ဇူလိုင်(၇)၊ ရန်ကုန်။
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီမာ ခရိုင်၊ ထုန်းမြို့နယ်အပိုင် ကျေးရွာတစ်ခုက အိမ်အမှတ် ၁၀၅ မှာနေထိုင်သူ ကလေးငယ်တစ်ဦးဟာ မီးပလပ်ပေါက်ထဲ လက်ညှိုးထိုးပြီးဆော့ကစားရာကနေ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်။
photo – la min maung maung
ကလေးငယ်သေဆုံးချိန်က အိမ်မှာ ကြွေပြားခင်းနေတာဖြစ်ပြီး အလုပ်သမားတွေနေ့လည်စာစားချိန် မိခင်ဖြစ်သူက အိမ်ရှေ့မှာ အမှိုက်တွေသိမ်းဆည်းနေတုန်း ကလေးငယ်က နောက်ကလိုက်လာပြီး မီးပလပ်ပေါက်ထဲကို လက်နှိုက်ခဲ့တာဖြစ်ပါတယ်။
photo – la min maung maung
အခင်းဖြစ်ပွားချိန် ကလေးငယ်ရဲ့ အသံကြောင့် အလုပ်သမားတွေ နဲ့ မိဘတွေရောက်လာပြီး ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကလေးရဲ့ အသက်ကို မမှီတော့ပါဘူး။ မိဘတွေရော၊ အလုပ်သမားတွေပါ ပေါ့ဆမှုကြောင့်ဖြစ်လာတဲ့ ကြေကွဲစရာဖြစ်ရပ်တစ်ခုလို့ပဲပြောရမှာဖြစ်ပါတယ်။
ကလေးငယ်ရဲ့ အမည်က နတ်ထ်ကွန်း (Nathakorn) လို့သိရပြီး အသက်က ၂ နှစ်အရွယ်ပဲရှိပါသေးတယ်။
Gabriel (Content Writer)
WE Media
Source – La Min Maung Maung