တရုတ်နိုင်ငံတွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေသေတ္တာကြီးထဲမှ အရိုးစုသည် ဗုဒ္ဓဓာတ်တော်မွေတော်များ ဖြစ်နိုင်သည်ဟု ဆို……
wwwwwwwwwwwwwwwwww
၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံ၊နန် ကျင်းမြို့ရှိ ဗုဒ္ဓဘာသာဘုရားကျောင်းတစ် ခုတွင် တူးဖော်မှုများပြုလုပ်စဉ် ရှေးဟောင်းသုတေသန ပညာရှင်များက သက် တမ်းနှစ်ပေါင်း ၁၀၀၀ ရှိသော ရှေးဟောင်း ရွှေသေတ္တာကြီးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ယခုအခါ ရွှေသေတ္တာကြီးအတွင်းမှ အရိုးအပိုင်းအစများသည် ဗုဒ္ဓ၏ဓာတ် တော်မွေတော်များ ဖြစ်နိုင်သည်ဟု ဆိုလာခဲ့ကြသည်။ ၎င်းတို့၏အဆိုအရ သေတ္တာထဲတွင် ရဟန္တာများ၏ အရိုးစုများလည်း ရောနှောပါ၀င်နေပြီး ဦးခေါင်းခွံအစိတ်အ ပိုင်းတစ်ခုမှာ ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်မွေတော် ဖြစ်နိုင်သည်ဟု သိရသည်။
၎င်းသေတ္တာသည် လေးပေရှည်၍ တစ်ပေခွဲ အကျယ်ရှိကာ စန္ဒကူးသားနှင့်ပြုလုပ်ထား သည်။ ရွှေ၊ ငွေနှင့်ကျောက်မျက်ရတနာများ ထည့်သွင်း လုပ်ဆောင်ထားသော သေတ္တာ ထဲတွင် အရိုးများကို တွေ့ရှိခဲ့သည်။
သေတ္တာတွင် 1000 CE ခန့်က လုပ် ဆောင်ခဲ့သည့် သေတ္တာဖြစ်ကြောင်းနှင့် ဘုရားကျောင်းကို တည်ထောင်ခဲ့သူတို့၏ အမည်များအပြင် ဓာတ်တော်မွေတော်တို့ ၏ပိုင်ရှင်များကိုလည်း ရေးသားထားသည်။ ကျောက်သေတ္တာထဲတွင် ရွှေကြုတ်၊ ရွှေ ကြုတ်ထဲတွင် ငွေသေတ္တာနှင့် ငွေသေတ္တာထဲတွင် ရွှေသေတ္တာတို့ကို အဆင့်ဆင့်မြင် တွေ့ရပြီးမှ ဓာတ်တော်မွေတော်များကို တွေ့ရခြင်း ဖြစ်သည်။
သေတ္တာပေါ်တွင် ရေးသားထားသည့်စာထဲ၌ ဗုဒ္ဓ၏ဦးခေါင်း ခွံလည်းပါရှိသည်ဟု ဆိုထားသည်။ ဗုဒ္ဒ၏ ဓာတ်တော်မွေတော်များသည် အစုပေါင်း ထောင်နှင့်ချီ ကွဲပြားသွားခဲ့ပြီးနောက် ၎င်းတို့ထဲမှ ၁၉ စုမှာ တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု တရုတ်တွင် အဆို ရှိခဲ့ဖူးသည်။ အခြားရဟန္တာများ၏ ဓာတ်တော်များနှင့်အတူ တရုတ်သို့ သယ်ဆောင်လာရာတွင် အချိန်ကြာမြင့်ခြင်း၊ ထိုအချိန်က ဆူပူမှုများကြောင့် ဓာတ်တော်များ ထားမည့်နေရာ ဖျက်ဆီးခံရခြင်းတို့ဖြစ် ပေါ်ခဲ့ဖူးသည်။ ၁၁ ရာစုတွင် ဧကရာဇ် Zhenzongက ဓာတ်တော်မွေတော်များကို မြှုပ်နှံ၍ ဘုရားကျောင်းကိုပြန်လည် ပြုပြင် တည်ဆောက်ခဲ့သည်ဟု သိရသည်။
crd#
#winhlaingoo