မန္တလေးတွင် ကိုယ်အပူချိန်တက်ကာ လမ်းဘေး လဲကျနေသူအား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး
မန္တလေးမြို့ ကျွဲဆည်ကန် ကားဝင်းအနီး လမ်းဘေးပလက်ဖောင်းပေါ်တွင် ယနေ့ ဇူလိုင်(၆)ရက် ညနေပိုင်းက အသက်(၄၀)ခန့်အရွယ် အမျိုးသမီးတစ်ဦး ကိုယ်အပူချိန်မြင့်တက်ကာ သတိလစ် လဲကျနေသဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွေးငြိမ်းထံမှ သိရသည်။
ကျွဲဆည်ကန်ကားဝင်းအနီး ရန်ကုန်-မန္တလေး လမ်းဆုံမီးပွိုင့် လမ်းဘေးပလက်ဖောင်းပေါ်တွင် အမျိုးသမီးတစ်ဦး ကိုယ်အပူချိန်မြင့်တက်ကာ လဲကျနေကြောင်း သတင်းပေးချက်အရ ယနေ့ ညနေ (၆)နာရီခွဲဝန်းကျင်တွင် ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ဘေးပတ်ဝန်းကျင် ပြောဆိုချက်များအရ အဆိုပါ အမျိုးသမီး လဲကျနေသည်မှာ တစ်နာရီဝန်းကျင် ရှိပြီး ကိုဗစ်ကာလ ဖြစ်၍ မည်သူမျှ အနားမကပ်ရဲ ဖြစ်နေသည်ဟု ဦးဇော်ငြိမ်းထွေးက ပြောသည်။
ထို့နောက် ကိုဗစ်လူနာ တင်ယာဉ် သီးသန့်ရှိသည့် အနော်မာ လူမှုကူညီရေး အသင်းအား အကူအညီ တောင်းကာ မန္တလေးဆေးရုံကြီးသို့ပို့ ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
” အဲ့ဒီ နေရာမှာ ပက်လက်ကလေး လဲနေတာ တစ်နာရီလောက်တော့ ရှိပြီလို့ပြောတယ်။ ကိုယ်အပူချိန်ကလည်း တက်နေတော့ ကိုဗစ်ကာလဆိုတော့ ဘယ်သူမှ မကပ်ရဲကြဘူး။ ကျွန်တော်တို့တောင် Mask တွေ လက်အိပ်တွေ စွပ်ပြီး ကားပေါ်တင်ပေးလိုက်တာ။ စိတ်မကောင်းစရာပဲ။ ဆေးရုံကြီးရောက်တော့ အသက်မရှိတော့ဘူးလို့ ပြောတယ်” ဟု ချမ်းမြသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွေးငြိမ်းက ပြောသည်။
လဲကျနေသည့် အမျိုးသမီးသည် ကိုယ်အပူချိန် မြင့်တက်နေ၍ နေရပ်လိပ်စာ မေးမရဘဲ ဘေးပတ်ဝန်ကျင်၏ ပြောပြချက်အရ စဉ့်ကိုင်မြို့သို့ သွားရောက်မည်ဟု ကနဦး သိထားသည်ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ လူနာသည် ဆေးရုံကြီးသို့ ရောက်ရှိချိန် သေဆုံးနေပြီဖြစ်၍ မည်သည့်ရောဂါဖြင့် သေဆုံးခြင်းဖြစ်သည်ကို လတ်တလောတွင် မပြောနိုင်သေးဘဲ လူနာရောက်ရှိလာချိန်တွင် ကျန်းမာရေးဝန်ထမ်းများမှ ဝတ်စုံအပြည့်ဖြင့် စစ်ဆေးကာ အလောင်းကို သီးသန့်အခန်းတွင် ထားရှိသည်ဟု မန္တလေးအထွထွေ ရောဂါကု ဆေးရုံကြီးမှ ဒုတိယ ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောပါသည်။
အဆိုပါ လူနာအမျိုးသမီးထံမှ ဓာတ်ခွဲနမူနာ ရယူထားပြီး ယနေ့ ဇူလိုင်(၇)ရက် နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-Mdy) သို့ ပေးပို့ကာ COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း ဒေါက်တာခင်ကျော်က ပြောသည်။
####################