လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဗြိတိန်ပိတ်ဆို့ အရေးယူ

လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဗြိတိန်ပိတ်ဆို့ အရေးယူ
…………………………………………………

လန်ဒန်၊ ဇူလိုင် ၇

၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ရခိုင်ပြည်နယ်က လူနည်းစုမွတ်ဆလင်ဘင်္ဂါလီ(ဗြိတိန်အစိုးရထုတ်ပြန်ချက် တွင်ရိုဟင်ဂျာဟုသုံး)များကို ဖိနှိပ်ခဲ့သည်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်းတို့ကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်ခဲ့သည့်ဖြစ်ရပ်များ နောက်ကွယ်မှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစုစုပေါင်း ၄၉ ခုကို ပိတ်ဆို့အရေးယူရာတွင် တပ်မတော်ခေါင်းဆောင်များပါ၀င်နေခြင်းဖြစ်သည်။

ထိုသူများကို ဗြိတိန်နိုင်ငံအတွင်း၀င်ခွင့်ပိတ်ခြင်း၊ သူတို့ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် အိမ်၊ မြေများမှတစ်ဆင့် ဗြိတိန်စီးပွားရေးမှ အကျိုးအမြတ်ရခြင်း(သို့မဟုတ်) နိုင်ငံအတွင်းငွေကြေးထည့်သွင်းခြင်းများ ပိတ်ပင်ပြီး ပိတ် ဆို့အရေးယူခြင်းဖြစ်သည်။

ပိတ်ဆို့အရေးယူခဲ့သူများမှာ နိုင်ငံရေးလုပ်ကြံမှုများအပါအ၀င်ဥပဒေပြင်ပသတ်ဖြတ်မှု၊ နှိပ်စက်မှု၊ နှိမ်ချဆက် ဆံမှု၊ အတင်းအကြပ်အလုပ်ခိုင်းစေမှုနှင့် ကျွန်ပြုမှုများတွင်ပါ၀င်နေကြသည်ဟု ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးဒိုမီနစ် ရာအက်ဘ်ကပြောသည်။

ယခုအရေးယူမှုများကို ဗြိတိန်က ၂၀၁၈ ခုနှစ် ငွေကြေးခဝါမှုဆန့်ကျင်တိုက်ဖျက်ရေးနှင့် ပိတ်ဆို့အရေးယူမှုဆိုင် ရာဥပဒေအရ သတ်မှတ်ခြင်းဖြစ်သည်။

Ref : UK imposes sanctions against human rights abusers

#PeopleMedia

==================

(unicode)
လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဗြိတိန်ပိတ်ဆို့ အရေးယူ
…………………………………………………

လန်ဒန်၊ ဇူလိုင် ၇

၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ရခိုင်ပြည်နယ်က လူနည်းစုမွတ်ဆလင်ဘင်္ဂါလီ(ဗြိတိန်အစိုးရထုတ်ပြန်ချက် တွင်ရိုဟင်ဂျာဟုသုံး)များကို ဖိနှိပ်ခဲ့သည်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်ခဲ့သည့်ဖြစ်ရပ်များ နောက်ကွယ်မှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစုစုပေါင်း ၄၉ ခုကို ပိတ်ဆို့အရေးယူရာတွင် တပ်မတော်ခေါင်းဆောင်များပါဝင်နေခြင်းဖြစ်သည်။

ထိုသူများကို ဗြိတိန်နိုင်ငံအတွင်းဝင်ခွင့်ပိတ်ခြင်း၊ သူတို့ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် အိမ်၊ မြေများမှတစ်ဆင့် ဗြိတိန်စီးပွားရေးမှ အကျိုးအမြတ်ရခြင်း(သို့မဟုတ်) နိုင်ငံအတွင်းငွေကြေးထည့်သွင်းခြင်းများ ပိတ်ပင်ပြီး ပိတ် ဆို့အရေးယူခြင်းဖြစ်သည်။

ပိတ်ဆို့အရေးယူခဲ့သူများမှာ နိုင်ငံရေးလုပ်ကြံမှုများအပါအဝင်ဥပဒေပြင်ပသတ်ဖြတ်မှု၊ နှိပ်စက်မှု၊ နှိမ်ချဆက် ဆံမှု၊ အတင်းအကြပ်အလုပ်ခိုင်းစေမှုနှင့် ကျွန်ပြုမှုများတွင်ပါဝင်နေကြသည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒိုမီနစ် ရာအက်ဘ်ကပြောသည်။

ယခုအရေးယူမှုများကို ဗြိတိန်က ၂၀၁၈ ခုနှစ် ငွေကြေးခဝါမှုဆန့်ကျင်တိုက်ဖျက်ရေးနှင့် ပိတ်ဆို့အရေးယူမှုဆိုင် ရာဥပဒေအရ သတ်မှတ်ခြင်းဖြစ်သည်။

Ref : UK imposes sanctions against human rights abusers

#PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top