၃၁ နှစ်အရွယ်မှာသေဆုံးသွားခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးကြောင်ကြီး Rubble

ကမ္ဘာ့အသက်အကြီးဆုံးကြောင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကြောင်ကြီး Rubble ဟာ အသက် ၃၁ နှစ်အရွယ် မှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ကြောင်သက်တမ်းအရတွက်မယ်ဆိုရင် ၃၁ နှစ်အရွယ်ဆိုတာ လူ့သက်တမ်း နဲ့ဆိုရင် အသက် ၁၅၀ အထိ ရှည်တာနဲ့ ညီမျှပါတယ်။

Image Credit: Michele Heritage/SWNS

ကြောင်ကြီး Rubble ရဲ့ ပိုင်ရှင်ဖြစ်ခဲ့တဲ့ Michele Heritage ဟာ သူမရဲ့အသက် ၂၀ ပြည့်မွေးနေ့တုန်းက မွေးနေ့လက်ဆောင်အဖြစ် ကြောင်ပေါက်လေးအရွယ်သာရှိသေးတဲ့ Rubble ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Rubble ဟာ သူမနဲ့အတူ နှစ်ပေါင်း ၃၀ လောက် အတူနေသွားခဲ့တာလို့ ဆိုရမှာပါ။ Rubble သေဆုံးချိန်မှာ Michele ရဲ့ အသက်ဟာလည်း ၅၀ ကျော်နေပါပြီ။

Image Credit: Michele Heritage/SWNS

အင်္ဂလန်နိုင်ငံ၊ Exeter မှာနေထိုင်တဲ့ Michele ဟာ သားသမီးမရှိတာကြောင့် သူမရဲ့အချစ်တော်ကြောင်ကြီး Rubble ကိုပဲ သားသမီးအရင်းလို ဂရုတစိုက်စောင့်ရှောက်မွေးမြူခဲ့ပါတယ်။ အဲဒါကလည်း Rubble အသက် ရှည်ရှည်နေထိုင်နိုင်ရတဲ့ အကြောင်းအရင်းများစွာထဲက တစ်ချက်လို့ ဆိုနိုင်ပါတယ်။

Image Credit: Michele Heritage/SWNS

“ကျွန်မသူ့ကို ကလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံပါတယ်။ ကျွန်မမှာကလေးမရှိပါဘူး။ အသက် ၂၅ အရွယ် မှာ ဆုံးသွားတဲ့ Meg လို့ခေါ်တဲ့ နောက်ကြောင်တစ်ကောင်လည်း ရှိခဲ့ဖူးပါတယ်။” လို့လည်း Michele ကဆိုပါ တယ်။ သူမရဲ့အဆိုအရ Rubble ဟာ အရမ်းအသက်ကြီးလာတာ ကြောင့် သူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တွေမှာ တဖြည်းဖြည်းချိနဲ့အားနည်းလာပြီး အစားလည်းမဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

Image Credit: Michele Heritage/SWNS

အမွှေးပွ Maine Coon ကြောင်မျိုးဖြစ်တဲ့ Rubble ဟာ ပြီးခဲ့တဲ့နှစ် မေလက အသက် ၃၁ နှစ်ပြည့်ပြီးချိန်မှာ သက်ရှိထင်ရှားကမ္ဘာ့အသက် အကြီးဆုံးကြောင်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၃၂ မပြည့်ခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Image Credit: Michele Heritage/SWNS

သူ့အရင်ကအသက်အကြီးဆုံးကြောင်ဖြစ်ခဲ့တဲ့ Scooter အမည်ရှိ အသက် ၃၀ အရွယ် ကြောင်ကြီးကတော့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက သေဆုံးသွားခဲ့ပါတယ်။

(Crème Puff, Image Credit: Pinterest)

ကမ္ဘာ့အသက်ကြီးဆုံးကြောင်အဖြစ် စံချိန်တင်ထားတဲ့ Crème Puff ကြောင်ကြီးကတော့ ၂၀၀၅ ခုနှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး သူသေဆုံးချိန်မှာ အသက် ၃၈ နှစ်အရွယ် ရှိနေပါပြီ။ ဘယ်ကြောင်မှ သူ့လောက်အသက်မရှည်ခဲ့ကြပါဘူး။

Image Credit: Michele Heritage/SWNS

Rubble သေဆုံးတဲ့နေ့ကတော့ Michele ဟာ ပုံမှန်အတိုင်းပဲ အလုပ်သွားနေခဲ့တာ ဖြစ်ပါတယ်။ သူမအိမ်ပြန် ရောက်ချိန်မှာတော့ Rubble ဆုံးသွားကြောင့် ခင်ပွန်းဖြစ်သူက ပြောခဲ့ပါတယ်။ Rubble ဟာ သူနေ့တိုင်းသွား နေကျ လမ်းပေါ်မှာပဲ ဆုံးသွားခဲ့တာပါ။ နေ့တိုင်း အဲဒီလမ်းပေါ်ကနေ အိမ်ပြန်လာနေကျ Rubble တစ်ကောင် အဲဒီနေ့မှာတော့ အိမ်ပြန်မလာနိုင်တော့ပါဘူး။

Katie Scarlett
We Media

Source: Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top