ပိုက်ဆံကို သုံးသင့်တဲ့နေရာ ( ၅ ) မျိုး နဲ့ မသုံးသင့်တဲ့နေရာ( ၅ ) မျိုး
ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။
ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့
၁။ အီလက်ထရောနစ် ပစ္စည်းများ
ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။
၂။ အိမ်အလှဆင် ပစ္စည်းများ
လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။
၃။ Fancy လက်ဝတ်ရတနာများ
လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။
၄။ အသစ်အသစ်သော fashion ပစ္စည်းများ
အရာအရာတိုင်းအသစ်အသစ်တွေထွက်နေသလိုဒီ fashion အသုံးအဆောင်တွေဟာလည်းပိုလို့တောင်ထွက်ရှိနေပါသေးတယ်။သဘောကျတိုင်း၊အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။
၅။ ကားများ
ကားတွေဟာလည်းအလွန်အမင်းဝယ်ယူသင့်တဲ့အရာထဲမှာမပါပါဘူး။ဒီနေ့ဝယ်လိုက်တဲ့ကားဟာမနက်ဖြန်မှာမော်ဒယ်အောက်သွားပါပြီ။ ကိုယ်ဝယ်စဉ်ကဈေးကြီးကြီးပေးဝယ်ခဲ့တဲ့ဒီအရာတွေဟာမစီးချင်လို့ပြန်ရောင်းတဲ့အခါမှာအလွန်အမင်းဈေးကျသွားတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒါကြောင့် ဒီအရာတွေအတွက်လည်း ငွေအရမ်းကြီး မသုံးသင့်ပါဘူ
ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုးကတော့
၁။ ပညာရေး
ကျွန်တော်တို့ဘဝတွေ တစ်ဆင့်ကနေ တစ်ဆင့်တိုးတက်ဖို့ အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ပညာ အသီးသီးကို ကျွန်တော်တို့လိုအပ်ကြပါတယ်။ တစ်ချို့သင်တန်းတွေဟာ ဈေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက်လိုအပ်တယ်ဆိုရင်တက်သင့်ပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံကိုချွေတာနေဖို့မလိုအပ်ပါဘူး။
၂။ ခရီးသွားခြင်း
ခရီးတစ်ခုသွားရင် ပိုက်ဆံတော်တော်ကုန်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုခရီးထွက်ခြင်းက စိတ်ကိုအပန်းပြေစေတဲ့အပြင် ကုန်သွားတဲ့ပိုက်ဆံထက်ပိုပြီး တန်ဖိုးရှိတဲ့ လွတ်လပ်လန်းဆန်းခြင်းနဲ့ ဒေသန္တရ ဗဟုသုတတွေ၊အတွေးအခေါ်သစ်တွေကိုပါ ရရှိစေနိုင်တဲ့အတွက်ဒီနေရာမှာလည်း ပိုက်ဆံကိုသုံးဖို့လိုအပ်ပါတယ်။
၃။ ဂီတ
ဂီတဆိုင်ရာတူရိယာ တစ်ခုခုတီးဖို့ သင်ကြားဖို့ပဲဖြစ်ဖြစ်၊သီချင်းခွေနဲ့အခြားဂီတဆိုင်ရာ ပစ္စည်းတွေ ဝယ်တဲ့နေရာမှာတော့ ပိုက်ဆံကိုသုံးသင့်ပါတယ်။ ကျွန်တော်တို့တတွေ အမြဲတမ်းအလုပ်ချည်းပဲ လုပ်နေလို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ စိတ်အပန်းပြေစေဖို့အတွက် ဂီတဟာ မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဒီနေရာမှာလည်း သင့်ပိုက်ဆံကို သုံးလိုက်ပါ။
၄။ စာအုပ်များ
စာအုပ်တွေဟာ ရတနာတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။ဒီစာအုပ်တွေထဲကနေ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သုတ ရသ တွေကိုရရှိနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေဝယ်ဖို့အတွက်သင့်ရဲ့ငွေကိုသုံးလိုက်ပါ။
၅။ ကျန်းမာရေး
ကျန်းမာရေးဟာ ကျွန်တော်တို့ဘဝအတွက် အရေးကြီးဆုံးအရာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ သင်တန်းတစ်ခုခုတက်တာပဲဖြစ်ဖြစ်၊ဆေးဝါးနဲ့အခြားကျန်းမာစေမယ့် အစားအစာတွေစားတာပဲဖြစ်ဖြစ် ဝယ်ယူတဲ့နေရာမှာလည်း ပိုက်ဆံကိုအသုံးချသင့်ပါတယ်။
unicode

May 19, 2020 Admin Knowledge 0