မိသားစု (၅၄) သိန်းကျော်ကို ငွေကျပ် (၂) သောင်းစီ နိုင်ငံတော်က ထောက်ပံ့မည်
မိသားစု (၅၄) သိန်းကျော်ကို ငွေကျပ် ၂ သောင်းစီ နိုင်ငံတော်က ပေးအပ်ထောက်ပံ့မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် အမှာစကားပြောကြားစဉ်ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများအတွက်လည်း အတိုး၁ရာခိုင်နှုန်းဖြင့် နောက်ထပ်ကျပ်ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးပေးသွားရန်ရှိသည့်အကြောင်းပါ တစ်ပါတည်း အသိပေးခဲ့သည်ကိုတွေ့ရသည်။
“COVID-19 ကပ်ရောဂါရဲ့ ထိခိုက်မှုတွေကို ကုစားမှု တွေ ဆောင်ရွက်ရာမှာ ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစား အိမ်ထောင်စုတစ်ခုစီအတွက် ကျပ်တစ်သောင်းခွဲဖိုး ရိက္ခာဝေငှတာကို ပထမအကြိမ် ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် မိသားစု ၅ သန်း ၄ သိန်းကျော် ကို ငွေကျပ် ၂ သောင်းစီ ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။
လုပ်ငန်းတွေကို ကုစားမှုပေးရာမှာတော့ လုပ်ငန်းရှင်တွေ က လုပ်ငန်းဆက်လက်လုပ်ဆောင်ပြီး ဝန်ထမ်းတွေ အလုပ် အကိုင်ရရှိကာ ဝင်ငွေရရှိရေးကို ဦးတည်ချက်ထား ကူညီ ပေးပါတယ်။ ဘဏ်တိုးတွေ လျှော့ချပေးခြင်း၊ လိုင်စင်ခွန် တွေ အချိန်ကာလသတ်မှတ် ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်တွေ၊ ကုန်သွယ်လုပ်ငန်းခွန် တွေ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်းတို့နဲ့ ဖြေလျှော့ပေးခဲ့ သလို လက်ခစားစနစ်နဲ့ ဆောင်ရွက်နေတဲ့ အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနဲ့ အသေး စား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ၁ ရာခိုင်နှုန်း အတိုးနဲ့ တစ်နှစ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်ကျပ်ဘီလီယံ ၂၀၀ က ၅၀၀ အထိ ထပ်မံထုတ်ချေးပေးသွားဖို့ရှိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။
ချေးငွေများထုတ်ချေးပေးရခြင်းက ကိုဗစ်ကြောင့် လုပ်ငန်းရပ်ဆိုင်းနေစဉ်ကာလအတွင်း ဝန်ထမ်းများကို လစာပေးထားနိုင်ရေး အကူအပံ့အဖြစ် ထုတ်ချေးပေးခြင်းဖြစ်ပြီး ချေးငွေသည် နိုင်ငံတော်ဘဏ္ဍာဖြစ်သည့်အတွက် ဝင်ငွေရရှိအောင် လုပ်ငန်းလုပ်ဆောင်ပြီး သတ်မှတ်ကာလတွင် ပြန်လည်ပေးဆပ်ရမည်ဟုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
(ကိုမင်း/MH)
##################