်၊ ဆိုးဆိုးရွားရွား (ဝါးဝါး)မရှိတဲ့အတွက် စိုက်ပျိုးရေးအဖွဲ့မှ ကျိုင်းကောင်ကို တောင်သူတွေကို ခေါ်ပြတယ် အဲဒီနေရာမှာဘဲ ရှင်းပြပြီးတော့ မလိုအပ်ပဲနဲ့ ပိုးသတ်ဆေးမသုံးစွဲဖို့ စသည့်ဖြင့်ပေါ့ ဒေသကွင်းဆင်းရင်းနဲ့ အသိပညာပေး ဆောင်ရွက်ခဲ့တဲ့ အနေအထားဖြစ်ပါတယ် ဟု မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းက ပြောသည်။
photo credit – MOI Webportal Myanmar
ဆက်လက်ပြီး ၎င်းက ၁၉၈၂ခုနှစ်လောက်ကတိုင် ယခုလိုကျိုင်းကောင်နဲ့ ပတ်သက်ပြီး အသိပညာပေး အကြောင်းကြားစာတွေ ထုတ်ထားတာရှိပါတယ်၊ ကျိုင်းကောင်တွေဟာ မြန်မာပြည်တွင်း မှာရှိနေတဲ့ ရိုးရိုးဒေသတွင်းမှာ ရှိနေတဲ့ ကျိုင်းကောင်ဖြစ် ပြီးတော့ တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးတဲ့ ကျိုင်းကောင် မဟုတ်ပါ၊ ရာသီဥတုပြောင်းလဲမှုပေါ်မူတည်ပြီးတော့ သူတို့ရဲ့ စာသောက်ပုံ စားသောက်နည်း၊ မျိုးပွားပုံ အဆင့်ဆင့်တွေဟာ နှစ်စဉ်နှစ်တိုင်းပေါ်ပေါက်နေတဲ့ အနေအထား မဟုတ် ဘဲနဲ့ ယခုလို ရာသီပြောင်းလဲ ချိန်လေးမှာဘဲ ကျိုင်းကောင်တွေ ကျရောက်တာဖြစ်ပါတယ်၊ ကျိုင်းကောင် သက်တမ်း(၁၃)လမှ (၁၅)လထိ ရှိတယ် ဆိုသော်ညားလည်း သူတို့တကယ်တမ်း(၁)လလောက် ရှိရင် လည်း အလိုလိုနေရင်း ပျောက်ပယ် သွားတာမျိုး ရှိပါတယ်၊ ယခုလက်ရှိ ကျရောက်တဲ့ မကွေးတိုင်း ဒေသကြီးမှာရှိတဲ့ ကျိုင်းကောင်တွေကို အထူးသဖြင့် တောင်သူများကို ပြောချင် တာကတော့ အဝါစက် ပြောက်နှံကောင်(သို့)ကော်ဖီနှံကောင်ဆိုတဲ့ ကျိုင်းကောင်ဟာ ပြည်တွင်းမှာရှိတဲ့ ကျိုင်းကောင်ဖြစ်ပြီးတော့ ကန္တာရကျိုင်းကောင် မဟုတ်တဲ့အကြောင်း အသိပေး ပြောကြားလိုပါတယ်၊သီးနှံပင်တွေ ဖျက်ဆီးတာ မဟုတ်တဲ့အတွက် ပိုးသတ်ဆေး မဖျန်းသင့်ပါဘူး၊ဒီလို ပိုးသတ်ဆေး ဖျန်းမယ်ဆိုရင် တောင်သူတွေ အတွက် ကုန်ကျစရိတ်တွေများပြီး မလိုလားအပ်တဲ့ ပတ်ဝန်းကျင်ရော ၊ ငွေရေးကြေးရေးတွေ ကုန်ကျ နိုင်တဲ့အတွက် အရမ်းစိုးရိမ်စရာမလိုပဲ သဘာဝအလျှောက် ပျောက်ပျက်သွားနိုင်သလို ကျိုင်းကောင် တွေဟာ သီးနှံစိုက်ခင်းတွေကို စီးပွားရေး ထိခိုက်စေတဲ့ အဆင့်ထိ မဟုတ်တဲ့ အတွက်ကြောင့် ကျွန်တော် အနေနဲ့ မစိုးရိမ်ကြဖို့ ပြောကြားလိုပါတယ်လို့် ဆိုသည်။
photo credit – MOI Webportal Myanmar
မကွေးတိုင်းဒေသကြီးတွင် လက်ရှိကျရောက်နေသော ကျိုင်းကောင်(နှံကောင်)သည် Aularches miliaris(Linnaeus, 1758)ဟု ခေါ်တွင်သော အဝါစက်ပြောက်နှံကောင်(သို့)ကော်ဖီနှံကောင်ဖြစ်၍၊ ကာလတိုအခိုက်အတန့်သာ ကျရောက်တတ်ပြီး ကျရောက်ပြီး တစ်လခန့်အကြာတွင် ပျောက်ကွယ် သွားလေ့ရှိသည့်အတွက် မလိုအပ်ဘဲ ပိုးသတ်ဆေး မဖျန်းသင့်ကြောင်းနှင့် အဆိုပါ ကျိုင်းကောင် (နှံကောင်)ကျရောက်မှုနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများအား လိုအပ်သည့် ပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Gabriel (Content Writer)
WE Media
Source – MOI Webportal Myanmar
########################