ဂဠုနျဦးေ စာ ဇာတျရုပျအ တှကျ အနုပညာကွေးမယူ ဘဲ သရုပျဆောငျေ ပးမယ့ျ ကိုဥက်ကာကြောျ
အစ ကတည်းက မေတ္တာနဲ့ သရုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစော ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အသေးစိပ် လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ဂဠုန်ဦးစော ကာရိုက်တာနဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သွားမယ့် ကိုဥက္ကာကျော်ဟာ ဒီဇာတ်ကားမှာ အနုပညာကြေးမယူဘဲ မေတ္တာနဲ့သရုပ်ဆောင်သွားမယ်လို့ လို့ ဆိုပါတယ်။“အနုပညာကြေးနဲ့ ပတ်သက်လို့လည်း ကျွန်တော် စပြီး ပို့စ်တင်ကတည်းက မေတ္တာနဲ့ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါကလည်း ကျွန်တော့်အတွက် ထူးဆန်းတဲ့ အလှူတစ်ခုလို့ သဘောထားပြီးတော့ တစ်ထောင့်တစ်နေရာ က လုပ်ပေးခြင်းဖြစ်ပါတယ်”လို့ ဇူလိုင် ၆ ရက်နေ့ ညနေက ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်မယ့် ဥက္ကာကျော်ဟာ ကာရိုက်တာ ပီပြင်ဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ပြောပါတယ်။ ဂဠုန်ဦးစောရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူရဲ့သဘောထားနဲ့ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။“ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ပါဘူး။ ကျွန်တော်တို့ အိမ်ထောင် စကြကတည်းက အမျိုးစုံ ဝေဖန်ခံခဲ့ရတယ်။ အထွေ အထူးတော့ မဟုတ်ပါဘူး။ နည်းနည်းတောင် ရိုးနေပြီ။ ဂဠုန်ဦးစော ကာရိုက်တာမှာ ကျွန်တော့်ရဲ့ အိုက်တင်ပိုင်းက အရမ်းကောင်းသွားလို့ လူတွေ မုန်းခဲ့တယ်ဆိုရင်လည်း ဒါကို ကာရိုက်တာ ပီပြင်လို့ဆိုပြီး ဝမ်းသာမိမှာပါ” လို့ ဆိုပါတယ်။
ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစော ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အသေးစိပ် လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ ဂဠုန်ဦးစော ရဲ့ မြေး၊ မြစ် တွေကလည်း ကာရိုက်တာအတွက် သေသေချာချာ ရှင်းပြပေးခဲ့ကြကြောင်း သူက ပြောပါတယ်။ဦးစောက ဆံပင်ကို အနောက်ကိုအမြဲလှန်ဖီးတယ်။ ဒါကြောင့် လိုအပ်မယ် ထင်ပြီး ကျွန်တော့် ဆံပင်မညှပ်ခဲ့ပါဘူး။ ပြီးတော့ ဦးစောရဲ့ အကြောင်းကို YouTube ကနေတဆင့် ရှာကြည့်တယ်။ ကိုဇော်ဇော်ပိုင်က ဖုန်းတွေဆက်ပြီး ငါ့အစ်ကိုဆို တကယ်ဖြစ်မှာ အားပေးတယ်။ ငါ့အစ်ကိုကြီး လုပ်ပေါ့။ သူနဲ့လည်း စကားတွေ ပြောဖြစ်တယ်၊ အိမ်လည်း သွားလည်ဖြစ်တယ်။ ပြီးတော့ ဦးစောရဲ့ ဓာတ်ပုံတွေပြတယ်။ သူ့ရဲ့ အကြောင်းတွေကို မြေးဖြစ်တဲ့ ကိုဇော်ဇော်ပိုင်ရဲ့ အမေ က ရှင်းပြပေးခဲ့ပါတယ်။ တကယ်လို့ ဇာတ်ညွှန်းလည်း ရခဲ့မယ် ဆိုရင် ကျွန်တော် ကြိုပြီးတော့ လေ့ကျင့်ထားလို့ ရပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
ဂဠုန်ဦးစော ကာရိုက်တာမှာ ပါဝင်သရုပ်ဆောင်ဖိုအတွက် ဇွန်လ(၆) ရက်နေ့ကနေ ဇွန်လ (၃၀) ရက်နေ့ အောင်ဆန်းရုပ်ရှင်Facebook Page ကနေ တဆင့် လျှောက်လွှာများကို စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ လူမင်းက အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။
Credit Duwun
#####################
Zawgyi
ဂဠုန်ဦးေ စာ ဇာတ်ရုပ်အ တွက် အနုပညာကြေးမယူ ဘဲ သရုပ်ဆောင်ေ ပးမယ့် ကိုဥက္ကာကျော်
အစ ကတည်းက မေတ္တာနဲ့ သရုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစော ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အသေးစိပ် လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ဂဠုန်ဦးစော ကာရိုက်တာနဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သွားမယ့် ကိုဥက္ကာကျော်ဟာ ဒီဇာတ်ကားမှာ အနုပညာကြေးမယူဘဲ မေတ္တာနဲ့သရုပ်ဆောင်သွားမယ်လို့ လို့ ဆိုပါတယ်။“အနုပညာကြေးနဲ့ ပတ်သက်လို့လည်း ကျွန်တော် စပြီး ပို့စ်တင်ကတည်းက မေတ္တာနဲ့ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါကလည်း ကျွန်တော့်အတွက် ထူးဆန်းတဲ့ အလှူတစ်ခုလို့ သဘောထားပြီးတော့ တစ်ထောင့်တစ်နေရာ က လုပ်ပေးခြင်းဖြစ်ပါတယ်”လို့ ဇူလိုင် ၆ ရက်နေ့ ညနေက ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ
။အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်မယ့် ဥက္ကာကျော်ဟာ ကာရိုက်တာ ပီပြင်ဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ပြောပါတယ်။ ဂဠုန်ဦးစောရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူရဲ့သဘောထားနဲ့ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။“ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ပါဘူး။ ကျွန်တော်တို့ အိမ်ထောင် စကြကတည်းက အမျိုးစုံ ဝေဖန်ခံခဲ့ရတယ်။ အထွေ အထူးတော့ မဟုတ်ပါဘူး။ နည်းနည်းတောင် ရိုးနေပြီ။ ဂဠုန်ဦးစော ကာရိုက်တာမှာ ကျွန်တော့်ရဲ့ အိုက်တင်ပိုင်းက အရမ်းကောင်းသွားလို့ လူတွေ မုန်းခဲ့တယ်ဆိုရင်လည်း ဒါကို ကာရိုက်တာ ပီပြင်လို့ဆိုပြီး ဝမ်းသာမိမှာပါ” လို့ ဆိုပါတယ်။