သံထည်တွေမသုံးပဲ တည်ဆောက်ထားတဲ့ စိန့်မေရီဘုရားကျောင်းကြီး

(Unicode)

ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်း အထက်ဘလောက်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကိုတော့ လမ်းသွားလမ်းလာတိုင်း သတိထားမိကြမှာပါ။ ကတ်သလစ်ဘာသာဝင်တွေရဲ့ စိန့်မေရီကာသီဒြယ် ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ အရင်ကျောင်းအဟောင်းကတော့ ဘားလမ်းထဲမှာ ရှိခဲ့တာပါ။

Photo : APK

လက်ရှိစိန့်မေရီကာသီဒြယ် ကျောင်းကြီးကို ၁၈၉၅ ခုနှစ်မှာ ဟော်လန်နိုင်ငံသား ဒတ်ချ်လူမျိုး ဘုန်းတော်ကြီးဖာသာ ဟန်းဒရွတ်ဂျေဆန် က ဒတ်ချ်ဗိသုကာပညာရှင် Joseph Cuypers ရဲ့ အကူအညီနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ပြီး ၁၈၉၉ ခုနှစ်မှာ တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။

ဒီကျောင်းတော်ကြီးကို ဖြစ်ပေါ်လာစေဖို့ စတင်ခဲ့သူကတော့ ခရစ်ယာန်ဘုန်းတော်ကြီး Paul Bigandet ဖြစ်ပါတယ်။ ရန်ကုန်မြို့နေ ကတ်သလစ်ဘာသာဝင်များ ကိုးကွယ်ဖို့ ကျောင်းကြီးတဆောင်ဆောက်လုပ်ဖို့ ကိုလိုနီအစိုးရကို တောင်းဆိုခဲ့သူဖြစ်ပါတယ်။

Photo : APK

မြန်မာနိုင်ငံမှာ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အထက ၆ ဗိုလ်တထောင်(စိန့်ပေါ) နဲ့ ကပ်လျက်တည်ရှိနေပါတယ်။ ဒီကျောင်းတော်ကြီးကိုတည်ဆောက်ခဲ့စဉ်က သံထည်တွေကို မသုံးထားပဲ အုပ်ချပ်တွေကိုစီပြီး ဘိုင်ဇင်တိုင်(အရှေ့ရောမအင်ပါယာ) စတိုင်နဲ့ တည်ဆောက်ခဲ့တာပါ။ ဒီလိုဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းဟာ အရှေ့တောင်အာရှမှာ ဒီတကျောင်းတည်းရှိပါတယ်။

“သံ မသုံးပဲနဲ့ ဒီရှေ့ခေတ်အုပ်ချပ်တွေကိုညှပ်ပြီးတည်ဆောက်ထားတယ်ဆိုတဲ့အခါမှာ တိုင်တွေကိုများများ base လုပ်ပြီးတော့ ထုထည်များများနဲ့တည်ဆောက်ရတဲ့ပုံစံပေါ့လေ။ ဒါ ဘိုင်ဇင်တိုင် ပုံစံလို့ခေါ်တယ်။ တိုင်တွေကို ထုထည်ကြီးကြီးတွေနဲ့ တည်ဆောက်တယ်။ ပြီးတော့ အကွေးတွေကို အုပ်တွေစောင်းညှပ်ပြီးတော့ ဂုံးတွေနဲ့ထောက်ထားတာပေါ့။

Photo : APK

Photo : APK

ဒီလိုတည်ဆောက်ထားတော့ မြင့်လာလေလေ ဒီနံရံတွေဟာ လန်ကျနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အမြင့်ပိုင်းတွေကျတော့ နံရံတခုနဲ့တခု သံမဏိကြိုးကြီးတွေနဲ့ ပတ်ချည်ပြီး ခါးပတ်လို တုပ်ထားရတာပေါ့။ ဒါကြောင့်လည်း အုတ်နဲ့ဆောက်ထားပေမယ့် အခုထိ မားမားမတ်မတ်ရှိနေနိုင်တာပေါ့” လို့ ကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာဒေါမိနစ်ဦးသက်တင်က ဆိုပါတယ်။

ဒီကျောင်းတော်ကြီးရဲ့ ဗိသုကာလက်ရာကြောင့် ဗိသုကာပညာရှင်ပေါင်းများစွာ လာရောက်လေ့လာလေ့ ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းကြီးရဲ့ ဖြတ်သန်းလာတဲ့ နှစ်တရာကျော်အတွင်းမှာလည်း ဒုတိယကမ္ဘာစစ်အပါအဝင် သဘာဝဘေးအန္တရာယ်တွေကြောင့် မှန်ပန်းချီကားတွေပျက်စီးခဲ့ရပြီး ၂၀၁၁ ခုနှစ်ရောက်မှသာ နိုင်ငံတကာပညာရှင်တွေနဲ့ မူလလက်ရာအတိုင်းပြန်လည်ပြုပြင်မွမ်းမံခဲ့တယ်လို့ သိရပါတယ်။

Photo : New Vision Art & Design Institute

ဘုရားကျောင်းမှာ ထင်ရှားတဲ့အရာကတော့ ခေါင်းလောင်းစဉ်ကြီး ၂ခုဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့အတွင်းဘက်နံရံတွေပေါ်မှာ ထုဆစ်ထားတဲ့ ရုပ်ကြွဖြစ်စဉ်တွေကိုလည်း လေ့လာနိုင်ပါတယ်။ အခုလို အထပ်မြင့်အဆောက်အအုံတွေ မဖွံ့ဖြိုးခဲ့စဉ်တချိန်ကတော့ ပင်လယ်ရေလမ်းကြောင်းက ခရီးသွားသူတွေအဖို့ ပင်လယ်ဝကနေ ရွှေတိဂုံစေတီတော် နဲ့ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းတော်ကြီးကို မြင်ရင် မြန်မာနိုင်ငံကိုရောက်ပြီလို့ အမှတ်အသားတခုအနေနဲ့ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိပြီဖြစ်တဲ့ ဒီကျောင်းတော်ကြီးအတွင်း လူမျိုးဘာသာမရွေးလာရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။ ခမ်းနားလှပတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ စိန့်မေရီကာသီဒြယ်ကျောင်းတော်ကြီးကို ရှေးမူမပျက်နောင်နှစ်ပေါင်းများစွာအထိ ရှေးဟောင်းအမွေအနှစ်တခုအဖြစ် ကျန်ရစ်နေစေဖို့ ကတ်သလစ်ဘာသာဝင်တွေက ဆန္ဒရှိနေကြပါတယ်။

VOA Burmese မှ

——— —— —–

(Zawgyi)

VOA Burmese မွ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top