ရွှေတန်ချိန် ၆၀ နီးပါး ကပ်လှူပူဇော်ထားတဲ့ ကမ္ဘာ့အံ့ဖွယ် မြတ်ရွှေတိဂုံအကြောင်း မျှဝေပေးလိုက်ပါတယ်..ရွှေတန်ချိန် (၆ဝ) ဆိုရင်တော့ ယနေ့ခေတ်ကာလ တန်ကြေးနဲ့ဆို ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း
(၈ဝဝဝ) လောက်ရှိပါတယ်တဲ့…
ရွှေတိဂုံစေတီတော် (သို့မဟုတ်) ရွှေစေတီတော်ကြီးဟာ မြန်မာပြည်လို ထောင်နဲ့သောင်းနဲ့ ချီတဲ့ စေတီပုထိုးတွေ ပြည့်နှက်နေတဲ့ တိုင်းပြည်မှာ အကြီးဆုံးနဲ့အထင်ရှားဆုံး စေတီတစ်ခုပါ။
သက္ကရာဇ် (၁၅၈၆)ခုနှစ်လောက်တုန်းက ရွှေတိဂုံစေတီတော်ကြီးကို ရောက်ခဲ့ဖူးတဲ့ အင်္ဂလိပ်လူမျိုး တစ်ဦးကတော့ကမ္ဘာပေါ်မှာနှစ်လိုဖွယ်အကောင်းဆုံးနေရာပဲ” လို့ပြောခဲ့ဖူးပါတယ်။ (၃၂၆) ပေရှည်လျားတဲ့ စေတီတော်ကြီးရဲ့အမြင့် တလျှောက်ကို (၁) လက်မ မကျန် ရွှေသားနဲ့ဖုံးအုပ်ထားတာပါ။
အတိအကျ တိုင်းတာထားတာမျိုး မရှိပေမယ့် စေတီတော်ကြီးကို ဖုံးအုပ်ထားတဲ့ ရွှေသားတွေကို စုပေါင်းလိုက်ရင် (၆)တန်ကနေ တန် (၆ဝ) လောက်နီးနီး ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ရွှေတန်ချိန် (၆ဝ) ဆိုရင်တော့ ယနေ့ခေတ်ကာလတန်ကြေးနဲ့ဆို ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ဝဝဝ လောက်ရှိပါတယ်။
စေတီတော်ကြီးရဲ့ အောက်ခြေကို ရွေသားအချောင်းရေ (၈၆၈၈) ချောင်း၊ အထက်ပိုင်းကို ရွေသား အချောင်းရေ (၁၃၁၅၃)ချောင်းကိုအသုံးပြုပြီး ရွေပြားတွေအဖြစ် ကပ်ထားပါတယ်။စေတီကြီးရဲ့ ထိပ်ဆုံး စိန်ဖူးတော်မှာတော့ စိန်အလုံးရေ (၅၄၄၇)လုံး၊ ပတ္တမြား နီလာ နဲ့အခြား ရတနာပစ္စည်းပေါင်း (၂၃၁၇) ခုပါဝင်ပြီး ထီးတော်မှာလည်း ရွှေခေါင်းလောင်းငယ်ပေါင်း(၁ဝ၆၅) လုံးခန့်တပ်ဆင်ထားပါသေးတယ်။
စိန်ဖူးတော်ရဲ့ ထိပ် ဆုံးမှာတော့ (၇၆) ကာရက် ရှိတဲ့ စိန်ပွင့်ကြီး တစ်ပွင့်ကို ထည့်သွင်းပူဇော်ထားပါတယ်။ ညအခါတွေမှာတော့ကုန်းမြင့်ပေါ်မှာ တည်ရှိနေတဲ့ စေတီတော်ကြီးရဲ့ အရောင်အဝါတွေဟာ လူ
ဦးရေငါးသန်းခန့်ရှိတဲ့ ရန်ကုန်မြို့ရဲ့ ကောင်းမှာ
ထွန်းလင်းတောက်ပ လျက်ရှိနေပါတယ်။ရင်ပြင်တော်ပေါ်မှာတော့ မြောက်မြားစွာသော စေတီများ၊ ဘုရားကျောင်းဆောင်များ၊ဇရပ်များ၊ ဆင်းတုတော်များ နဲ့အခြား သာသနိက အဆောက်အအုံများစွာ ဝန်းရံတည်ရှိပါတယ်။
အများစုကိုတော့ ရွေချထားတာပါ။ ခေါင်းလောင်း များစွာလည်းရင်ပြင်ပေါ်မှာ ရှိနေပြီး တန် (၄ဝ) အလေးချိန်ရှိတဲ့သာယာဝတီမင်း ခေါင်းလောင်း လည်းအပါအဝင် ဖြစ်ပါတယ်။(၁၅) ရာစုနှစ်တုန်းက ဘုရင်မကြီးတစ်ဦး (ရှင်စောပု)က သူ့ရဲ့ခန္ဓာကိုယ် အလေးချိန်နဲ့ ညီမျှတဲ့ ရွှေသားတွေကို စေတီတော်ကြီးထံ လှူဒါန်းခဲ့တယ်လို့လဲ ဆိုပါတယ်။
ယနေ့ မှာတော့ ဘုရားဖူးများဟာ ရွှေပြားငယ် များ ဝယ်ယူပြီး စေတီတော်ကြီးမှာ ကပ်ကာ လှူဒါန်းလေ့ရှိကြပါတယ်။ရင်ပြင် ပေါ်နဲ့ကျောင်းဆောင်အချို့မှာ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ထိုင်ပြီး တရားအားထုတ်နေတဲ့ ရဟန်းတော်များကိုလည်း တွေ့ရပါတယ်။ပန်း၊ ရေချမ်း နဲ့ဆီမီးပူဇော်နေတဲ့ ဘုရားဖူးတွေကို တွေ့နိုင်သလို စေတီတော်ကြီးကိုရှိခိုးဦးချနေတဲ့ ဘုရားဖူးတွေကိုလည်း တွေ့နိုင်ပါတယ်။
နောက်ထပ်ထူးခြားတာတစ်ခုကတော့ ဘုရားဆင်းတုငယ်တွေကို ဘုရားဖူးတွေက ရေသပ္ပာယ်ခြင်းပါပဲ။ စေတီတော်ရဲ့ထောင့်တွေမှာ ဘုရားဆင်းတုငယ်တွေ ရှိနေပြီး ဘုရားဖူး တွေက ၎င်းဆင်းတုငယ်တွေကို ရေစင်သွန်းလောင်းနေကြတာပါ။အမေရိကန် သမ္မတ အိုဘားမား မြန်မာ ပြည်ကို ရောက်ရှိစဉ်ကလည်း ရွှေတိဂုံစေတီတော်ကြီးကို လာရောက်ပြီးရေသပ္ပာယ်ခြင်းကို ပြုလုပ်သွား ပါသေးတယ်။
အခြား ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ အခါကြီး ရက်ကြီးတွေမှာလည်း စေတီတော်ကြီးပေါ်မှာ သက်ဆိုင်ရာ ဘာသာရေးလှုပ်ရှားမှုနဲ့ပူဇော်ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ရွှတိဂုံစေတီတော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅ဝဝ) ကျော် ဗုဒ္ဓမြတ်စွာဘုရား
လက်ထက်ကတည်းက တည်ဆောက်ခဲ့တယ်လို့သမိုင်းများကဆိုပါတယ်။
စေတီတော်ကြီးဟာ ရာသီဥတုဒဏ်၊ စစ်ပွဲဒဏ်နဲ့ငလျင်ဒဏ် တွေကို အကြိမ်ကြိမ်ခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည် ပြုပြင် ထိန်းသိမ်းခဲ့ရပါတယ်။
စတင်တည် ဆောက်စဉ်က (၆၆) ပေအမြင့်သာရှိခဲ့ပြီး မြန်မာ ဘုရင် အဆက်ဆက်က ပြုပြင်မွမ်းမံကာ လက်ရှိအမြင့်(၃၂၆) ပေအထိ ရောက်ရှိခဲ့ ပါတယ်။
ယနေ့မှာတော့ ရွှေတိဂုံ စေတီတော်ဟာ မြန်မာပြည်ရဲ့ အမှတ်လက္ခဏာတစ်ခုအဖြစ် ရှိနေပြီး မြန်မာ ပြည်သူများရဲ့ ဗုဒ္ဓဘာသာအပေါ် နက်ရှိုင်းစွာ ယုံကြည်သက်ဝင်မှုရဲ့ပြယုဂ်တစ်ခု အဖြစ်လည်းတင့်တင့် တယ်တယ် တည်ရှိနေပါတော့တယ်။
Writer ; Kwee (Jeeptoolay)
Source ; MyanmarNote
#####################