ရွှေတိဂုံဘုရားဖူးမြော်ခွင့်ကို အွန်လိုင်းကစာရင်းပေးပြီး အချိန်အပိုင်းအခြားနဲ့ ဖူးမြော်ခွင့်ပေးရန် စီစဉ်

ရွှေတိဂုံ ဘုရားဖူးမြော်ခွင့် ကို အွန်လိုင်းက စာရင်းပေးပြီး အချိန်အပိုင်းအခြား နဲ့ ဖူးမြော်ခွင့် ပေးရန် စီစဉ်

လူစုလူဝေး မဖြစ်အောင် လူအကန့်သတ်နဲ့ ဖူးမြော်ခွင့်ပြုသွားမှာပါ။ရန်ကုန်မြို့ရွှေတိဂုံဘုရားကို ပြန်လည် ဖူးမြော်ခွင့်ရရှိစေနိုင်ရေး အတွက် အွန်လိုင်းကနေ နာမည်စာရင်းလျှောက်ထားပြီးမှ လူဦးရေအကန့်အသတ်နဲ့ဖူးမြော်ခွင့်ပေးနိုင်အောင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျှက် ရှိပါတယ်။ရွှေတိဂုံဘုရားအပါအဝင် တခြားနာမည်ကြီးဘုရားတွေကိုလည်း အချိန်အကန့်သတ်နဲ့ ဖူးမြော်ခွင့်ရအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး သက်ဆိုင်ရင် ဘုရားဂေါပကအဖွဲ့တွေထံ ဆောင်ရွက်မယ့် အစီအစဉ်တွေတောင်းခံ ထားတယ်လို့ သိရပါတယ်။

“ အဓိကကတော့ လူစူလူဝေး မဖြစ်အောင်ပါ။ ဘုရားဖူးဖို့ အွန်လိုင်းဘွတ်ကင်လုပ်ရမယ် ဆိုတာက အခက်အခဲတွေလည်း ရှိနိုင်သလို တာဝန်ရှိသူတွေအနေနဲ့လည်း ပိုပြီးအလုပ်ရှုပ်နိုင်လို့ ဂရုစိုက်ရမှာပေါ့။ ဒါပေမယ့် ဒါက ဘုရားလာဖူးတဲ့သူတွေရဲ့ Record လည်း ရသလို ပြည်သူတွေလည်း ဘုရားပြန်ဖူးခွင့် လည်းရမယ်။ ဘုရားရင်ပြင်ပေါ်မှာလည်း လူစုလူဝေးမဖြစ်အောင် စနစ်တကျလေးလုပ်ဆောင်နိုင်မှာဖြစ်လို့ ဘုရားဖူးပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်”လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦးကပြောပါတယ်။

အခုလိုဆောင်ရွက်မယ့်အစီအစဉ်နဲ့ ပတ်သက် ပြီးတော့လည်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကို အကြောင်းကြားထားပြီး သူတို့ဘက်က အစီအစဉ်တွေကိုလည်း ပြန်လည်တင်ပြခိုင်းထားတယ်လို့ ဦးမြင့်ဦးကပြောပါတယ်။ရွှေတိဂုံဘုရားဂေါပက အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။အခုလို အွန်းလိုင်းကနေ စာရင်းသွင်းပြီး ဘုရားဖူးခွင့်ရဖို့အတွက် ဂေါပကအဖွဲ့တွေရဲ့ စီမံချက်တွေကို ရရှိပါက နည်းပညာပိုင်းဆိုင်ရာကိုတော့ ဝန်ကြီးဌာနကဘက်ကတာဝန်ယူပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီသွားမယ်လို့ သိရပါတယ်။

ဓူဝံ

========================

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top