တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး
ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။
ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။
ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မ ရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ ရွာပတ်ဝန်းကျင်တစ်ဝိုက်လောက်ပဲ သွားစရာရှိတာကြောင့် ကျွန်မတို့အဖွဲ့က ၇ နာရီ ထိုးလောက်ကျမှ ရွာထဲ ကော်ဖီထွက်သောက်ကြပါတယ်။
ကျွန်မက နောက်မှလိုက်လာမယ်ပြောလိုက်ပြီး ကျွန်မလေ့လာချင်တဲ့ ဈေးဘက်ကို ဦးတည်ပြီး တစ်ယောက်တည်း သွားလိုက်ပါတယ်။ ကျွန်မလျှောက်သွားရင်း လမ်းမတန်းကြီးရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်၊ ဆေးဆိုင်လေးတွေ စဖွင့်နေတာ တွေ့ရပါတယ်။
အမျိုးသမီး ပျိုပျိုရွယ်ရွယ် အသက်ကြီးပါမကျန် ဦးတည်သွားနေကြတဲ့ လမ်းကြားလေးနောက်ကို ကျွန်မ လိုက်သွားလိုက်ပါတယ်။ အမျိုးသမီးတွေဆိုတော့ ဈေးကိုပဲ သွားနေတာဖြစ်မှာပါ။ကျွန်မထင်တာမမှားပါဘူး။
ကျွန်မ ဆယ်လှမ်းလောက်သာ လျှောက်သွားပြီးတာနဲ့ ဈေးဝင်းထဲကို ရောက်သွားပါတော့တယ်။ ဝင်လိုက်တယ် ဆိုရင်ပဲ အလယ်လူလျှောက်လမ်း တစ်ဘက်တစ်ချက်မှာ ခင်းကျင်းရောင်းချနေတဲ့ ဆိုင်တွေကို တွေ့ရတော့တာပဲ။
ဈေးသည်တွေက အုတ်ခုံအမြင့်မှာ ခင်းရောင်းနေတာကို တွေ့ရပါတယ်။ အခြောက်အခြမ်း၊ ဟင်းသီးဟင်းရွက်၊ မုန့်သည်တွေကို ကျွန်မ ကြည့်ရုံသာ ကြည့်သွားလိုက်ပါတယ်။
ကျွန်မတကယ် စိတ်ဝင်စားတာက ဒီလိုဈေးရုံတွေ အပြင်ဘက်ကွက်လပ်မှာ လာပြီးရောင်းတတ်ကြတဲ့ တောသည်တွေကိုပါ။ကျွန်မ ဈေးရုံကထွက်လိုက်တော့ အလယ်ကွက်လပ်ထဲမှာ လူတွေက ကျိတ်ကျိတ်တိုးစည်နေပါပြီ။ဟန်ကျတာပဲ။
ဝေးဝေး မသွားရဘဲ ဒီထဲရှိတော့ တစ်ပတ်တော့ ပတ်ကြည့်မယ်ဆိုပြီး ကျွန်မ ညာဘက်က စပတ်လိုက်ပါတယ်။အလယ်ဘက်မှာ ကျောချင်းကပ် ရောင်းနေကြတာကတော့ အသားငါးတွေပါ။ ကျွန်မဝယ်နေကျ ဈေးတွေမှာရှိတတ်တဲ့ အသားငါးတန်းလို့ ခေါ်ရမှာပေါ့။
သူ့ရဲ့ဘေးပတ်လည် တစ်ဘက်တစ်ချက်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ တိုတိုထွာထွာ အသုံးအဆောင်လေးတွေ ချရောင်းနေတာ တွေ့ရပါတယ်။
သားငါးရောင်းတယ် ဆိုရာမှာတော့ ငါးနဲ့ပုစွန်တွေပါ။ ရန်ကုန်က ဈေးသည်တွေလိုများများစားစား ပုံရောင်းကြတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာက ကိုယ်တိုင်ဖမ်းလို့ ရတာလေးတွေ လာချရောင်းတာနဲ့ တူပါတယ်။
တချို့ဆိုရင် ဗန်းလေးထဲမှာ ငါးခူလေး ငါးကောင်၊ ငါးရံ့မြီးတို တစ်ကောင်၊ နှစ်ကောင်၊ ပုစွန်သေးသေး လေးတစ်ပုံ၊ နှစ်ပုံလောက်သာ တွေ့ရတာပါ။ ကျွန်မပတ်ကြည့်ရင်း တစ်တောင်လောက်ရှိတဲ့ ငါးသလောက်လေးကောင် ချရောင်းနေတာတွေ့တော့ ကျွန်မခြေထောက် အလိုလို ရပ်သွားပါတော့တယ်။
”အကောင်တွေက ကြီးလိုက်တာ”
”ရန်ကုန်မှာတောင် ဒီအရွယ် တွေ့ရခဲတယ်”
”ဝယ်ပြီး ထမင်းဆိုင်မှာ ချက်ခိုင်းရင်ကောင်းမလား” ဆိုပြီး ကျွန်မ တွေးဖြစ်သွားပါတယ်။အနားရောက်သွားတော့မှ ငါးသလောက်တွေက ငါးဆားနယ်တွေမှန်း သိလိုက်ရပါတယ်။ကလေး ရေစပ်စပ်စားချင်တာမို့ ဈေးမမေးဘဲ ဆက်လျှောက်သွားလိုက်ပါတယ်။
”ဆရာမကြီး၊ ငါးသလောက်တွေက ကိုယ်တိုင်လုပ်ထားတာပါ”
”စားကြည့်ပါဦး”
”ဒီရောက်တုန်း စားသွားပါ။ ခရမ်းချဉ်သီးနဲ့ချက်ရင် ပြေပြီး မတက်တော့ပါဘူး” လို့ ပြောပြီး ရောင်းနေပါတော့တယ်။
တကယ်တော့ ကျွန်မက ငါးသလောက်စားရင် တက်တယ် ပြောပေမယ့် စားနေကျပါ။ ကြိုက်လဲကြိုက်ပါတယ်။ တက်စာမို့ ရှောင်တာမဟုတ်ပါဘူး။ ငါးဆားနယ် မစားချင်လို့ မဝယ်လိုက်တာပါ။
တက်စာလို့ပြောလိုက်တော့ ကျွန်မတို့အရွယ်တော်တော်များများက သွေးတိုးမှာ၊ တက်မှာ ကြောက်ကြတာကြောင့် ငါးသလောက်၊ ငါး ပြေမ၊ အုန်းနို့၊ မျှစ်ချဉ် စသည်တို့ကို ရှောင်ကြတာ သတိထားမိပါတယ်။ ကျွန်မတို့ အိမ်သားတွေ အားလုံးက အစားမရှောင်ကြပါဘူး။ သတိထား ချင့်ချိန်ပြီးတော့ စားကြတာပါ။
အစားအသောက် မရှောင်တဲ့သူပေမယ့် ကျွန်မ ဘန်ကောက်ရောက်စက အခက်ကြုံခဲ့ရတာပါ။ သူတို့ဟင်း တော်တော်များများက အုန်းနို့ ထည့်ချက်ကြပါတယ်။ ဟင်းအရည်သောက်တောင်မှ အုန်းနို့ထည့်ချက်တာကိုး။
ဆိုင်တွေမှာ ကျွန်မအတွေ့များတာက ငါးပြေမ၊ မယ်ဇလီ၊ ဝက်သားနဲ့ မျှစ်ချဉ်တို့ကို အုန်းနို့နဲ့ ချက်ကြတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ငါးပြေမဆီပြန်ဟင်း ရိုးရိုးတောင် တစ်ကောင်နှစ်ကောင်ထက် ပိုပြီး မစားလိုကြဘူး။ အုန်းနို့ထည့်ချက်လိုက်ရင်တော့ လုံးဝ စားဝံ့ကြမှာ မဟုတ်ပါဘူး။
ဝက်သားနဲ့ မျှစ်ချဉ်ဆိုလဲ သိပ်မစားရဲလှဘူး။ အုန်းနို့ပျစ်ပျစ်ရော ချက်ထားတော့ ပွဲကသိမ်းသွားတာပေါ့။ တက်ပြီးရင်း တက်သွားမယ့်ဟင်း ဖြစ်နေတာကိုး။
နောက်အနေကြာတော့ ထိုင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားကြတဲ့အခါမှာ မရှောင်သာတော့ ကျွန်မ အုန်းနို့ပါတဲ့ ဟင်းတွေကို မြည်းစမ်းတဲ့သဘောနဲ့ စစားဖြစ်ပါတယ်။
သူတို့က အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတို့ကို အများဆုံးချက်ကြတာပါ။ ဟင်းသီးဟင်းရွက်တွေတော့ တချို့ဟင်းမှာ ရောချက်လေ့ ရှိပါတယ်။
ကျွန်မ ဟင်းခပ်တဲ့အခါ အနည်းအကျဉ်းသာခပ်ပြီး တခြားအုန်းနို့ မပါတာတွေစားတာကို သတိထားမိတဲ့ ထိုင်းသူငယ်ချင်းက ”ခင် အုန်းနို့ကြောက်လို့လား။ ဆီးချို၊ သွေးတိုးမရှိရင် ရဲရဲသာ စားလို့ရတယ်။
တို့တွေရဲ့ တိုင်းရင်းဆေးမှာသုံးတဲ့ Ma krut အသီးနဲ့ အရွက်(ရှောက်ဘီလူး)ကို ထည့်ချက်ထားတာ။ ရဲရဲသာစားပါ” လို့ တိုက်တွန်းနေပါတော့တယ်။
သူက တိုင်းရင်းဆေးလို့ ပြောလိုက်တော့ ကျွန်မသိချင်တာလေးတွေ ဆက်မေးမိသွားတာပေါ့။ သူ့ အပြောအရ Ma krut ခေါ်တဲ့ Kaffir Lime အသီးရဲ့ အခွံနဲ့ အရွက်မှာပါတဲ့အဆီက ဆေးဖက်ဝင်တာ တဲ့။
သူ့ဓာတ်ကအစာကို ကျေစေပြီး သွေးကျဆေးတွေမှာ ထည့်သုံးရတယ်လို့ ပြောပြပါတယ်။ဒါကြောင့် အုန်းနို့ပါတဲ့ ဟင်းတွေမှာ Ma Krut အသီးအလုံးလိုက် အရွက်ကို ပါးပါးလှီးပြီး ထည့်ချက်ကြတယ်။
တချို့ကဆိုရင် အခွံနဲ့အရွက်ကို ကြမ်းကြမ်းဖဲ့ပြီး ချက်တာလဲ ရှိဆိုပဲ။ တချို့ဆို အရွက်လိုက် ထည့်လိုက်တာတွေ့ရသေးတယ်။
ဘာပဲဖြစ်ဖြစ် Ma Krut ရဲ့ အသီးအရွက်တစ်ခုခု ပါတာကြောင့် သူတို့က အဖြေရှိတော့လဲ အုန်းနို့ဟင်းတွေကို အားရပါးရ စားရဲကြတာလို့ ကျွန်မထင်မိပါတယ်။
သူငယ်ချင်း ပြောပြပြီးမှ ကျွန်မ သူတို့ရဲ့အုန်းနို့ထည့်ချက်ထားတဲ့ ဟင်းတွေကို လေ့လာကြည့်မိသွားပါတယ်။ သူတို့က ဟင်းထဲမှာ တကယ့်ကို Ma Krut သီးကို အလုံးလိုက်တွေ ထည့်ချက်တာတွေ့ရတယ်။ ဟင်းခပ်တဲ့အခါ ပါမလာတော့ ကျွန်မ နဂိုက မသိခဲ့ဖူးပေါ့။
Ma Krut အရွက်ကိုတော့ အရွက်လိုက် ထည့်ထည့်၊ ဖဲ့ပြီးထည့်ထည့်၊ ပါးပါးလေးလှီးထည့်ထည့် ဟင်းထဲမှာတွေ့နေရတော့ အရွက်သာ သုံးကြတယ်လို့ ပထမက ကျွန်မ ထင်မိခဲ့တာပါ။
ကျွန်မတို့ မြန်မာဟင်းတွေကို နိုင်ငံခြားသားတော်တော်များများက Very Oily- ဆီသိပ်များတယ်ဆိုပြီး လက်တွန့်ကြပါတယ်။ မြန်မာဟင်း၊ ထမင်းစားချင်တဲ့ သူငယ်ချင်းတွေ ရန်ကုန်လာတဲ့အခါ ဆီပြန်ချက်ပြီး ပန်းကန်ထဲခပ်တဲ့အခါ အနှစ်နဲ့ အသားပဲ ထည့်ပေးရပါတယ်။
ဒီသူငယ်ချင်းတွေအဖွဲ့ပဲ ထိုင်းမှာ ထမင်းအတူသွားစားကြတော့ အုန်းနို့ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတွေ့လို့ အံ့သြနေမိတာ ခုမှ သူတို့က ရှောက်ဘီလူး ထည့်ချက်ထားမှန်းသိပြီး ဒီရှောက်ဘီလူးအာနိသင်ကို သိထားတာကြောင့်ကိုး။
အရင်အဖြေမသိခင်ကတော့ အိမ်မှာ အမေနဲ့ အဒေါ်ကို ဒီဟင်းတွေအကြောင်း ပြောတော့ ဟင်းချက်ဝါသနာပါတဲ့ မေမေက ”သမီးတို့ ဟင်းတွေကလဲ ကြောက်စရာ၊ လန့်စရာပါလား။ စားလိုက်တာနဲ့ ဗိုက်ထဲလဲရောက် သွေးနားထင်က ပေါက်ထွက်ပြီး ကိစ္စချောမယ့်ပုံပဲ” တဲ့လေ။
ဟင်းချက်ကောင်းတဲ့ အဒေါ်ကတော့ ”ဒီဟင်းတွေမှာ ဖြေဆေး တစ်ခုခုတော့ သုံးထားပါလိမ့်မယ်” လို့ ကောက်ချက်ချဖူးပါတယ်။အဖြေမသိခင်ကတော့ ပဟေဠိပေါ့လေ။ အခုတော့ အဖြေသိတော့လဲ ရှင်းသွားပါပြီ။
ဒေါက်တာခင်လကျ်ာ
============
Unicode
တက််စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး
ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။
ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။
ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မ ရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ ရွာပတ်ဝန်းကျင်တစ်ဝိုက်လောက်ပဲ သွားစရာရှိတာကြောင့် ကျွန်မတို့အဖွဲ့က ရ နာရီ ထိုးလောက်ကျမှ ရွာထဲ ကော်ဖီထွက်သောက်ကြပါတယ်။
ကျွန်မက နောက်မှလိုက်လာမယ်ပြောလိုက်ပြီး ကျွန်မလေ့လာချင်တဲ့ ဈေးဘက်ကို ဦးတည်ပြီး တစ်ယောက်တည်း သွားလိုက်ပါတယ်။ ကျွန်မလျှောက်သွားရင်း လမ်းမတန်းကြီးရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်၊ ဆေးဆိုင်လေးတွေ စဖွင့်နေတာ တွေ့ရပါတယ်။
အမျိုးသမီး ပျိုပျိုရွယ်ရွယ် အသက်ကြီးပါမကျန် ဦးတည်သွားနေကြတဲ့ လမ်းကြားလေးနောက်ကို ကျွန်မ လိုက်သွားလိုက်ပါတယ်။ အမျိုးသမီးတွေဆိုတော့ ဈေးကိုပဲ သွားနေတာဖြစ်မှာပါ။ကျွန်မထင်တာမမှားပါဘူး။
ကျွန်မ ဆယ်လှမ်းလောက်သာ လျှောက်သွားပြီးတာနဲ့ ဈေးဝင်းထဲကို ရောက်သွားပါတော့တယ်။ ဝင်လိုက်တယ် ဆိုရင်ပဲ အလယ်လူလျှောက်လမ်း တစ်ဘက်တစ်ချက်မှာ ခင်းကျင်းရောင်းချနေတဲ့ ဆိုင်တွေကို တွေ့ရတော့တာပဲ။
စျေးသည်တွေက အုတ်ခုံအမြင့်မှာ ခင်းရောင်းနေတာကို တွေ့ရပါတယ်။ အခြောက်အခြမ်း၊ ဟင်းသီးဟင်းရွက်၊ မုန့်သည်တွေကို ကျွန်မ ကြည့်ရုံသာ ကြည့်သွားလိုက်ပါတယ်။
ကျွန်မတကယ် စိတ်ဝင်စားတာက ဒီလိုဈေးရုံတွေ အပြင်ဘက်ကွက်လပ်မှာ လာပြီးရောင်းတတ်ကြတဲ့ တောသည်တွေကိုပါ။ကျွန်မ စျေးရုံကထွက်လိုက်တော့ အလယ်ကွက်လပ်ထဲမှာ လူတွေက ကျိတ်ကျိတ်တိုးစည်နေပါပြီ။ဟန်ကျတာပဲ။
ဝေးဝေး မသွားရဘဲ ဒီထဲရှိတော့ တစ်ပတ်တော့ ပတ်ကြည့်မယ်ဆိုပြီး ကျွန်မ ညာဘက်က စပတ်လိုက်ပါတယ်။အလယ်ဘက်မှာ ကျောချင်းကပ် ရောင်းနေကြတာကတော့ အသားငါးတွေပါ။ ကျွန်မဝယ်နေကျ ဈေးတွေမှာရှိတတ်တဲ့ အသားငါးတန်းလို့ ခေါ်ရမှာပေါ့။
သူ့ရဲ့ဘေးပတ်လည် တစ်ဘက်တစ်ချက်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ တိုတိုထွာထွာ အသုံးအဆောင်လေးတွေ ချရောင်းနေတာ တွေ့ရပါတယ်။
သားငါးရောင်းတယ် ဆိုရာမှာတော့ ငါးနဲ့ပုစွန်တွေပါ။ ရန်ကုန်က စျေးသည်တွေလိုများများစားစား ပုံရောင်းကြတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာက ကိုယ်တိုင်ဖမ်းလို့ ရတာလေးတွေ လာချရောင်းတာနဲ့ တူပါတယ်။
တချို့ဆိုရင် ဗန်းလေးထဲမှာ ငါးခူလေး ငါးကောင်၊ ငါးရံ့မြီးတို တစ်ကောင်၊ နှစ်ကောင်၊ ပုစွန်သေးသေး လေးတစ်ပုံ၊ နှစ်ပုံလောက်သာ တွေ့ရတာပါ။ ကျွန်မပတ်ကြည့်ရင်း တစ်တောင်လောက်ရှိတဲ့ ငါးသလောက်လေးကောင် ချရောင်းနေတာတွေ့တော့ ကျွန်မခြေထောက် အလိုလို ရပ်သွားပါတော့တယ်။
”အကောင်တွေက ကြီးလိုက်တာ”
”ရန်ကုန်မှာတောင်် ဒီအရွယ် တွေ့ရခဲတယ်”
”ဝယ်ပြီး ထမင်းဆိုင်မှာ ချက်ခိုင်းရင်ကောင်းမလား” ဆိုပြီး ကျွန်မ တွေးဖြစ်သွားပါတယ်။အနားရောက်သွားတော့မှ ငါးသလောက်တွေက ငါးဆားနယ်တွေမှန်း သိလိုက်ရပါတယ်။ကလေး ရေစပ်စပ်စားချင်တာမို့ ဈေးမမေးဘဲ ဆက်လျှောက်သွားလိုက်ပါတယ်။
”ဆရာမကြီး၊ ငါးသလောက်တွေက ကိုယ်တိုင်လုပ်ထားတာပါ”
”စားကြည့်ပါဦး”
”ဒီရောက်တုန်း စားသွားပါ။ ခရမ်းချဉ်သီးနဲ့ချက်ရင် ပြေပြီး မတက်တော့ပါဘူး” လို့ ပြောပြီး ရောင်းနေပါတော့တယ်။
တကယ်တော့ ကျွန်မက ငါးသလောက်စားရင် တက်တယ် ပြောပေမယ့် စားနေကျပါ။ ကြိုက်လဲကြိုက်ပါတယ်။ တက်စာမို့ ရှောင်တာမဟုတ်ပါဘူး။ ငါးဆားနယ် မစားချင်လို့ မဝယ်လိုက်တာပါ။
တက်စာလို့ပြောလိုက်တော့ ကျွန်မတို့အရွယ်တော်တော်များများက သွေးတိုးမှာ၊ တက်မှာ ကြောက်ကြတာကြောင့် ငါးသလောက်၊ ငါး ပြေမ၊ အုန်းနို့၊ မျှစ်ချဉ် စသည်တို့ကို ရှောင်ကြတာ သတိထားမိပါတယ်။ ကျွန်မတို့ အိမ်သားတွေ အားလုံးက အစားမရှောင်ကြပါဘူး။ သတိထား ချင့်ချိန်ပြီးတော့ စားကြတာပါ။
အစားအသောက် မရှောင်တဲ့သူပေမယ့် ကျွန်မ ဘန်ကောက်ရောက်စက အခက်ကြုံခဲ့ရတာပါ။ သူတို့ဟင်း တော်တော်များများက အုန်းနို့ ထည့်ချက်ကြပါတယ်။ ဟင်းအရည်သောက်တောင်မှ အုန်းနို့ထည့်ချက်တာကိုး။
ဆိုင်တွေမှာ ကျွန်မအတွေ့များတာက ငါးပြေမ၊ မယ်ဇလီ၊ ဝက်သားနဲ့ မျှစ်ချဉ်တို့ကို အုန်းနို့နဲ့ ချက်ကြတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ငါးပြေမဆီပြန်ဟင်း ရိုးရိုးတောင် တစ်ကောင်နှစ်ကောင်ထက် ပိုပြီး မစားလိုကြဘူး။ အုန်းနို့ထည့်ချက်လိုက်ရင်တော့ လုံးဝ စားဝံ့ကြမှာ မဟုတ်ပါဘူး။
ဝက်သားနဲ့ မျှစ်ချဉ်ဆိုလဲ သိပ်မစားရဲလှဘူး။ အုန်းနို့ပျစ်ပျစ်ရော ချက်ထားတော့ ပွဲကသိမ်းသွားတာပေါ့။ တက်ပြီးရင်း တက်သွားမယ့်ဟင်း ဖြစ်နေတာကိုး။
နောက်အနေကြာတော့ ထိုင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားကြတဲ့အခါမှာ မရှောင်သာတော့ ကျွန်မ အုန်းနို့ပါတဲ့ ဟင်းတွေကို မြည်းစမ်းတဲ့သဘောနဲ့ စစားဖြစ်ပါတယ်။
သူတို့က အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတို့ကို အများဆုံးချက်ကြတာပါ။ ဟင်းသီးဟင်းရွက်တွေတော့ တချို့ဟင်းမှာ ရောချက်လေ့ ရှိပါတယ်။
ကျွန်မ ဟင်းခပ်တဲ့အခါ အနည်းအကျဉ်းသာခပ်ပြီး တခြားအုန်းနို့ မပါတာတွေစားတာကို သတိထားမိတဲ့ ထိုင်းသူငယ်ချင်းက ”ခင် အုန်းနို့ကြောက်လို့လား။ ဆီးချို၊ သွေးတိုးမရှိရင် ရဲရဲသာ စားလို့ရတယ်။
တို့တွေရဲ့ တိုင်းရင်းဆေးမှာသုံးတဲ့ Ma krut အသီးနဲ့ အရွက်(ရှောက်ဘီလူး)ကို ထည့်ချက်ထားတာ။ ရဲရဲသာစားပါ” လို့ တိုက်တွန်းနေပါတော့တယ်။
သူက တိုင်းရင်းဆေးလို့ ပြောလိုက်တော့ ကျွန်မသိချင်တာလေးတွေ ဆက်မေးမိသွားတာပေါ့။ သူ့ အပြောအရ Ma krut ခေါ်တဲ့ Kaffir Lime အသီးရဲ့ အခွံနဲ့ အရွက်မှာပါတဲ့အဆီက ဆေးဖက်ဝင်တာ တဲ့။
သူ့ဓာတ်ကအစာကို ကျေစေပြီး သွေးကျဆေးတွေမှာ ထည့်သုံးရတယ်လို့ ပြောပြပါတယ်။ဒါကြောင့် အုန်းနို့ပါတဲ့ ဟင်းတွေမှာ Ma Krut အသီးအလုံးလိုက် အရွက်ကို ပါးပါးလှီးပြီး ထည့်ချက်ကြတယ်။
တချို့ကဆိုရင် အခွံနဲ့အရွက်ကို ကြမ်းကြမ်းဖဲ့ပြီး ချက်တာလဲ ရှိဆိုပဲ။ တချို့ဆို အရွက်လိုက် ထည့်လိုက်တာတွေ့ရသေးတယ်။
ဘာပဲဖြစ်ဖြစ် Ma Krut ရဲ့ အသီးအရွက်တစ်ခုခု ပါတာကြောင့် သူတို့က အဖြေရှိတော့လဲ အုန်းနို့ဟင်းတွေကို အားရပါးရ စားရဲကြတာလို့ ကျွန်မထင်မိပါတယ်။
သူငယ်ချင်း ပြောပြပြီးမှ ကျွန်မ သူတို့ရဲ့အုန်းနို့ထည့်ချက်ထားတဲ့ ဟင်းတွေကို လေ့လာကြည့်မိသွားပါတယ်။ သူတို့က ဟင်းထဲမှာ တကယ့်ကို Ma Krut သီးကို အလုံးလိုက်တွေ ထည့်ချက်တာတွေ့ရတယ်။ ဟင်းခပ်တဲ့အခါ ပါမလာတော့ ကျွန်မ နဂိုက မသိခဲ့ဖူးပေါ့။
Ma Krut အရွက်ကိုတော့ အရွက်လိုက် ထည့်ထည့်၊ ဖဲ့ပြီးထည့်ထည့်၊ ပါးပါးလေးလှီးထည့်ထည့် ဟင်းထဲမှာတွေ့နေရတော့ အရွက်သာ သုံးကြတယ်လို့ ပထမက ကျွန်မ ထင်မိခဲ့တာပါ။
ကျွန်မတို့ မြန်မာဟင်းတွေကို နိုင်ငံခြားသားတော်တော်များများက Very Oily- ဆီသိပ်များတယ်ဆိုပြီး လက်တွန့်ကြပါတယ်။ မြန်မာဟင်း၊ ထမင်းစားချင်တဲ့ သူငယ်ချင်းတွေ ရန်ကုန်လာတဲ့အခါ ဆီပြန်ချက်ပြီး ပန်းကန်ထဲခပ်တဲ့အခါ အနှစ်နဲ့ အသားပဲ ထည့်ပေးရပါတယ်။
ဒီသူငယ်ချင်းတွေအဖွဲ့ပဲ ထိုင်းမှာ ထမင်းအတူသွားစားကြတော့ အုန်းနို့ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတွေ့လို့ အံ့သြနေမိတာ ခုမှ သူတို့က ရှောက်ဘီလူး ထည့်ချက်ထားမှန်းသိပြီး ဒီရှောက်ဘီလူးအာနိသင်ကို သိထားတာကြောင့်ကိုး။
အရင်အဖြေမသိခင်ကတော့ အိမ်မှာ အမေနဲ့ အဒေါ်ကို ဒီဟင်းတွေအကြောင်း ပြောတော့ ဟင်းချက်ဝါသနာပါတဲ့ မေမေက ”သမီးတို့ ဟင်းတွေကလဲ ကြောက်စရာ၊ လန့်စရာပါလား။ စားလိုက်တာနဲ့ ဗိုက်ထဲလဲရောက် သွေးနားထင်က ပေါက်ထွက်ပြီး ကိစ္စချောမယ့်ပုံပဲ” တဲ့လေ။
ဟင်းချက်ကောင်းတဲ့ အဒေါ်ကတော့ ”ဒီဟင်းတွေမှာ ဖြေဆေး တစ်ခုခုတော့ သုံးထားပါလိမ့်မယ်” လို့ ကောက်ချက်ချဖူးပါတယ်။အဖြေမသိခင်ကတော့ ပဟေဠိပေါ့လေ။ အခုတော့ အဖြေသိတော့လဲ ရှင်းသွားပါပြီ။
ဒေါက်တာခင်လကျ််ာ