ကြည်ညိုဖွယ်မဆောင်သဖြင့် ဖယ်ရှားခံရသည့် ရုပ်ပွားတော် (၇၇) ဆူထိ ရှိကြောင်း ထုတ်ပြန်…
နေပြည်တော်၊ ဇူလိုင်လ (၇)
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ ကြည်ညိုဖွယ်မဆောင်သည့် ရုပ်ပွားဆင်းတုတော် (၇၇) ဆူကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ဇူလိုင်(၆)ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော်များသည် ထေရဝါဒ ဗုဒ္ဓ ဘာသာနှင့် ကိုက်ညီမှု့မရှိခြင်း၊ လောကီအကျိုးစီးပွား အတွက် ၊ ဗေဒင် ယတြာအစီအမံများနှင့် ပေါင်းစပ် ပြုလုပ်ထား ခြင်း ၊ အခြားဘာသာ အယူဝါဒများ ၊ လွှမ်းမိုး နှောက်ယှက်နေခြင်း ၊ ကြည်ညိုဖွယ် မဆောင် ခြင်း ၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာ ဘုရားရှင် (၄၅)ဝါကာလ ပတ်လုံး ဝေနေယျ သတ္တဝါ တို့အား တရားရေအေး အမြိုက်ဆေး ကို တိုက်ကျွေး တော်မူခဲ့သော အေးချမ်းသည့် ပုံရိပ် တို့နှင့် ဆန့်ကျင်နေသည့် ကို တွေ့ရသည့်အတွက် ရုပ်ပွားတော်များအား ဇူလိုင်လ (၆)ရက် ညနေ(၄)နာရီ နောက်ဆုံးထား၍ ဖယ်ရှားရှင်းလင် ရန် သာသနာရေးနှင့် ယဥ်ကျေးမူဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ထိုအတူ စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရ သက်တော် (၈၁) နှစ် ၊ ဝါတော် (၃၃) ဝါသည် တောထွက် ရဟန်းတစ်ပါးဖြစ်ပြီး ပိဏ္ဍကတ်စာပေတတ်ကျွမ်းမှုမရှိခြင်း၊ အလှူရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာ အာဏာများ ရရှိစေရန် လောကီ အစီအမံများပေါင်းစပ်၍ ရုပ်ပွား တော်များ ပြုလုပ်စေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုပ်ပွားတော်များသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုအပါအဝင် တပ်မတော်အသိုင်းအဝိုင်းများမှ လှူဒါန်းထားသည့် ရုပ်ပွားတော်နှင့် စေတီပုံစံတူများဖြစ်ပြီး အခြားအရပ်သား လာရောက်လှူဒါန်းမှုများလည်း ပါဝင်ကြောင်း သိရသည်။
#####################
ကြည်ညိုဖွယ်မဆောင်သဖြင့် ဖယ်ရှားခံရသည့် ရုပ်ပွားတော် (၇၇) ဆူထိ ရှိကြောင်း ထုတ်ပြန်…
နေပြည်တော်၊ ဇူလိုင်လ (၇)
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ ကြည်ညိုဖွယ်မဆောင်သည့် ရုပ်ပွားဆင်းတုတော် (၇၇) ဆူကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ဇူလိုင်(၆)ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော်များသည် ထေရဝါဒ ဗုဒ္ဓ ဘာသာနှင့် ကိုက်ညီမှု့မရှိခြင်း၊ လောကီအကျိုးစီးပွား အတွက် ၊ ဗေဒင် ယတြာအစီအမံများနှင့် ပေါင်းစပ် ပြုလုပ်ထား ခြင်း ၊ အခြားဘာသာ အယူဝါဒများ ၊ လွှမ်းမိုး နှောက်ယှက်နေခြင်း ၊ ကြည်ညိုဖွယ် မဆောင် ခြင်း ၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာ ဘုရားရှင် (၄၅)ဝါကာလ ပတ်လုံး ဝေနေယျ သတ္တဝါ တို့အား တရားရေအေး အမြိုက်ဆေး ကို တိုက်ကျွေး တော်မူခဲ့သော အေးချမ်းသည့် ပုံရိပ် တို့နှင့် ဆန့်ကျင်နေသည့် ကို တွေ့ရသည့်အတွက် ရုပ်ပွားတော်များအား ဇူလိုင်လ (၆)ရက် ညနေ(၄)နာရီ နောက်ဆုံးထား၍ ဖယ်ရှားရှင်းလင် ရန် သာသနာရေးနှင့် ယဉ်ကျေးမူဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။