Breaking News !!! ဆယ့်သုံးရာစုမှ Black Death အမည်ရှိ ကူးစက်ရောဂါ တရုတ်နိုင်ငံတွင်ပြန်လည်ဖြစ်ပွားနေ

Breaking News !!!

ဆယ့်သုံးရာစုမှ Black Death အမည်ရှိ ကူးစက်ရောဂါ တရုတ်နိုင်ငံတွင်ပြန်လည်ဖြစ်ပွားနေ

ဇူလိုင်(၆)၊ ရန်ကုန်။

☣️Black Death အမည်ရတဲ့ ကူးစက်ရောဂါတစ်မျိုး တရုတ်နိုင်ငံပိုင် မွန်ဂိုလီးယားအတွင်းပိုင်းမှာ ထပ်မံဖြစ်ပွားနေကြောင်း တရုတ်အစိုးရပိုင် Global Times က ထုတ်ပြန်ပါတယ်။

☣️Black Death (https://en.wikipedia.org/wiki/Black_Death) ဟာ ၁၃၄၇ ကနေ ၁၃၅၁ အထိ ဥရောပမှာဖြစ်ပွားခဲ့တဲ့ ကူးစက်(ပလိပ်)ရောဂါတစ်မျိုးဖြစ်ပြီး ဥရောပနေ လူပေါင်း ၇၅ သန်းကနေ သန်း ၂၀၀ အထိသေကြေခဲ့တဲ့ ရောဂါလည်းဖြစ်တယ်။ လူ့သမိုင်းတစ်လျှောက်အဖျက်စွမ်းအားအကြီးဆုံးရောဂါလည်းဖြစ်တယ်။ ဒီနေ့အချိန်မှာတော့ Black Death ဆိုတဲ့ Bubonic Plague ကို တိုက်ဖျက်နိုင်တဲ့ဆေးတွေရှိနေပါပြီ။

☣️ဒီရောဂါကို နွားနောက်တွေကျောင်းတဲ့အမျိုးသားတစ်ဦး ဆီကနေ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့အခြေအနေက တည်ငြိမ်ကောင်းမွန်နေတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ Bubonic Plague ကို ပထမဆုံးတွေ့ရှိခဲ့ရတာက အူရတ်အောင်လံတော်ဆေးရုံကြီး (Urad Banner Hospital) မှာဖြစ်ပြီး ဘယ်လိုကနေဘယ်လိုကူးစက်တယ်ဆိုတာကို မသိရှိရပါဘူး။ ဒုတိယလူနာက (၁၅) နှစ်အရွယ်လူငယ်ဖြစ်ပြီး Marmot လို့ခေါ်တဲ့ မြေအောင်းကြွက်မျိုးနွယ်ဝင်တွေကို ခွေးနဲ့အမဲလိုက်ဖူးတယ်လို့ဆိုပါတယ်။

☣️လက်ရှိ ဘာယန်နူး (Bayannur) မြို့ နဲ့ မွန်ဂိုလီးယားအလယ်ပိုင်းဒေသတွေမှာ ရောဂါပိုးသယ်ဆောင်နိုင်ချေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်တွေကို သတ်ဖြတ်စားသောက်ခြင်းမလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခုထူးခြားမှုရှိရင် ဘာယန်နူးကျန်းမာရေးဗဟို ကို အသိပေးဖို့ထုတ်ပြန်ထားပါတယ်။

☣️Babonic Plague ဆိုတာဘာလဲ

☣️Babonic Plague ဆိုတာ ဘက်တီးရီးယားပိုးကူးစက်မှုကြောင့်ဖြစ်လာတဲ့ ကပ်ရောဂါကြီးဖြစ်ပြီး အာဖရိက ကနေ စတင်ပေါက်ပွားတဲ့ရောဂါဖြစ်တယ်။ လူ့သမိုင်းကြောင်းတစ်လျှောက်အဖျက်စွမ်းအားအကြီးဆုံး နဲ့ လူသေဆုံးမှုအများဆုံးကပ်ရောဂါကြီးဖြစ်ပြီး အာဖရိက၊ အာရှ နဲ့ ဥရောပတစ်လွှားလူပေါင်း ၂၀၀ မီလျံသေဆုံးခဲ့တယ်။ ကူးစက်ပုံကတော့ တိရစ္ဆာန်ကနေ လူကိုဖြစ်ပြီး ကြားခံသယ်ဆောင်သူကတော့ တိရစ္ဆာန်ကိုယ်ပေါ်က “သန်း” (Flea) တွေဖြစ်ပါတယ်။

☣️Babonic Plague ကို ကုသနိုင်မယ့်ဆေးတွေအခုချိန်မှာရှိနေပါပြီ။ ပူစရာတော့သိပ်မရှိပေမယ့် သတိမထားနိုင်ရင်တော့ သေဆုံးစေနိုင်တဲ့ကူးစက်ရောဂါအဖြစ်ကျန်နေဆဲပါပဲ။ သူ့ရဲ့ရောဂါလက္ခဏာတွေက ဖျားတာ၊ အအေးမိတာ၊ ပျို့အန်တာ၊ ပေါင်ခြံ၊ ချိုင်း၊ လည်ပင်းတွေက ပြန်ရည်ကြော(lymph node)တွေရောင်တာ-တစ်နည်း အကျိတ်တွေပေါက်တာ နဲ့ တစ်ကိုယ်လုံး အနီဖုတွေ၊ အနီစက်တွေထွက်တာဖြစ်တယ်။

☣️Babonic Plague လို့ခေါ်တဲ့ Black Death ဖြစ်ပွားမှုနှုန်းဟာ အခုအချိန်မှာနည်းပါးသွားတာမှန်ပေမယ့်လည်း အခြေအနေအကြောင်းအရာတိုက်ဆိုင်ရင် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

Gabriel (Content Writer)
WE Media
Source – CNN

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top