တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ကျင့်နေစဉ် အမေရိကန် လေယာဉ်တင်သင်္ဘောများရောက်ရှိ
စနေနေ့တွင် ပိုင်နက်အငြင်းပွားတောင်တရုတ်ပင်လယ်၌ အမေရိကန်လေယာဉ်တင်သင်္ဘော ၂ စင်းရောက်ရှိကာ စစ်ရေးလေ့ကျင့်မှုလုပ်နေကြောင်း အမေရိကန်လေတပ်ကပြောကြားလိုက်သည်။
ယခုလ ၁ ရက်မှ ၅ ရက်အထိ တရုတ်က အငြင်းပွားရေပိုင်နက်တွင် စစ်ရေးလေ့ကျင့်မှုများလုပ်နေပြီး ပင်တဂွန်စစ်ဌာနချုပ်နှင့် ထိုဒေသမှအိမ်နီးချင်းနိုင်ငံများက ဝေဖန်မှုများရှိနေချိန်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောများရောက်လာခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်မှအစပြုပြီး ဟောင်ကောင်နှင့်ကုန်သွယ်ရေးအထိ ဆက်ဆံရေးပျက်ယွင်းနေသည့်အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးက မဟာဗျူဟာမြောက်ရေလမ်းကြောင်းတွင် တင်းမာမှုများဖြစ်စေရန်ဖန်တီးနေကြောင်း အပြန်အလှန်စွပ်စွဲထားသည်။
USS Nimitz နှင့် USS Ronald Reagan သင်္ဘော ၂ စင်း တောင်တရုတ်ပင်လယ်သို့ရောက်နေခြင်းမှာ လွတ်လပ်ပွင့်လင်းသောအင်ဒိုပစိဖိတ်ဒေသကို ထောက်ခံရန်ဖြစ်သည်ဟု အမေရိကန်ရေတပ်ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ကီလိုမီတာ ၉၀၀ ခန့်ကျယ်ဝန်းပြီး တရုတ်နိုင်ငံက ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းပြောသော်လည်း အိမ်နီးချင်းအာဆီယံနိုင်ငံများကကန့်ကွက်နေသည့်ပင်လယ်၏ မည်သည့်နေရာတွင် သင်္ဘောများရှိနေကြောင်း အမေရိကန်ရေတပ်က ထုတ်မပြောချေ။
“ဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကို ကျွန်တော်တို့အလေးထားတယ်ဆိုတာ ကျွန်တော်တို့ရဲ့တွဲဖက်တွေနဲ့မိတ်ဖက်တွေကိုပြချင်တာ ရည်ရွယ်ချက်ပါ။” ဟု ရေတပ်ဗိုလ်ချုပ်ဂျော့ဂျ် ဝစ်ကော့ဖ်ကပြောကြောင်း ပါသည်။
“တင်းမာမှုတွေလျှော့ချဖို့နဲ့ ဆက်တည်ငြိမ်နေဖို့ အားထုတ်မှုတွေကိုပြောင်းပြန်သက်ရောက်စေတယ်။” ဟု ယခုတစ်ပတ်အတွင်း ပင်တဂွန်စစ်ဌာနချုပ်က တရုတ်စစ်ရေးလေ့ကျင့်မှုကိုဝေဖန်ထားသဖြင့် ယခုသင်္ဘော ၂ စင်း လေ့ကျင့်နေသည်မှာ ပင်တဂွန်၏ တုံ့ပြန်မှုမဟုတ်ကြောင်းလည်း USS Ronald Reagan ဦးဆောင်သည့်တိုက်ခိုက်ရေးအုပ်စု၏ တပ်မှူးဖြစ်သည့်ဝစ်ကော့ဖ်ကပြောသည်။
စစ်ရေးလေ့ကျင့်မှုများအပေါ် အမေရိကန်ဝေဖန်မှုကို တရုတ်က သောကြာနေ့တွင်ပယ်ချခဲ့ပြီး တင်းမာမှုမြင့်တက်ခြင်းမှာ အမေရိကန်ကြောင့်ဟု အကြံပြုသည်။
တောင်တရုတ်ပင်လယ်အပါအဝင် အနောက်ပစိဖိတ်ဒေသတွင် အမေရိကမ်လေယာဉ်တင်သင်္ဘောများ ယခင်ကတည်းက လေ့ကျင့်မှုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်ကပြောထားသည်။
မကြာသေးခင်ကအချက်အလက်များအရ ဒေသတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော ၃ စင်းရှိသည်။
ဗီယက်နမ်သာမက တရုတ်ကလည်းပိုင်ဆိုင်သည်ဟုပြောထားသော ပါရာဆယ်ကျွန်းအနီးတွင် တရုတ်စစ်ရေးလေ့ကျင့်မှုများလုပ်နေခြင်းဖြစ်သည်။
####################