ဒီနေ့ဇွန်လ(၇) ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိတ်သတ်အချစ်တော်သရုပ်ဆောင် အောင်ရေချမ်း

ပရိသတ်ကြီးရေ ဒီနေ့ဇွန်လ(၇) ရက်နေ့လေးကတော့ MRTV-4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အောင်ရေချမ်းရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ အောင်ရေချမ်းကတော့ MRTV-4 ဇာတ်လမ်းတွဲတွေထဲကမှ ” ပျားရည်အိုင်” ဇာတ်လမ်းတွဲထဲက ကိုတင်ဖေအနေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်း ရရှိခဲ့သူပါ။

ကြိုးစားအားထုတ်မှုနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အနုပညာအရည်အချင်းတွေကြောင့် ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာရသူပါ။ ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့မှာတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ တိက္ခာရာမ သီလရှင်ကျောင်းမှာ သီလရှင်များအတွက် ဆွမ်းနဲ့ ဝတ္ထုငွေတို့ကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မွေးနေ့အကြိုအလှူအဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ တိရစ္ဆာန်လေးတွေအတွက် စားစရာတွေ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ… ဆယ်စုနှစ်တစ်ခုစာ အနုပညာဝမ်းစာဖြည့်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီဖြစ်တဲ့ အောင်ရေချမ်းကတော့ အားပေးနေတဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေလုပ်ပြီး ရှင်သန်သွားမယ့်သူပါနော်။ ဒီနေ့ကျရောက်တဲ့မွေးနေ့ကစပြီး ဒီထက်မက အားပေးကြမ်းမယ့်ပရိသတ်တွေအများကြီးနဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

credit-cele gabar

ZAWGYI

ဒီနေ့ဇွန်လ(၇) ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိတ်သက်အချစ်တော်သရုပ်ဆောင် အောင်ရေချမ်း

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top