ပူပြင်းလွန်းလှသော ရာသီဥတုကြောင့် လယ်ယာအလုပ်တွေကို ညဘက်ပိုင်း ပြောင်းလုပ်လာ…
လူသားများသည် ရှင်သန်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ပေးတတ်ရန် လိုအပ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ပုံမှန်နေ့ဘက်တွေအစား ညဘက်သို့ ပြောင်းလုပ်လာကြပါတယ်။
ဘာလို့လဲဆိုတော့ ဗီယက်နမ်မှာ နေ့အပူချိန်က တစ်နေ့တခြားပိုမိုတိုးမြှင့်လာလို့ တချို့နေ့တွေမှာဆိုရင် အပူချိန်ပြင်းလွန်းကာ နေထိုင်မကောင်းတဲ့အထိ ဖြစ်စေတယ်။ မနှစ်ကဆိုရင် အလယ်ပိုင်းဒေသရှိ ဟာထင်းခရိုင်သည် အပူချိန် ၄၃.၄ ဒီဂရီဆဲလ်စီယပ်စ်အထိ စံချိန်ချိုးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလည်း အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတွေမှာ အပူချိန် ၃၅-၄၀ ဒီဂရီဆဲလ်စီယပ်စ်အထိ မြင့်မားခဲ့ပါတယ်။
ထို့ကြောင့် မြို့တော်ဟနွိုင်းအစွန်အဖျားရှိ ထန်းသန်းရပ်ကွက်တစ်ခုမှ လယ်သမားများသည် လယ်ယာလုပ်ငန်းများကို ညဘက်တွေမှာ ပြောင်းလုပ်လာကြပါတယ်။
အသက် ၄၀ အရွယ်လယ်သမားတစ်ဦး၏ပြောဆိုချက်အရ မနက်အစောကြီး ၂ နာရီအချိန်မှာ အိပ်ယာကထပြီး အလုပ်တွေစဝင်ကာ မနက်မိုးလင်း နေပြင်းတဲ့အချိန်မှ နားကြတယ်။ နေ့ဘက်မှာလုပ်တာထက် လုပ်ကွက်နည်းပေမယ့်လည်း နေ့ပိုင်းရဲ့အပူဒဏ်ကိုမှ မခံစားနိုင်သောကြောင့်လုပ်နေရတာပါပဲ။
ဒါဟာ သစ်တောပြုန်းတီးမှုကြောင့် အပူချိန်တိုးမြှင့်လာတာဖြစ်ကြောင်း သူထောက်ပြသွားပြီး၊ သူ့ရဲ့ ကလေးတွေကို ဤလုပ်ငန်းမှာ ဆက်ပြီးအသက်မွေးဝမ်းကြောင်း မရှာစေချင်တော့ဘူးလို့ ဆိုသွားခဲ့ပါတယ်။
အသက် ၅၀ အရွယ်ရှိ အခြားလယ်သမားတစ်ဦးကတော့ ညအချိန်၌ လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်းသည်လည်း အားသာချက်ရှိပါတယ်၊ စပါးပင်များကို အလွယ်တကူမညှိုးနွမ်းစေဘူး ပြီးတော့ ကံကောင်းစွာနဲ့ပဲ ဒီခေတ်မှာ နည်းပညာမြင့်စပါးရိတ်စက်များရှိလို့၊ မဟုတ်လို့ရှိရင် စပါးရိတ်သိမ်းတဲ့အလုပ်ကို လက်လျှော့ချင်ပါပြီ၊ ဘာလို့လဲဆိုတော့ မခံစားနိုင်လောက်အောင် နေအရမ်းပူပြင်းလို့ပဲလို့ ဆိုသွားခဲ့ပါတယ်။
##################