(၇) ရက်အတွင်း ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဖျော်ရည်တစ်မျိုး

ဝိတ်ကျဖို့ အစားတွေရှောင် အားကစားတွေလုပ်ပေမယ့် ထင်သလောက်ဝိတ်မကျဖြစ်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုဒီဆောင်းပါးလေးက စာဖတ်သူအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အဆီပိုတွေကိုလောင်ကျွမ်းစေပြီး (၇) ရက်အတွက်း သိသာထူးခြားတဲ့ ရလဒ်ကိုတွေ့ရစေမယ့် ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ လုပ်ရတာလည်းအရမ်းကိုလွယ်ကူရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ ဝိတ်ကျစေမယ့် ဖျော်ရည်လေးပါ။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ရအောင်။

Source : lifealth

(၇) ရက်အတွင်းဝိတ်ကျစေမယ့် ဖျော်ရည်ဖျော်စပ်နည်း

ပါဝင်ပစ္စည်းများ

သခွားသီး (၁) လုံး
ဂျင်း (ပါးပါးလှီး) အနည်းငယ်
သံပရာသီး (၁) လုံး
ပူစီနံရွှက် (၂၀) ရွှက်

ပြုလုပ်နည်းကတော့ ရေခရား သို့မဟုတ် ပုလင်းတစ်ခုထဲသို့ ရေ (၁) လီတာခန့်ထည့်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများအားလုံးကို ရေသေချာဆေးကြောသန့်စင်ပြီး အဆိုပါရေခရားအတွင်းသို့ထည့်ကာ ရေခဲသေတ္တာထဲတွင် တစ်ညခန့်ထားပေးပါ။ နောက်တစ်နေ့မှာတော့ ရလာတဲ့ဖျော်ရည်ကို သောက်ပေးရုံပါပဲ။ ရေကုန်သွားရင်ပြန်ဖြည့်ပြီးသောက်နိုင်ပါတယ်။ ၃ ရက်တစ်ခါလောက်တော့ ပါဝင်ပစ္စည်းတွေကို အသစ်လဲပေးပါ။ (၇) ရက်အတွင်း ခန္ဓာကိုယ်ကအဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။

Source : lifealth

အဆိုပါဖျော်ရည်ဟာဆိုရင် ကိုယ်အလေးချိန်ကိုကျစေတဲ့အပြင် သင့်ရဲ့ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးခြင်း အစာခြေစနစ်ကိုကောင်းမွန်စေခြင်း ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေခြင်း ဆာလာမွတ်သိပ်မှုလျော့နည်းစေခြင်း စတဲ့ကောင်းကျိုးများစွာကိုရရှိစေမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top