ထက်မြက်တဲ့ မိန်းကလေးကို ချစ်သူအဖြစ် ရွေးမိရင် သေချာပေါက် တွေ့ကြုံရမယ့် အချက်များ
Yan Naing | July 7, 2020 | Love | No Comments
ထက်မြက်မှုဆိုတာကို လူတိုင်းသဘောကျတတ်ကြတာ အမှန်ပါ။ တော်တာနဲ့ ထက်မြက်တာက မတူညီသေးပါဘူး။ တော်တယ်ဆိုတာ တစ်ခုခုမှာ ထူးချွန်တာဖြစ်ပြီး ထက်မြက်တယ်ဆိုတာကတော့ အရာရာကို သေချာစီမံလုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်မိတဲ့အခါ သေချာပေါက် တွေ့ကြုံရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
နားလည်ပေးမှု
shutterstock/ HTeam
ထက်မြက်တဲ့ မိန်းကလေးတိုင်းက ကိုယ့်ချစ်သူအပေါ် နေရာတကာ လိုက်အူတိုမနေတတ်ပါဘူး။ သူတို့က ဘယ်နေရာမှာ ထိန်းချုပ်ရမယ်၊ ဘယ်နေရာမှာ လိုက်လျောသင့်တယ်ဆိုတာကို ကောင်းကောင်းနားလည်ထားကြပါတယ်။ ဆက်ဆံရေးတစ်ခုမှာ နားလည်မှုက အရေးပါတယ်ဆိုတာကို သိပြီး နှစ်ဦးနှစ်ဖက် နားလည်မှုတွေ ထားတတ်ကြသူတွေပဲ ဖြစ်ပါတယ်။
ထောက်ပံ့ပေးမှု
ထက်မြက်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူရဲ့ လိုအပ်ချက်တွေကို ဘေးနားကနေ ထောက်ပံ့ပေးတတ်သူပါ။ ကိုယ့်ချစ်သူကို ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ရောက်အောင် တွန်းအားပေးတတ်သလို အခြေအနေအရပ်ရပ်ကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာမျိုး အကြံပေးတတ်ကြပါတယ်။
မွ်တမႈ
shutterstock/Potential Filmmaker
ဒီလို မိန်းကလေးတွေက ဆက်ဆံရေးတစ်ခုမှာ မျှတမှုရှိတဲ့ အခြေအနေမျိုးကိုပဲ ကြိုက်တတ်ကြပါတယ်။ အချစ်ရေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းတဲ့ဆက်ဆံရေး ဖြစ်သင့်ပြီး ဝန်ထုပ်ဝန်ပိုး သဘောမျိုးဖြစ်တာမျိုးတွေ မကြိုက်ပါဘူး။ ဥပမာ – ကိုယ့်ကိုယ် နေရာတကာ လိုက်ချုပ်ချယ်နေတာတွေကို မကြိုက်သလို ကိုယ်ကလည်း နားလည်ပေးနိုင်တဲ့ ကိစ္စတွေကို နားလည်ပေးတတ်တာမျိုးပေါ့။ ဒီလို မျှတတဲ့ ဆက်ဆံရေးကမှ ရေရှည်ခိုင်မြဲ ပျော်ရွှင်စေပါတယ်။
အချစ်တွေ
ထက်မြက်တဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ ချစ်သူအပေါ် ဘယ်လိုချစ်ခင်ရမယ်ဆိုတာကို ကောင်းကောင်း နားလည်ကြသူတွေဖြစ်ပြီး သူတို့အချစ်နဲ့ ထပ်တူညီတဲ့ အချစ်မျိုးကို လိုချင်တတ်ကြပါတယ်။ ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးတတ်ရမယ်၊ နားလည်မှုရှိရမယ်၊ လိုအပ်လာရင် ခွင့််လွှတ်တတ်ရမယ်၊ တစ်ခါတစ်လေ ပျော်စရာ အချိန်လေးတွေ ဖန်တီးရမယ်ဆိုတာမျိုးတွေကို သိနားလည်ထားတတ်သူတွေပဲ ဖြစ်ပါတယ်။
Khin